News

ကျောင်းစာအုပ်တွေ ၀န်ပေါ့ချင်တယ်

ကလေးတွေ ကျောင်းတက်ရတော့မယ် ဆိုတာနဲ့ မိဘတွေရဲ့ ပိုက်ဆံဟာလည်း ဈေးကြီးတဲ့ ကျောင်းစာအုပ်တွေ ၀ယ်ဖို့ ကုန်ကျရတော့တာပါပဲ။ Nielsen၀က်ဘ်ဆိုဒ်ရဲ့ ထုတ်ပြန်ချက်တစ်ခု အရTabletအသုံးပြုတဲ့ ကျောင်းသားတွေရဲ့ ၇၁%ဟာ သူတို့ရဲ့ ကျောင်းစာအုပ်တွေကို Tabletပေါ်မှာပဲ ဖတ်ရှုချင်ကြတယ်လို့ သိရပါတယ်။ ဒါကို ဖြေရှင်းဖို့ ပြင်ဆင်နေတဲ့ ကုမ္ပဏီကတော့ Googleပါပဲ။ အခုဆိုရင် ကျောင်းသားတွေအနေနဲ့ Google Playကနေ ကျောင်းစာအုပ်တွေကို ငှားရမ်းတာဖြစ်စေ၊ ၀ယ်ယူတာ ဖြစ်စေလုပ်ပြီး ဖတ်ရှုအသုံးပြု နိုင်ကြပါပြီ။

Tabletအသုံးပြုတဲ့ အသက် ၁၃နှစ်အထက် ကျောင်းသားတွေဟာ Tabletကို ကောင်းကောင်း အသုံးချနိုင်ကြတာ တွေ့ရပါတယ်။ ကျောင်းသား ၅၁%က အင်တာနက် ရှာဖွေဖို့ သုံးတယ်၊ ၄၆%ကတော့ အီးမေးလ်သုံးပြီး စာအုပ်ဖတ်ကြတာကတော့ ကျောင်းသား ၄၂%ဖြစ်ပါတယ်။ Noteတွေ ရေးမှတ်ဖို့ ၄၀%နဲ့ အိမ်စာတွေ၊ Assignmentတွေ လုပ်ဖို့ကိုလည်း ကျောင်းသား ၃၀%လောက်က အသုံးပြုကြတယ်လို့ ဆိုပါတယ်။

အသက် ၁၁နှစ်အောက် ကလေးတွေမှာတော့ ၇၈ရာခိုင်နှုန်းသော မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို အိမ်မှာ Tabletပေးကစား ကြပြီး မိဘအများစုကလည်း သူတို့ကလေးတွေဟာ Tabletကို ပညာရေးရည်ရွယ်ချက်တွေ အတွက် အသုံးချကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် Tabletတွေမှာ ပညာရေးနဲ့ သက်ဆိုင်တာတွေ ပိုမိုထောက်ပံ့ပေးမယ် ဆိုရင်တော့ မိဘတွေ အနေနဲ့ စိတ်ချမ်းသာပြီး ကျောင်းသားတွေလည်း ပိုမိုအဆင်ပြေလာမှာ ဖြစ်ပါတယ်။
ကျောင်းသွားမယ်ပြီး ကျောပိုးအိတ်အကြီးကြီးတွေ လွယ်ကာသွားနေကြတဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေကို မြင်ရင်တကယ်ပဲ စိတ်မကောင်းဖြစ်မိ ပါတယ်။ ဒါကြောင့်မို့လို့ ကျောင်းစာအုပ်တွေကို Tabletမှာ တစ်စုတစ်စည်းတည်း ဖန်တီးထားနိုင်ရင်တော့ ပိုမိုတိုးတက်လာမယ် ဆိုတာငြင်းစရာ မရှိတဲ့အပြင် မြန်မာအိုင်စီတီ ပရိသတ်တွေလည်း ဒီကိစ္စကို ဘယ်လိုမြင်တယ်ဆိုတာ မှတ်ချက်ပြုသွားပါဦး။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

13 thoughts on “ကျောင်းစာအုပ်တွေ ၀န်ပေါ့ချင်တယ်

  1. Wai Thu WT says:

    မြန်မာပြည်မှာသုံးစွဲနိုင်ရင်ကောင်းပါတယ်

  2. ကောင်းပါတယ်

  3. Flame Mage says:

    Hack xD ဖြစ်နိုင်တာလေးပဲ လုပ်ပေးချင်ပါတယ်

  4. Ye Htun Linn says:

    မဖြစ်နိုင်မှန်းသိပါရက်နဲ့ … ဆုတောင်းဆုတောင်း

  5. Su Htet says:

    ကောင်းတာပေါ့

  6. Zaw Min Han says:

    ကောင်းတယ်. ဒါပေမယ့် စာတွေ စကားလုံးတွေကို မှတ်စုလိုက်တာကြတော့ စာအုပ်က လုပ်လို့ရတယ်.။ ms word မှာလို မှတ်လိုရရင်တော့ ကောင်းတယ်.။ ဒါပေမယ့် ဂျပန်နဲ့ တရုတ်မှာ ကြုံသလို လက်ရေးမလှ တော့မှာ တော့ ကြုံရလိမ့်မယ်ထင်တယ်.။

  7. Ma Lae says:

    ဆရာဆရာမတွေတွက်လဲ easy ပေါ့

  8. Shine Cthu says:

    တူညားနိုင်ငံကဟာတွေလာကြောနေတယ်

  9. ကောင်းတယ် သိတ်ကောင်းတယ် အလွန်ကောင်းပါတယ်

  10. Yamin Zaw says:

    ကောင်းပါတယ်မကောင်းတာကintternet connectionပါ

  11. Khit Nay says:

    ဒီမှာဆိုရင်တော့ ဆော့လိုက်မယ့်ဂီမ်းတွေ..

  12. Thiha Ayemin says:

    tabletတွေအလကားပေးမှာလား။ကျွန်တော်ထင်တယ် တောက ကလေးတွေတော့tabletဆိုရင်paraceramolတောင်မရဘူး။

Leave a Reply

Your email address will not be published. Required fields are marked *