Smart Whiteboard ဆိုတာက ထိတွေ့လို့ရတဲ့ ကြီးမားတဲ့ Touch Screen မျက်နှာပြင်တစ်ခုပါ။ 

Tablet အကြီးစားတစ်လုံးနဲ့တူတယ်လို့လည်း ပြောနိုင်ပါတယ်။ 

သူ့မှာ ကိုယ်ပိုင် Editing Software ပါဝင်တဲ့အတွက် မှတ်ချက်တွေ၊ ရှင်းပြချက်တွေရေးတာ၊ Edit လုပ်တာ၊ Save လုပ်တာ ပြီးတော့ Print ထုတ်တာမျိုးတွေကို Touch Screen ကနေတဆင့် အကုန်လုပ်ဆောင်နိုင်ပါတယ်။
ဒီဂျစ်တယ်သတင်းအချက်အလက်အမျိုးအစားအမျိုးမျိုးကိုလည်း အလွယ်တကူနဲ့ အဆင်ပြေပြေ ထည့်သွင်းလို့ရပြီးတော့ Edit လုပ်ခြင်း၊ စုစည်းခြင်း၊ ပြသခြင်း စတာတွေကိုလည်း လုပ်ဆောင်ပေးနိုင်ပါတယ်။
စာသင်ခန်းတွေမှာဆိုရင် ဒီ Smart Board တွေရဲ့အားသာချက်က ဒီဂျစ်တယ်အချက်အလက်တွေကို အဆင်ပြေပြေ ပြသပေးနိုင်ခြင်းဖြစ်ပါတယ်။ သင်ကြားမှု၊ သင်ယူမှုပုံစံတွေပြောင်းလာတဲ့ နည်းပညာခေတ်မှာ သမာရိုးကျသင်ခန်းစာရှင်းလင်းချက်နဲ့ Powerpoint Lecture Notes တွေကိုအသုံးပြုရတာ ပိုပိုပြီးအခက်အခဲ ရှိလာပါတယ်။ သာမန် White Board တစ်လုံးမှာဆိုရင် အရောင်တစ်မျိုး၊ နှစ်မျိုးလောက်ကိုသာ အသုံးပြုနိုင်ပြီးတော့ လက်ရေးနဲ့ရေးတဲ့ စာ၊ ရုပ်ပုံကားချပ်တို့ကိုသာ အသုံးပြုနိုင်ပါတယ်။
Smart Interactive Board technology က White Board ကို ပိုပြီးတော့ အရောင်စုံလင်စွာအသုံးပြုနိုင်စေပြီး လွတ်လွတ်လပ်လပ်ရေးသားဖန်တီးနိုင်ရုံမက ဒီဂျစ်တယ်ရုပ်ပုံကားချပ်နဲ့ ဗီဒီယိုတွေကိုလည်း ထည့်သွင်းပေးနိုင်ပါတယ်။ ဒီအချက်က ကျောင်းသားတွေကို သင်ခန်းစာအပေါ်မှာ ပိုမိုစိတ်ဝင်စားမှုရှိလာစေပြီးတော့ သင်ကြားရေးကလည်း ပိုပြီးတော့ Productive ဖြစ်လာတာကို တွေ့ရမှာပါ။
ဒါ့အပြင် Interactive Smart White Board တွေမှာဆိုရင် Whiteboard ပေါ်မှာရေးသွင်းလိုက်တဲ့ ဘယ်လို စာသား၊ ရုပ်ပုံကားချပ်မျိုးကိုမဆို Hard Disk / USB ထဲကို သိမ်းဆည်းပေးနိုင်တဲ့အတွက် နောက်ထပ်သင်ကြားရမယ့် Class တွေမှာ ပြန်လည်အသုံးပြုနိုင်ပါတယ်။ အခြားသောဆရာတွေနဲ့လည်း အလွယ်တကူမျှဝေနိုင်သလို ကျောင်းသားတွေပြန်လည်လေ့လာဖို့အတွက်လည်း အလွယ်တကူမျှဝေပေးနိုင်ပါတယ်။
ဒီလို အသုံးတည့်တဲ့ Smart Whiteboard တွေကို အိုင်စီတီမှာ Brand အစုံ Size အစုံ ရောင်းချနေတာမို့ ဝင်ရောက်လေ့လာကြည့်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော်။
AOC » https://bit.ly/3gqH77d
Haier » https://bit.ly/3gzF2pf
“အိုင်စီတီ ဒေါ့ကွန် ဒေါ့အမ်အမ်“ မှာ




ဆက်သွယ်မေးမြန်းလိုပါက








Team ICT.com.mm