Opinion

ကြိုက်သလောက်သုံး၊ ကျသလောက်ပေး ဆိုတာကို Unlimited Data Usage Planဟု ခေါ်ပါသည်ဆိုသော Volume-based Charging စံနစ်အသစ်

Volume-based Charging

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁ရက်နေ့တွင် မြန်မာ့ဆက်သွယ်ရေးသည် နိုင်ငံတကာတွင် ကျယ်ပြန့်စွာ အသုံးပြုနေသော စနစ်ဖြစ်သည့် Volume-based Charging စနစ်ကို စတင် အသက်၀င်စေ မည်ဟု နေ့စဉ်သတင်းစာများ၌ ကြေညာထားသည်။ ထိုနေ့သည် မြန်မာ့ဆက်သွယ်ရေး ကမ္ဘာ့အဆင့်မီသွားပြီ ဖြစ်သည်။

စွမ်းအင်အတွက် ကောင်းသည်။

ယခုအခါ GSM ဖုန်းလိုင်းဖြင့် အင်တာနက် အသုံးပြုသူ အများစု ကြုံတွေ့နေရသည့် ပြဿနာမှာ ယာဘက်မှ ပုံအတိုင်းဖြစ်သည်။ Download ပြုရသည့် နှုန်းသည် 0 kbps ဖြစ်သည်။

တက်ချင် တက်လာမည်။ ကျနေသည်က များသည်။

သီချင်းတစ်ပုဒ် Download ဆွဲရန်အတွက် အကြမ်းဖျင်းအားဖြင့် နိုင်ငံတကာ စံနှုန်းအရ ၁မိနစ်ဖြင့် ပြီးသည်။ သီချင်းတစ်ပုဒ် 3MB ရှိသည်ဖြင့် ယေဘုယျ တွက်ချက်သည်။ ယခုလက်ရှိ မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာမှာ ကျယ်ပြန့်စွာ အသုံးပြုနေသည့် စံနစ်ကို အသုံးပြုတော့မည်ဟု ဆိုသဖြင့် အလွန် စိတ်လှုပ်ရှားရသည်။

သို့သော်
အသုံးပြုသူ အများစုမှာ 0 kbpsဖြင့် မကြာခဏ ဒေါင်းလုပ်ဆွဲရသည့်အတွက် သီချင်းတစ်ပုဒ်တည်းကို တစ်နေကုန် ဆွဲလို့ ပြီးမည် မဟုတ်တော့ချေ။

ထို့ကြောင့်
ကြိုက်သလောက် ဒေါင်းလုပ်ဆွဲ၊ အင်တာနက်မြန်နှုန်း မရှိ၍ ဆွဲမရသည့်အတွက်ကြောင့် ကျသလောက်မှာ တစ်ပြားမှ မရှိသဖြင့် ပေးစရာ မလိုတော့ချေ။

သို့ပေမယ့်
ကုန်ကျမည်၊ ပိုက်ဆံရမည်မှာ စွမ်းအင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၁မိနစ်လောက်နှင့် ဒေါင်းလုပ် ဆွဲလို့ရသည်ကို တစ်နေကုန် ဆွဲနေသည့်အတွက်ကြောင့် မိုဘိုင်းဖုန်းမှ ဘက်ထရီ ကုန်မည်။ ခဏ၊ ခဏ ဘက်ထရီ အားပြန်ဖြည့်နေရ၍ လျှပ်စစ်မီး၊ လောင်စာဆီများအတွက် အခကြေးငွေ ပိုပေးရမည်။
အရင်စနစ်ဖြစ်သည့် Time-based Charging အရဆိုလျှင်တော့ ဒေါင်းလုပ်ဆွဲလို့ကို မပြီးတော့သည့်အတွက်ကြောင့် ပြည်သူလူထုမှာ ပိုက်ဆံ ကုန်ကျမှုတွေ အလွန်များပြီး အင်တာနက်ရဲ့ အကျိုးကျေးဇူးကို အပြည့်အ၀ မခံစားရပေ။

ထို့ကြောင့်
ယခုလို တိုင်းကျိုး၊ ပြည်ကျိုး ဦးထပ်ထားကာ အများပြည်သူ အင်တာနက်ပေါ်မှတဆင့် ဗဟုသုတ အထွေထွေ ရရှိနိုင်စေရေးအတွက် ဒေါင်းလုပ် ဆွဲနှုန်းကောင်းအောင် မကြိုးစားပဲ နိုင်ငံတကာ စံနစ်အသစ်ဖြစ်သည့် ပြည်သူများလည်း တစ်ပြားမှ အကုန်အကျ ခံစရာ မလိုတော့သည့် စနစ်အသစ်ကို မိတ်ဆက်ပေးသည့်အတွက် များစွာ ဂုဏ်ယူမိသည်။

အဆင့်မြင့် Planများ

Plan A, Plan B, Plan Cဟု သတ်မှတ်ထားသည်။ လေ့လာကြည့်ပါက ဘယ် Plan သုံးသုံး ကြိုက်သလောက် သုံးနိုင်သည်။ ထို့ကြောင့် Plan A တစ်ခုတည်းသာ Unlimited Plan မဟုတ်ပဲ Plan B, Plan C များပါ ဈေးနှုန်း တူစွာဖြင့် 100 KBကို ကျပ်ငွေ ၂ ကျပ် ဖြင့် ပေးဆောင်ရခြင်းကြောင့် ဖြစ်သည်။

ခေါ်ေဝါ်သင့်သည်မှာ Plan B နှင့် Plan Cကို နိုင်ငံတကာ စံနှုန်းအတိုင်း Cap Plan (သို့) Limited Planဟု ခေါ်ေဝါ် သုံးနှုန်းသင့်သည်။

Plan B အရ 200MB (သို့) Plan C အရ 1GB အထိသော်လည်းကောင်း၊ ဒေါင်းလုပ်ဆွဲရန် Limit ချူပ်ထားပြီး ပြည့်ခါနီး၌ နိုင်ငံတကာ စံနှုန်းအတိုင်း မိုလ်ဘိုင်းဖုန်း ပိုင်ရှင်ထံသို့ Text Message ပို့မည်ဟု ဖော်ပြထားသင့်သည်။ Cap/Limit အသုံးပြုလို့ ရောက်သည်၊ မရောက်သည်ကိုလည်း ကြည့်ရှုရန် Applicationများ ရှိသင့်သည်။ ဥပမာ- MPT iPhone App, Android App အစရှိသည်ဖြင့် ရှိပြီး မိမိ ဒီလ ဘယ်လောက်ထိ ဒေါင်းလုပ် ဆွဲပြီး သွားသည်ကို နေ့စဉ်နှင့်အမျှ လိုချင်သည့်အချိန်တိုင်း ကြည့်ရှုနိုင်ရန် ဖြစ်သည်။

အကြောင်းအရာ

ယခုအခါ တိုင်းပြည်ကြီး၌ ကမ္ဘာ့အဆင့်မီ၊ နိုင်ငံတကာ အဆင့်မီဆိုပြီး ပစ္စည်းအသစ်၊ စနစ်အသစ်များကို ကုမ္ပဏီအများစုမှ မိိတ်ဆက်လေ့ရှိကြသည်။ အသစ်ဆိုရာတွင် အဟောင်းထက် ကောင်းသည်သာ ဖြစ်သင့်သည်။ ပိုမို အဆင်ပြေစေရမည်။ အသုံးတည့်ရမည်။ အသစ်အတွက် ကြိုတင် ပြင်ဆင်ထားမှုများကို ရှင်းပြနိုင်ရမည်။
ဤစာကို ရေးသားရခြင်းမှာ အင်တာနက် စာမျက်နှာများပေါ်တွင်လည်းကောင်း၊ Smart Phone အသုံးပြုသူ အများစု သော်လည်းကောင်း၊ ေ၀ခွဲမရပဲ အပြောများနေခြင်းကြောင့် ဖြစ်သည်။ စာရေးသူမှာလည်း နိုင်ငံတကာမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူများ၏ အတွေ့အကြုံတွေကို ပြန်လည် ဖလှယ်၍ ရေးသားရခြင်း ဖြစ်သည်။ မှားတာ ပါကောင်း ပါနိုင်၏။

အကောင်း

ဤစံနစ်သစ်သည် ဈေးနှုန်းအားဖြင့် သုံးသပ်ရလျှင် အင်တာနက်မြန်နှုန်း ကောင်းသည်ဆိုပါက ဖြစ်သင့်သည်။ တန်သည်ဟု ဆိုရမည်။ မိုလ်ဘိုင်းဖုန်းအတွက် အင်တာနက် အသုံးပြုမှုမှာ တိုးတက်ပြီးသော နိုင်ငံအများစု၌မှာ တစ်လကို 1G ဒေါင်းလုဒ်ဆွဲလို့ ရသည်ဆိုလျှင် Facebook နှင့် Email ကို နေ့စဉ်အသုံးပြုသူတစ်ဦးအတွက် လုံလောက်ပေမည်။ (မှတ်ချက် – Facebook မှာ သီချင်းတွေ၊ ဗီဒီယိုတွေ နေ့စဉ်နှင့်အမျှ မကြည့်သူများအတွက်)

အဆိုး

သို့သော် Ping ခေါ်မရ၊ မြန်နှုန်းမဲ့နေသေးသည့် ယနေ့လို အချိန်မျိုးတွင် ဤစံနစ်သည် အသုံးပြုသူအတွက်ရော၊ ရောင်းချသူအတွက်ပါ အလကားပင် ဖြစ်သည်။ စိတ်မ၀င်စားသူ များမည်။

ဆိုလိုချင်သည်က

စနစ်အသစ် ကြော်ငြာခြင်း မပြုမီ စနစ်သစ်အတွက် ပြင်ဆင်မှုများကို အသုံးပြုသူများအတွက် ရည်ရွယ်၍ ပြင်ဆင် ပြီးဆုံးမှသာ မိတ်ဆက်သင့်သည်။ ထိုမှသာ တခဲနက် အားပေးမှုကို ရရှိမည်။ လက်ရှိမှာတော့ ကော်နက်ရှင် လွှင့်ထုတ်ပေးသည့် ပတ်၀န်းကျင်မှာ နေထိုင်ကြသူ လက်တစ်ဆုပ်စာအတွက်သာ ကောင်းမွန်သည်။ မြန်နှုန်းကောင်းမွန်အောင် လုပ်ဆောင်ဖို့ ပြည်သူ့ပိုက်ဆံလိုလျှင် ဒီစနစ်သည် ‘ကြိုက်သလောက်သုံး၊ ရစရာ မရှိ’ ဖြစ်လိမ့်မည်ဟု ဆိုနိုင်သည်။ အခြားဘက်မှ ကြည့်လျှင်လည်း အထက်မှ လူကြီးများ သဘောကျဖို့အတွက်၊ နားမလည်သေးသော အသုံးပြုသူ အများစုရဲ့ ချီးမွှန်းခံဖို့အတွက် ရည်ရွယ်ချက် တစ်ခုသာ မရှိသင့်ပဲ၊ ‘တကယ် သုံးလို့ ရသည့် အင်တာနက် မြန်နှုန်းကိုသာ ပေးပါတော့’ဟု ဆိုလိုချင်သည်။

Leave a Reply

Your email address will not be published. Required fields are marked *