News

တန်ဖိုးနည်း BlackBerry Z3 စမတ်ဖုန်း

BlackBerry က Foxconn နဲ့ ပူးပေါင်းပြီး ဈေးသက်သာတဲ့ BlackBerry 10 စမတ်ဖုန်းကို ထုတ်လုပ်မယ်လို့ မကြာမီက ကြေညာထားပါတယ်။ BBin မှ ထွက်ပေါ်လာတဲ့ သတင်းအရ BlackBerry Z3 မှာ ငါးလက်မ qHD Display တပ်ဆင်ထားမှာဖြစ်ပြီး 960×540 Pixels Resolution ပါရှိပါတယ်။ 1.2GHz Dual-Core Processor မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ 1.5GB RAM ပါရှိပါမယ်။ အနောက်ဘက်မှာ 5 Megapixel Camera နဲ့ LED Flash တပ်ဆင်ထားပါတယ်။ 1.1 Megapixel Camera ကို မျက်နှာချင်းဆိုင်မှာ တပ်ဆင်ထားပါတယ်။ 3.5mm Audio Jack ပါရှိပါတယ်။ 3G, WiFi, Bluetooth, GPS တို့ ပါရှိပါတယ်။ 8GB Internal Storage နဲ့ Memory Card Slot ပါရှိပါတယ်။ 2650mAh Battery တပ်ဆင်ထားပါတယ်။

N4BB ကလည်း အဲဒီဖုန်းရဲ့ ဓာတ်ပုံတွေကို ထုတ်ဖော်ပြသခဲ့ပြီး ဖုန်းကို ရှုထောင့်ပေါင်းစုံမှ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်မှာ စပီကာ တပ်ဆင်ထားပါတယ်။ ဖုန်းရဲ့ ဒီဇိုင်းက တန်ဖိုးကြီးစမတ်ဖုန်းလို ခန့်ညားပေမယ့် ဈေးသက်သာမှာ ဖြစ်ပါတယ်။ BBin ရဲ့ သတင်းအရ BlackBerry Z3 ကို အိန္ဒိယ ရူပီးတစ်သောင်းကနေ တစ်သောင်းသုံးထောင် အတွင်းရောင်းချ ပေးမှာဖြစ်ပါတယ်။ ဒီလ (၂၄) ရက်မှာ ဘာစီလိုနာမြို့တွင် ပြုလုပ်မယ့် Mobile World Congress မှာ BlackBerry Z3 ကို ထုတ်ဖော်ပြသမယ်လို့ မျှော်လင့်ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *