News

ကားတံခါးကို စမတ်ဖုန်းကနေ အဖွင့်၊ အပိတ် လုပ်ပေးမယ့် Viper Smartkey

ကားနား ကို ရောက်သွားတာနဲ့ တံခါး ကို အလိုအလျှောက် Unlock လုပ်ပေးပြီး ကားကနေထွက်ခွာ သွားရင် အလိုအလျှောက် တံခါး ကို Lock လုပ်ပေးနိုင်တဲ့ စွမ်းဆောင်ချက်မျိုး အသုံးပြုချင်ရင် Viper ရဲ့ ကားတံခါး စနစ် ကို အသုံးပြုနိုင်ပါတယ်။ Viper Smartkey လို့ ခေါ်ပြီး စမတ်ဖုန်း နဲ့ တွဲဖက် အသုံးပြုရမှာ ဖြစ်ပါတယ်။ အဲဒီစနစ် ကို အသုံးပြုခြင်းဖြင့် ကားသော့ မလိုအပ်သလို ကားတံခါး ကို ကိုယ်တိုင် ဖွင့်စရာလည်း မလိုတော့ပါဘူး။ စမတ်ဖုန်း ကို ကားသော့ အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကားကနေထွက်ခွာသွားရင် Smartkey စနစ် က သိရှိပြီး ကားတံခါး ကို အလိုအလျှောက် Lock လုပ်ပေးမှာ ဖြစ်ပြီး Alarm ကို ဖွင့်ပေးမှာ ဖြစ်ပါတယ်။ ကားနားကိုရောက်ရှိလာရင် ကား က စမတ်ဖုန်း ကို သိရှိပြီး အလိုအလျှောက် တံခါး ကို ဖွင့်ပေးမှာ ဖြစ်ပါတယ်။

စမတ်ဖုန်းမှာ App ကို အင်စတော လုပ်ထားရမှာ ဖြစ်ပေမယ့် ကားတံခါး ကို Lock/Unlock လုပ်ဖို့ App ကို ဖွင့်စရာမလိုဘူးလို့ သိရပါတယ်။ Smartkey System ကို အသုံးပြုဖို့အတွက် Viper SmartStart မှာလို Remote Start လိုအပ်ပါတယ်။ ဒါမှမဟုတ် Viper ရဲ့ Alarm System ကို တပ်ဆင်ထားရမှာ ဖြစ်ပါတယ်။ Smartkey System ဟာ Viper Alarm အားလုံးနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။

စမတ်ဖုန်းမှာ အသုံးပြုနိုင်တဲ့ App ကတော့ iOS အတွက်သာ ထုတ်လုပ်ပေးထားပြီး Android အတွက် မရရှိသေးပါဘူး။ iOS App ကို အခမဲ့ ရယူနိုင်ပါတယ်။ App ကနေ System ကို Customize လုပ်နိုင်ပါတယ်။ Smartkey System အလုပ်လုပ်မယ့် ကားနဲ့ စမတ်ဖုန်း အကွာအဝေး ကို ကြည့်နိုင်ပါတယ်။ Viper Smartkey ကို ဒေါ်လာ ၁၄၉.၉၉ ဖြင့် ရောင်းချပေးနေပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *