Automobile, News

သီးသန့်ကိုယ်ပိုင်ဝက်ဘ်ဆိုက်ဒ် ဝန်ဆောင်မှု (White Label Websites) ကို Motors.com.mm စတင်မိတ်ဆက်

သီးသန့်ကိုယ်ပိုင်ဝက်ဘ်ဆိုက်ဒ် ဝန်ဆောင်မှု (White Label Websites) ကို Motors.com.mm စတင် မိတ်ဆက်

မြန်မာ့နံပါတ်တစ် အွန်လိုင်းမော်တော်ယာဉ် အရောင်းအဝယ်ဈေးကွက်ဖြစ်သည့် Motors.com.mm သည် သုံးစွဲသူ တစ်ဦးချင်းစီအလိုက် နည်းပညာမြင့် သီးသန့်ကိုယ်ပိုင်ဝက်ဘ်ဆိုက်ဒ် ဝန်ဆောင်မှု (White Label Website) ကို စတင်မိတ်ဆက်ပေးလိုက်ပြီ ဖြစ်သည်။

အွန်လိုင်းကားဈေးကွက်အတွင်း ယခင်က မရှိခဲ့ဖူးသည့် အဆိုပါ သီးသန့်ကိုယ်ပိုင်ဝက်ဘ်ဆိုက်ဒ် ဝန်ဆောင်မှုကို ပြည်တွင်းကားဈေးကွက်အတွင်းရှိ  Motors.com.mm နှင့်အတူ လက်တွဲလုပ်ကိုင်လျက်ရှိသည့် ကားအရောင်း အဝယ်ပြုလုပ်သူများ (အထူးသဖြင့် ကားအစီးရေများစွာ ရောင်းချလျက်ရှိသူများ)အတွက် အထူးရည်ရွယ်ပြီး ဂျာမနီရှိ ကျွမ်းကျင်အိုင်တီပညာရှင်များမှ ဖန်တီးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကားအရောင်းအဝယ် ပြုလုပ်သူများအနေဖြင့် စိတ်ကြိုက်ကိုယ်ပိုင် URL လိပ်စာ(URL Address) ဖြင့် ဝက်ဘ်ဆိုက်ဒ်တစ်ခုကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး မည်သည့် ဝက်ဘ်ဆိုက်ဒ် ဖန်တီးမှုပိုင်းဆိုင်ရာ နည်းပညာများ သိရှိ နားလည်ရန် မလိုအပ်ပဲ မိမိကိုယ်ပိုင်ဝက်ဘ်ဆိုက်ဒ်ကို လွယ်ကူစွာ စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ ကားရောင်းချသူ၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ဒ် စာမျက်နှာတွင် ကားရောင်းချသူ စိတ်ကြိုက်ပြင်ဆင် သတ်မှတ်ထားသော ကား ရောင်းချသူ (ဝါ) ကားအရောင်းပြခန်း၏ သတင်းအချက်အလက်များ၊ ရောင်းချမည့် ကားစာရင်းများ ပါဝင်မည်ဖြစ်သည်။

ကားရောင်းချသူအနေဖြင့် မိမိကားအရောင်းပြခန်း၏ လိုဂိုအမှတ်တံဆိပ်၊ အကြောင်းအရာ ဖော်ပြမှု၊ ဆက်သွယ် ရမည့်   ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံနှင့် ဖွင့်လှစ်ရောင်းချသည့် နေ့ရက် စသည့် သတင်းအချက်အလက်များကို မိမိစိတ်ကြိုက် ပြင်ဆင်သတ်မှတ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ကားရောင်းချသူများ အနေဖြင့် မိမိတို့၏ဖောက်သည် ကားဝယ်သူများကို အွန်လိုင်းတွင် တိုက်ရိုက်ရောင်းချနိုင်တော့မည်ဖြစ်သည်။

အဆိုပါဝန်ဆောင်မှုကို Motors.com.mm ကို သုံးစွဲသည့် ပြည်တွင်း ကားဈေးကွက် အတွင်းရှိ ကား အရောင်း ပြခန်းများ၊ ကားတင်သွင်းရောင်းချသူများ စသည့် ကားအရောင်းအဝယ် ပြုလုပ်သူတိုင်းကို ပေးအပ်သွားမည် ဖြစ်သည်။ ဝန်ဆောင်မှုကို ရယူလိုပါက Motors.com.mm ဖုန်းနံပါတ် ဝ၁ – ၁၂၂-၄၄၂-၆ သို့ လည်းကောင်း၊ အီးမေးလ်လိပ်စာ service@motors.com.mm သို့ လည်းကောင်း တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။ သုံးစွဲသူ တစ်ဦးချင်းစီအလိုက် နည်းပညာမြင့် သီးသန့် ကိုယ်ပိုင်ဝက်ဘ်ဆိုက်ဒ် ဝန်ဆောင်မှု Demo Version ကို အောက်ပါ ကားအရောင်းပြခန်းလင့်ခ်များတွင် လေ့လာကြည့်ရှုဖို့ အကြံပြုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *