Mobile, Review

ပြည်တွင်းကို ၂၀၁၃ နှစ်၀က်လောက်မှ ရောက်ရှိလာမယ့် ZTE Smartphone အသစ်

ယခုလက်ရှိ နိုင်ငံတကာမှာ ခေတ်စားနေတဲ့ ဖုန်းတွေထဲမှာ ZTE ဖုန်း အမျိုးအစားတွေလဲ အပါအ၀င် ဖြစ်ပါတယ်။ Android Version အမြင့်တွေကို သုံးထားတယ်။ Touch သုံးရတာလည်း မြန်ဆန် သွက်လက်တယ်။ Screen Size တွေလည်း မျိုးစုံ ရှိတယ်။ အဲဒီအထဲကနေ ရေးပန်းအစားဆုံးနဲ့ ဒီဇိုင်း အဆန်းဆုံး စမတ်ဖုန်း တစ်လုံးကို ဖော်ပြပေးပါမယ်။ ZTE Grand X LTE (T82) စမတ်ဖုန်းလေးပါ။ လက်ရှိမှာတော့ သြစတြေးလျမှာသာ သီးသန့် ရောင်းချနေတဲ့ ZTE မော်ဒယ်သစ် စမတ်ဖုန်းတစ်လုံး ဖြစ်ပြီး ပြည်တွင်းကိုတော့ ၂၀၁၃ ခုနှစ် နှစ်၀က်လောက်မှ ရောက်ရှိလာမယ်လို့ သိရပါတယ်။ နည်းပညာသစ် စမတ်ဖုန်းတွေကို စိတ်၀င်စားကြတဲ့ ပရိသတ်ကြီးတွေအတွက် ကြိုတင် ခံစားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

အရွယ်အစား
ZTE Grand X LTE (T82) စမတ်ဖုန်းကို ၂၀၁၂ ခုနှစ် ဂျူလိုင်လမှာ မိတ်ဆက်ပေးခဲ့ပြီး နို၀င်ဘာလပိုင်းမှာမှ ထုတ်လုပ်ဖြန့်ချိခဲ့တာပါ။ ဒီဇိုင်းပုံစံ ရှည်မျောမျော ပုံသဏ္႑ာန် ရှိပါတယ်။ Screen Sizeက ၄.၃ လက်မရှိတဲ့အတွက် Samsung Galaxy S2ရဲ့ Sizeနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ဖုန်းရဲ့ အရှည်က 131mm နဲ့ အလျား 65mm ရှိတာကြောင့် S2ထက် ပိုရှည်သယောင် ထင်ရပါတယ်။

Single-Chip ကိုသာ သုံး
0.28 nm နည်းပညာကို အခြေခံပြီးတည်ဆောက်ထားတဲ့ နောက်ဆုံးပေါ် Qualcomm MSM8960 Chip တစ်ခုတည်းကိုသာ အသုံးပြုထားပါတယ်။ ဒါ့ကြောင့် အခြား မိုဘိုင်းဖုန်းတွေနဲ့ ယှဉ်ကြည့်လိုက်တဲ့ Single-Chipသာ သုံးထားတဲ့ စမတ်ဖုန်းက စွမ်းအင် ပိုမို ပြည့်၀ပြီး အသုံးပြုရတာ ပိုပြီး မြန်ဆန် သွက်လက်တယ်လို့ သိရပါတယ်။

Network အမျိုးအစား
အသုံးပြုနိုင်တဲ့ Networkတွေကတော့ GSM 2G Network, 3G Networkတွေအပြင် 4G Network တွေကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Android OSကို အသုံးပြုထားပြီး Versionက 4.0 Ice Cream Sandwichကို ထည့်သွင်းပေးထားပါတယ်။

ကင်မရာ အရည်အသွေး
ကင်မရာ အရည်အသွေးကလည်း 8MP ရှိတယ်ဆိုတော့ S2 နဲ့ ယှဉ်နိုင်ပါသေးတယ်။ ကင်မရာက AutoFocus ချိန်ညှိနိုင်တဲ့ စနစ်တွေ၊ အလင်းရောင် နည်းပါးတဲ့ အချိန်မှာ အလင်းပေးနိုင်မယ့် LED Flashတွေ အပြင် Geo-tagging Function တွေကိုလဲ အသုံးပြုနိုင်မှာပါ။ Video Chatတွေ ပြုလုပ်နိုင်တဲ့အပြင် ဓာတ်ပုံရိုက်တဲ့ အခါမှာ Face-to-Face ရိုက်ကူးနိုင်ဖို့အတွက် အကောင်းဆုံး အကူအညီပေးနိုင်မယ့် 1.3 MP ရှိတဲ့ ရှေ့ပိုင်း ကင်မရာ တစ်လုံးကိုလည်း တပ်ဆင်ပေးထားပါသေးတယ်။ ကင်မရာ စွမ်းရည်ပိုင်းကတော့ အသုံးပြုသူတွေကို ကျေနပ်စေလိမ့်လို့ ထင်ပါတယ်။

Connectivity & Storage
အခြား Deviceတွေန့ဲ ချိတ်ဆက်ဖို့အတွက်တော့ Wi-fi 802.11b/g/n, Bluetooth, GPRS, EDGEတွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Dataတွေ သိမ်းဆည်းနိုင်ဖို့ အတွက်တော့ 4 GBကို Internal ထည့်သွင်းပေးထားတဲ့အပြင် Card slot ပါ၀င်တာကြောင့် Memoryကို 32 GBအထိ တိုးချဲ့နိုင်ပါသေးတယ်။ အရောင်ကိုတော့ အဖြူနဲ့ အနက်ဆိုပြီး အရောင် နှစ်ရောင် ထုတ်လုပ်ပေးထားပါတယ်။ ဈေးနှုန်းကိုတော့ အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *