News

UPS မှ မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုလုပ်ငန်းများအားတိုးချဲ့

UPS မှ မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုလုပ်ငန်းများအားတိုးချဲ့

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ၂၀၁၅ခုနှစ် မေလ၊ ၂၁ရက် – ယနေ့တွင် UPS® (NYSE:UPS) မှ မြန်မာနိုင်ငံသို့ လွန်ခဲ့သောနှစ်     သြဂုတ်လမှ စတင်ဝန်ဆောင်မှုပေးလာခဲ့သည့် လေကြောင်းနှင့် ရေကြောင်း ကုန်စည်ပို့ဆောင်မှု လုပ်ငန်းများကို ပြည့်စုံစေမည့်  အမြန်ချောပို့ ဝန်ဆောင်မှု (Express Delivery) နှင့် Contract Logistics ဝန်ဆောင်မှုလုပ်ငန်းများအဖြစ် ဝန်ဆောင်မှုထပ်မံတိုးချဲ့လိုက်ပြီကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။ မြန်မာနိုင်ငံသည် အဆင့်အတန်းမြင့်မားသည့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးလုပ်ငန်းသို့ တက်လှမ်းရန် ဆောင်ရွက်နေရာ ဝန်ဆောင်မှု သုံးစွဲသူများသည် စုံလင်လှသည့် ကုန်ပစ္စည်းထောက်ပံ့ ပို့ဆောင်စီမံခန့်ခွဲရေး ဝန်ဆောင်မှုများ (Logistics Solutions) ကို ယခုအသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။

UPS အာရှဖစိဖိတ်ဒေသ၊ တောင်အာရှဆိုင်ရာ ဥက္ကဋ္ဌဖြစ်သူ Jim O’Gara က “UPS အနေနဲ့လည်း နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ၊ ကမ္ဘာ့ဈေးကွက်နှ င့်ချိတ်ဆက် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများကို ဈေးကွက်ဖွင့်လှစ်ပေးလိုက်တဲ့ မြန်မာ့စီးပွားရေး အကူးအပြောင်း ကာလမှာ ပါဝင်လုပ်ကိုင်ရတော့မှာ ဖြစ်တဲ့အတွက် အလွန်ကို စိတ်လှုပ်ရှားမိပါတယ်။ စီးပွားရေးအဆက်မပြတ် ဖွံဖြိုးတိုးတက်ဖို့အတွက် ကုန်သွယ်ခြင်းက အဓိကကျတဲ့ သော့ချက်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒီလိုတိုးချဲ့လိုက်တဲ့ ဝန်ဆောင်မှုတွေဟာ စီးပွားရေးလုပ်ငန်းတွေအတွက် အပြိုင်အဆိုင် လုပ်ကိုင်နိုင်မည့် အကျိုးကျေးဇူးကို ကုန်ပစ္စည်းထောက်ပံ့ပို့ဆောင်စီမံခန့်ခွဲမှု (logistics) မှတဆင့် ဖန်တီးနိုင်အောင် အထောက်အပံ့ပေးမယ့် ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို အားသစ်လောင်းရာလည်း ကြပါတယ်” ဟု ပြောကြားခဲ့ပါသည်။

လွန်ခဲ့သော သုံးနှစ်တာကာလတွင် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများသည် မြန်မာနိုင်ငံ၏ တိုးမြှင့်လာသည့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများအတွက် လမ်းခင်းပေးခဲ့ပါသည်။ ယင်းသို့ဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၅ ဘီလီယံကျော် ရရှိနိုင်ရန်အတွက် မျှော်လင့်ထားသည်။ ထွန်းသစ်စပြုလာကြသော ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းများတွင် လုပ်ငန်းလုပ်ကိုင်ရန် လိုင်စင်ရထားသည့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မဟာဗျူဟာများကို ပြည်တွင်းမှလုပ်ငန်းများနှင့် အဆင်ပြေစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ကူညီဖြေရှင်းပေးမည့် ကုန်ပစ္စည်းထောက်ပံ့ ပို့ဆောင်စီမံခန့်ခွဲရေး ဝန်ဆောင်မှုများ(Logistics Solutions) လိုအပ်ပါသည်။ UPS ၏ ကုန်ပစ္စည်းထောက်ပံ့ ပို့ဆောင် စီမံခန့်ခွဲရေး ဝန်ဆောင်မှုများ (Logistics Solutions) သည်လည်း ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးလုပ်ငန်းသို့ တက်လှမ်းမည့် ပြည်တွင်းမှ အသေးစား စီးပွားရေးလုပ်ငန်းများအတွက်လည်း အထောက်အပံ့ပေး ကူညီနိုင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ အနေနှင့်လည်း မြန်မာနိုင်ငံ ပြည်တွင်း၊ ပြည်ပပို့ဆောင်မှု တို့အတွက် UPS မှ Worldwide Express services ကိုအသုံးပြုကာ အာရှ၊ ဥရောပ နှင့် အမေရိကန် တလွှားသို့ သုံးရက်အတွင်း အချိန်တိုတို ကူးပြောင်းပို့ဆောင်ပေးနိုင်မည့် အကျိုးကျေးဇူးကို ရရှိမည် ဖြစ်သည်။ UPS ၏ ဝန်ဆောင်မှုလုပ်ငန်းမှ အကောက်ခွန်လုပ်ငန်း စဉ်များ ရှင်းလင်းဆောင်ရွက်ပေးသည့် ဌာန (In-house Customs Clearance) နှင့်အာမခံဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်သည့်ဝန်ဆောင်မှု (Guaranteed Door-to-Door Delivery) ကို နိုင်ငံဒေသပေါင်း ၂၂၀ ကျော်တို့တွင် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ဆက်လက်၍ O’Gara ကလည်း “မြန်မာနိုင်ငံမှာ ဝန်ဆောင်မှုလုပ်ငန်းတွေကို တိုးချဲ့လိုက်တာဟာ အာရှရဲ့ ဖွံ့ဖြိုးစ ဈေးကွက်တွေမှာ UPS ရဲ့ ဝန်ဆောင်မှုကို ချဲ့ထွင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ ကုန်သွယ်ရေးလုပ်ငန်းမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရှဒေသက မောင်းနှင်နေတာဖြစ်သလို ဒေသတွင်း စီးပွားရေး အရှိန်အဟုန်မြင့် ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ မြန်မာ နိုင်ငံရဲ့ မဟာဗျူဟာ အချက်အချာကျတဲ့ နိုင်ငံများဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့အပြင် အခြားအာဆီယံဈေးကွက်တွေနဲ့ နယ်နိမိတ်ခြင်း နီးစပ်နေခြင်းတို့နဲ့အတူ စီးပွားရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်ကူညီထောက်ပံ့ပေးသွားမှာပါ။” ဟုပြောကြားသွားပါသည်။

UPS အကြောင်း
UPS (NYSE: UPS) သည် ကမ္ဘာ့ကုန်စည်ပို့ဆောင် ထောက်ပံ့ရေးတွင် ဦးဆောင်သူတစ်ဦးဖြစ်သည်။ သယ်ယူပို့ဆောင်ရေး အစီအစဉ်များနှင့် ကုန်စည်ပို့ဆောင်ရေး၊ နိုင်ငံတကာ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ကမ္ဘာ့စီးပွားရေးကဏ္ဍတစ်ခုလုံးကို ပိုမိုစွမ်းဆောင်ရည် ပြည့်ဝစွာ စီမံခန့်ခွဲနိုင်စေရန် အဆင့်မြင့် နည်းပညာများ ဖြန့်ကျက်အသုံးပြုရေးတို့ အပါအဝင် ကျယ်ပြန့်သည့် လုပ်ဆောင်ချက်မျိုးစုံကို ဆောင်ရွက်ပေးလျက်ရှိသည်။ အမေရိကန်ပြည်ထောင်စု အတ္တလန်တာတွင် ရုံးချုပ်တည်ရှိသည့် UPS သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် ဒေသ ၂၂၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ ကုမ္ပဏီအကြောင်းကို ups.com® ဝက်ဘ်ဆိုက်လိပ်စာတွင်လည်းကောင်း၊ ကုမ္ပဏီအကြောင်း ဆောင်းပါးများကို blog.ups.com ဝက်ဘ်ဆိုက်လိပ်စာတွင်လည်းကောင်း ကြည့်ရှုနိုင်သည်။ UPS၏ သတင်းများကို pressroom.ups.com/RSS ဝက်ဘ်ဆိုက်လိပ်စာတွင် တိုက်ရိုက်ရယူနိုင်သည်။

Leave a Reply

Your email address will not be published. Required fields are marked *