ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဖံွ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် Business Airport အဖြစ်ဆောင်ရွက်သွားရန် နိုင်ငံတကာ စံချိန်စံညွှန်းအရ အဖွဲ့နှင့် စိစစ်ခဲ့ပြီး၊ လုပ်ငန်းရှင်များအား တင်ဒါ ခေါ်ယူဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ထိုသို့ ပြုလုပ်ရာတွင် ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင်များကို ဖိတ်ခေါ် ရှင်းလင်းခြင်း၊ ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ လေဆိပ် ဖံွ့ဖြိုးရေး စီမံကိန်းအတွက် အကြို အရည်အချင်း ဆန်းစစ်ရန် ကုမ္ပဏီများ ခေါ်ယူခြင်းနှင့် အကြိုအရည်အချင်း အောင်မြင်သော အဖွဲ့အစည်းအမည် ကြေညာခြင်း အစရှိသော လုပ်ငန်းများကို ဆောင်ရွက်သည့်အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖွံ့ဖြိုးရေး လုပ်ငန်းအတွက် ၂၀၁၃ခုနှစ်၊ မတ်လ (၁၄)ရက်နေ့တွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် တင်ဒါရှင်များ Pre-Bid Conference ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖံွ့ဖြိုးရေး လုပ်ငန်းများအတွက် တင်ဒါ တင်သွင်းမည့် နောက်ဆုံးရက်ကို ၂၀၁၃ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့အထိ သတ်မှတ်ထားပြီး၊ အဆိုပြုလွှာများ အကဲဖြတ်မှုကို ၆လပိုင်း၊ (၅)ရက်နေ့အထိ သတ်မှတ်ကာ ရွေးချယ်ခံသော တင်ဒါရှင်နှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးမှုကို စတင် ဆောင်ရွက်သွားမည်ဟု အဆိုပါ ဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို Business Airport အဖြစ်ဆောင်ရွက်သွားမည်

25
Mar
ဘယ်လိုဆောက်မလဲတော.မသိဘူး။ ရန်ကုန်ကိုလဲ
စင်ကာပူလိုဖြစ်အောင်လုပ်မယ်ဆိုပြီးတော. လှည်းတန် ဂုံး ကျော်တံတားက မီးပွိုင်
မရှိအောင် မဆောက်ပဲ တံတား တစင်းတည်းနဲ. အရုပ်ဆိုးလိုက်တာ။ ပြီးတော. လက်ရှိ
လေဆိပ်ကလဲ စင်ကာပူက ဘူတာရုံ လောက်တောင် မခန်းနားဘူး။ ခေတ်မမှီဘူး။