ကျွန်တော်တို့ VMG Telecoms Company Ltd (Y talk International Calling Card) ၏ (၂)နှစ်ပြည့် အနေဖြင့် မိဘမဲ့ကျောင်းများမှ ကျောင်းသားကလေးသူငယ် အယောက်(၃၀ဝ၀) ကို ပျော်ရွှင်စရာ ကစားစရာအစီအစဉ်များ (Happy World) စားသောက်ဖွယ်ရာ အစီအစဉ်များ နှင့်အတူ မိဘမဲ့ကျောင်းများသို့ အလှူငွေများ ပေးအပ်လှူဒါန်းမည့်ပွဲကို အောက်ပါအစီအစဉ်များအတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် မပျက်မကွက် တက်ရောက်ပေးပါရန် ဖိတ်ကြားအပ်ပါသည်။ သဒ္ဒါတစ်အားထက်သန်သော လူကြီးမင်းများ အနေဖြင့် ကလေးတစ်ယောက်ကို (၄၀ဝ၀)ကျပ်နှုန်းဖြင့် မိမိတတ်နိုင်သလောက် ပါဝင်လှူဒါန်းနိုင်ပါသည်။
ပွဲပြုလုပ်မည့်နေ့ရက် … ၂၀-၂-၂၀၁၄ (ကြာသပတေးနေ့)
ပွဲပြုလုပ်မည့်အချိန် … နံနက် (၉:ဝ၀) နာရီ မှ (၃:ဝ၀) နာရီ အထိ
ပွဲပြုလုပ်မည့်နေရာ … အမျိုးသားကဇာတ်ရုံ