#Bluetooth ဆိုတဲ့နာမည်ဟာ ဒိန်းမတ်နိုင်ငံရဲ့ ဟိုးရှေးရှေးတုန်းက ( တစ်ဆယ်ရာစုနှစ် ) ဘုရင်တစ်ပါးဖြစ်တဲ့ 𝐇𝐚𝐫𝐚𝐥𝐝 𝐁𝐥𝐮𝐞𝐭𝐨𝐨𝐭𝐡 ကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ထိုခေတ်တုန်းက အဲဒီဘုရင်ကြီးဟာ မတူညီတဲ့ လူမျိုးစုတွေနဲ့ မတူညီတဲ့တိုင်းပြည်တွေကို အတူတကွ စည်းလုံးအောင် အမြဲလုပ်ဆောင်ပေးလေ့ရှိတာကြောင့် နာမည်ကျော်ကြားခဲ့ပါတယ်။ ဘုရင်ကြီးရဲ့ ကျော်ကြားတဲ့ လုပ်ဆောင်ချက်ကို အစွဲပြုပြီး
#Bluetooth လို့ပေးခဲ့ကြပါတယ်။ အမှန်ပါပဲ Bluetooth ဟာလည်း Device တွေ တစ်ခုနဲ့တစ်ခုကို အတူတကွ ချိတ်ဆက်မိအောင် လုပ်ဆောင်ပေးတဲ့
#Wireless နည်းပညာတစ်ခုဖြစ်ပါတယ်။ ဆိုလိုတာက ဘုရင်ကြီး 𝐇𝐚𝐫𝐚𝐥𝐝 𝐁𝐥𝐮𝐞𝐭𝐨𝐨𝐭𝐡 ရဲ့ ကျော်ကြားမှုနဲ့ သဘောတရားခြင်းတူတယ်ပေါ့ဗျာ။