Apps

ကလေးတို့ရေ နွေရာသီမှာ ပျော်ကြရအောင်

ကွန်ပျူတာခေတ်မှာ ကလေးများရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေဖို့ အလွယ်တကူ စာသင်ကြားပေးနိုင်ပါတယ်။ ကလေးများလည်း အပျင်းပြေ ပျော်ရွှင်ကြရတာပေါ့။ ဆော့ဖ်ဝဲတွေ အများကြီးရှိတဲ့အထဲက ကောင်းမယ်ထင်တဲ့ ဆော့ဖ်ဝဲများကို ညွှန်းပေးပြောပေး တာပါနော်။ အခု KIDware (www.kidware-software.com) က ထုတ်လုပ်တဲ့ Early Learning (share ware) လေးက ကလေးများကို စိတ်ဝင်တစား စာသင်ယူကြပါလိမ့်မယ်။

ဆော့ဖ်ဝဲလေးကတော့ အသက် ၃ နှစ်ကနေ ၇ နှစ်အထိ ကလေးများအတွက်လို့ ဖော်ပြထားပြီး ၄င်းတွင် ပညာရေးဆိုင်ရာ program ၁၅ ခုပါဝင်ပါတယ်။ ဒါပေမယ့် အခမဲ့စမ်းသပ်သုံးတဲ့အခါ program ၁၀ ခုသာ သုံးနိုင်မှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မနည်းပါဘူး။ ဝယ်မယ်ဆိုရင်တော့ ၁၄.၉၅ ဒေါ်လာကျသင့်ပြီး ၁၅ ခုလုံး အပြည့်အဝရရှိမှာ ဖြစ်ပါတယ်။ သင်ကြားပုံတွေကိုပါ ပြောပြရရင် ‘Letter Fun’ သည် a, b, c, d စာလုံးများကို ပုံပြအသံထွက်နဲ့ သင်ပေးပြီး a, b, c, d စာလုံးအခြေခံကို ပိုင်နိုင်စွာ နားလည်စေနိုင်ပါတယ်။ “Telling Time” သည် အချိန်နာရီကို သင်ပေးပါတယ်။ ‘Counting Fun’ သည် ကိန်းများကို နားလည်စေပြီး အခြေခံ တွက်ချက်တတ်ဖို့ ဖြစ်ပါတယ်။ ‘Colours & Shapes’ သည် အရောင်နဲ့ ပုံသဏ္ဌာန်အကြောင်းရဲ့ သင်ခန်းစာဖြစ်ပါတယ်။ ‘Matching Fun’သည် ဂိမ်းအသွင် သင်ယူစေခြင်း ဖြစ်ပြီး ‘Early Math’ သည် သင်္ချာတွက်ချက်ရာမှာ စိတ်ဝင်စားစေဖို့ ဖြစ်ပါတယ်။ ‘Tic Tac Toe’ ကလည်း ကွန်ပျူတာနဲ့အပြိုင် ကစားဖို့ပါ။ ‘Card Fun’, ‘Barnyard Fun’, ‘Treasure Mase’, ‘Memory Game’, ‘Balloon Papper’ စသည့် ကလေးများ စိတ်ဝင်စားဖွာ် သင်ကြားရေးနည်းများလည်း ပါဝင်ပါသေးတယ်။ အပျင်းလည်းပြေ ပညာလည်းတတ် ပျော်ရွှင်မှုလည်း ရရှိနိုင်မယ်လို့ ကျွန်မ ယူဆမိပါတယ်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *