မျက်နှာပြင် နှစ်ဖက်ပါတဲ့ Yota Phone ဒုတိယ မျိုးဆက်ကို Mobile World Congress မှာ ပြသလိုက်ပါတယ်။ ရုရှား Company က ထုတ်လုပ်တာဖြစ်ပြီး တစ်ဖက်မှာ ငါးလက်မအရွယ် AMOLED Display တပ်ဆင်ထားပြီး အခြား တစ်ဖက်မှာ ၄.၇ လက်မအရွယ် E-Paper Display တပ်ဆင်ထားပါတယ်။ ဒုတိယ မျက်နှာပြင် က အမြဲပွင့်နေမှာဖြစ်ပေမယ့် ဘက်ထရီ အလွန်ကုန်စေခြင်း မရှိဘူးလို့ သိရပါတယ်။ ဒုတိယ မျက်နှာပြင်ကနေ Notification များနဲ့ အခြား အရေးကြီး သတင်းအချက်အလက်များကို သိနိုင်မှာ ဖြစ်ပါတယ်။ တစ်ခါအားသွင်းထားရင် နာရီငါးဆယ်ကြာ အသုံးခံပါတယ်။
EPD Display ဟာ ပထမမျိုးဆက်မှာထက် Resolution ပိုမိုကောင်းမွန်ပြီး Pixel သိပ်သည်းဆများပြားပါတယ်။ အမှောင်ထဲမှာ အသုံးပြုနိုင်ဖို့ မီးအလင်းရောင်ထည့်သွင်းပေးထားပါတယ်။ နေရောင်ထဲမှာလည်း အသုံးပြုနိုင်ပါတယ်။
“ အနာဂတ်စမတ်ဖုန်းများမှာ မျက်နှာပြင် ပိတ်ထားခြင်းမရှိဘဲ အမြဲဖွင့်ထားတဲ့ နည်းပညာ ဟာ ခေတ်စားလာမှာဖြစ်ပါတယ်။ အခုထုတ်လုပ်လိုက်တဲ့ Yota Phone က အဲဒီနည်းပညာ ကို အသုံးပြုထားပါတယ်။ ထိတွေ့မျက်နှာပြင်နှစ်ခုကို အသုံးပြုထားတာ ဖြစ်လို့ Yota Phone ဟာ နှစ်ဆ ပိုမို စမတ်ကျလာမှာ ဖြစ်ပါတယ်။ နှစ်ဆအသုံး၀င်လာမှာလည်းဖြစ်ပါတယ်။ “ လို့ CEO ဖြစ်သူ Vlad Martynov က ပြောပါတယ်။
Yota Phone 2 မှာ Quad-Core Qualcomm Snapdragon 800 Processor တပ်ဆင်ထားပြီး ကြိုးမဲ့အားသွင်းစနစ် ပါရှိပါတယ်။ NFC အသုံးပြုနိုင်ပြီး Anti-Theft နည်းပညာလည်း ပါရှိပါတယ်။
အောက်တိုဘာလ ကနေ ဒီဇင်ဘာလအတွင်း မှာ ဥရောပ ၊ အရှေ့အာရှ ၊ ရုရှား နိုင်ငံများမှာ စတင်ရောင်းချပေးမှာဖြစ်ပါတယ်။ အမေရိကန် နဲ့ အာရှနိုင်ငံများမှာတော့ ၂၀၁၅ ခုနှစ်မှာ စတင်ရောင်းချပေးမှာဖြစ်ပါတယ်။ ရောင်းချမယ့် ဈေးနှုန်း ကိုတော့ မသိရသေးပါဘူး။ Yota Phone ပထမမျိုးဆက်ကို ဒုတိယ မျိုးဆက်နဲ့ လဲလှယ်နိုင်မယ့် အစီအစဉ်များလည်း ပြုလုပ်ပေးမယ်လို့ Company က ပြောပါတယ်။