တကယ်လို့သာ ကမ္ဘာကြီးရဲ့ လည်ပတ်မှုဟာ ရပ်တန့်သွားခဲ့မယ်ဆိုရင် ကမ္ဘာကြီးပေါ်မှာနေထိုင်တဲ့ သက်ရှိ လူသားတွေဟာ မဆိုင်းမငံ့ပဲ ရုတ်ခြည်း အဖျက်အစီးလမ်းကြောင်းကြီး တစ်ခုပေါ်ကို အသံထက်မြန်သောနှုန်းနဲ့ ဖြိုခွဲဖျက်စီးခံရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ဒါတွေကို ဘယ်သူကများ စဉ်းစားပြီး ပြောကြပါသလဲ။
ကျွန်တော်တို့ လူသားတွေဟာ ကမ္ဘာကြီးဟာ မဆိုင်းမငံ့ လည်ပတ်နေတယ်ဆိုတာဟာ စိတ်ချမှုရှိတဲ့ လုံခြုံမှု တနည်းအားဖြင့် ကမ္ဘာကြီးလုံးဝ ရပ်မှာမဟုတ်ဘူးလို့ ယူဆနေကြပုံရတယ်။ ဒါပေမယ့် အဲလိုမဖြစ်လာခဲ့ရင် ဘယ်လိုလုပ်ကြမလဲ။ ကမ္ဘာကြီးလည်ပတ်မှု လုံးလုံးရပ်သွားမယ်ဆိုရင် အဲဒိနေ့မှာ ဘာတွေဖြစ်လာမလဲ။ ဒါ့ကြောင့် ယူကျူ့မှာ မိုက်ကယ် စတီဗင်ရဲ့ ဒီအကြောင်းနဲ့ပတ်သတ်ပြီး စူးစမ်းရှာဖွေမှုဟာ ရေးပန်းစား နေတာဖြစ်တယ်။ သူ့ရဲ့ ရှာဖွေတွေ့ရှိတဲ့ ဗီဒီယိုတွေက အဖြေပေးနေတယ်။
အမှန်တကယ်တော့ အဖြေက ရိုးရှင်းပါတယ်။ ကျွန်တော်တို့ တတွေဟာ တော်တော် ကြောက်စရာကောင်းစွာနဲ့ သေဆုံးကြလိမ့်မယ်။ ကမ္ဘာကြီးရပ်သွားရင် ကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးကို တူညီတဲ့ အရှိန်နဲ့ ထပ်မထိန်းထား နိုင်တဲ့အတွက် ခန်မှန်းလို့မရတဲ့ အရှိန်နဲ့ ရွေ့လျားနေကြမှာ ဖြစ်တယ်။ လူသားတွေအားလုံးဟာ ဝင်ရိုးစွန်း အစွန်းတွေမှာ အရမ်းမြန်တဲ့ ကျည်ဆံတွေလို လွှင့်စင်ထွက်သွားပြီး ဖျက်စီးခံကြရမှာဖြစ်တယ်။

သမုဒ္ဒရာတွေက မြင့်တက်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို ရေလွှမ်းမိုးမယ်၊ စိတ်မပူပါနဲ့ အဲဒါပြီးတာနဲ့ သင်လည်း ထာဝရပျောက်သွားမှာပါ
Video screenshot by Anthony Domanico/CNET
တနည်းနည်းအားဖြင့်တော့ မျက်လှည့်ဆန်စွာ၊ အံ့သြဖွယ်ရာ သင်ဟာ အသက်ရှင်ကောင်း ရှင်နိုင်တယ်။ အဲဒီအချိန်မှာ လေကလည်း အနုမြူဗုံးလို မြန်ဆန်စွာ တိုက်ခတ်ပြီးတော့ အဲဒါဟာ ကြီးမားတဲ့ မီးတောက်ကြီးတွေကို ဖြစ်စေနိုင်တယ်။ အဲဒီမီးတောက်တွေက သူတို့လမ်းကြောင်းမှာ ရှိတဲ့အရာအားလုံးကို ဖျက်စီးပစ်မှာဖြစ်တယ်။ ဒါပေမယ့် နိုင်ငံတကာ အာကာသစခန်းမှာ သီးခြားနေတဲ့ လူတွေကတော့ အသက်ရှင်ကောင်း ရှင်နိုင်မယ်၊ သို့ပေမယ့် ကမ္ဘာ့ကြီးဆီကို ဘယ်တော့မှ ပြန်မလာနိုင်တော့အတွက် စားနပ်ရိက္ခါ ပျက်လက်သွားရင်တော့ အသက်ရှင်ဖို့ အခွင့်အလမ်း နည်းနိုင်ပါတယ်။ ဒီလိုမျိုး စိတ်လှုပ်ရှားဖွယ် သို့ ကြောက်မက်ဖွယ် အချက်တွေကို စတီဗင်ရဲ့ ဗီဒီယိုမှာ အသေးစိတ် ကြည့်ရှုနိုင်ပါတယ်။