News

ZTE က Open C နဲ့ Open II Firefox OS စမတ်ဖုန်းများကို ကြေညာ

ZTE က ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်တွင် ပြုလုပ်ခဲ့တဲ့ Mobile World Congress တွင် Mozilla Firefox OS ကိုအသုံးပြုထားတဲ့ ZTE Open စမတ်ဖုန်းကို ကြေညာခဲ့ပါတယ်။ ဒီနှစ်မှာတော့ Firefox OS ကို အသုံးပြုထားတဲ့ Open C နဲ့ Open II စမတ်ဖုန်း အသစ်(၂)လုံးကို ထပ်မံကြေညာခဲ့ပါတယ်။

Open C တွင် ၄.၀ လက်မ အရွယ် WVGA (800×480) Display တပ်ဆင်ထားပါတယ်။ Dual-ore 1.2GHz MSM8210 Qualcomm Snapdragon 200 Processor တပ်ဆင်ထားပြီး 512MB RAM, 4GB Internal Memory ပါရှိပါတယ်။ 3 Mega-pixel Camera တပ်ဆင်ထားပြီး 3G ဆက်သွယ်မှု အသုံးပြုနိုင်ပါတယ်။ Battery ကတော့ 1400mAh ဖြစ်ပါတယ်။ Open C ကို ဗင်နီဇွဲလားနိုင်ငံ Telefónica မြို့ နဲ့ ဥရုဂွေးနိုင်ငံတို့တွင် ၂၀၁၄ ခုနှစ် ဧပြီလနှင့် ဇွန်လများအတွင်းမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Open II တွင် ၃.၅ လက်မအရွယ် HVGA(480×320) Display နဲ့ Dual-Core 1.2GHz MSM8210 Qualcomm Snapdragon 200 Processor တပ်ဆင်ထားပါတယ်။ 256MB RAM နဲ့ Internal Memory 2GB ပါရှိပါတယ်။ 2 Megapixel Camera, 3G ဆက်သွယ်မှု အသုံးပြုနိုင်ပြီး 1150mAh Battery တပ်ဆင်ထားပါတယ်။

ZTE က ဒီနှစ်ထဲမှာ စမတ်ဖုန်း အလုံးရေ (၁) သန်းခန့် ရောင်းချနိုင်ဖို့ စီစဉ်ထားပါတယ်။ ၄.၅ လက်မ အရွယ် Firefox စမတ်ဖုန်းကိုလည်း ၂၀၁၅ ခုနှစ်မှာ ရောင်းချမယ်လို့ သိရပါတယ်။

gsmarena_002

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *