အမိုက်စား Gaming ဖုန်းလေးရဲ့ Specs တွေကို ကြည့်လိုက်ရအောင်။

Processor: Qualcomm Snapdragon 8 Gen 1 (4 nm)

RAM: 8GB /12GB

Storage: 128GB /256GB

Display: 6.67″

Camera: 64MP Main / 20MP Selfie

Battery: 4700mAh, 120W Fast Charge
Redmi K50 Gaming Edition ရဲ့ 6.67” အကျယ်ရှိ မျက်နှာပြင်မှာ (2400x1080p) resolution ရှိတဲ့ OLED Display ကိုတပ်ဆင်ပေးထားလို့ ဗီဒီယိုနဲ့ Gaming ရုပ်ထွက်က အရမ်းကို သိသိသာသာ လှပပါတယ်။
120Hz refresh rate ဖြစ်တဲ့အတွက် မျက်နှာပြင်ရဲ့ချောမွေ့မှုက ဂိမ်းကစားချိန်မှာ သိသိသာသာ မြင်တွေ့ရမှာပါ။
နောက်ဆုံးပေါ် Qualcomm Snapdragon 8 Gen 1 Chipset ကိုအသုံးပြုထားတဲ့အတွက် Performance ပိုင်းကတော့ မေးခွန်းထုတ်စရာမလိုတော့ပါဘူး။
8GB /12GB LPDDR5 RAM options ထဲကရွေးချယ်နိုင်သလို 128GB /256GB internal storage options ထဲကလည်း ရွေးချယ်နိုင်ပါတယ်။
နောက်ကျောကင်မရာသုံးလုံးပါစနစ်ဖြစ်ပြီး 64MP main camera နဲ့ 8MP + 2MP secondary sensors တို့ကို တပ်ဆင်ပေးထားပါတယ်။
Selfies ဆွဲဖို့အတွက်ကိုတော့ 20MP selfie camera ကို အသုံးပြုနိုင်မှာပါ။
ဘတ္ထရီပိုင်းအတွက် 4700mAh battery ကိုတပ်ဆင်ထားပြီး 120W fast flash charge ပါဝင်တာကြောင့် မယုံနိုင်လောက်အောင် အားဝင်မြန်ဆန်သလို အားသွင်းရင်းဂိမ်းဆော့တဲ့အခါမှာလည်း အခြား Flagship ဖုန်းတွေထက် အားဝင်ပိုမြန်တာကို တွေ့ရပါတယ်။
Android 12 OS-based MIUI 13 နဲ့ အသုံးပြုရမှာဖြစ်ပြီးတော့ အခြားဖုန်းတွေထက် ပိုထူးခြားတဲ့အချက်က Gaming Experience အကောင်းဆုံးရရှိစေမယ့် Magnetic Gaming Triggers လေးတွေပဲ ဖြစ်ပါတယ်။
ဒီခလုတ်လေးတွေက ဂိမ်းကစားတဲ့အခါမှာ ပိုပြီးသက်တောင့်သက်သာရှိစေသလို ခလုတ်နှိပ်တဲ့အခါမှာလည်း ပိုမြန်စေမှာပါ။
Gaming အတွက်အထူးထုတ် စမတ်ဖုန်းဖြစ်တဲ့အတွက် အပူစွန့်ထုတ်ပေးမယ့် Heat Sink ကို အကောင်းဆုံးဒီဇိုင်းထုတ်ထားတာကြောင့် အခြား Flagship စမတ်ဖုန်းတွေနဲ့ယှဉ်ရင် ဂိမ်းကစားချိန်မှာ အပူက သိသိသာသာနည်းသလို Performance ကလည်း ပိုမိုကောင်းမွန်ပါတယ်။

Enjoy Shopping

Team ICT.com.mm