Gadgets, News, Review

ဒီဇိုင်းလန်းလန်းနဲ့ ရေစိုခံအကြမ်းခံတဲ့ Japan Brand Verbatim အမှတ်တံဆိပ် Dog Tab USB

ဒီဇိုင်းလန်းလန်းနဲ့ ရေစိုခံအကြမ်းခံတဲ့ Japan Brand Verbatim အမှတ်တံဆိပ် Dog Tab USB

Japan Brand Verbatim မှ ထုတ်လုပ်ထားတဲ့ Verbatim Dog USB Stick က ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ အတူ အကြမ်းတမ်းခံ ၊ ရေစိုခံတဲ့ အရည်အသွေးများ ပြည့်စုံတဲ့ USB Stick တစ်ခု ဖြစ်တာကြောင့် သင်္ကြန်ကာလ မိမိရေကစားတဲ့ နေရာမှ ဖွင့်လိုတဲ့ သီချင်းများကို ထည့်သွင်းယူဆောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။ ဒီဇိုင်းကတော့ တကယ့်စစ်သားတွေ အသုံး ပြုတဲ့ နာမည်ကဒ်ပြား (Dog Tag) ရဲ့ အချိုးအစားအတိုင်း ပြုလုပ်ထားပြီး ဘေးပတ်ပတ်လည်ကို အထိအခိုက် အပွန်းအပဲ့မှ ကာကွယ်ပေးမယ့် ရာဘာနဲ့ ပတ်ထားပါတယ် ။

အဲဒီ Dog Tag USB နှင့် တွဲဖက်အသုံးပြုနိုင်ဖို့အတွက် သံမဏိ ပုတီးကြိုးနဲ့ပါ တပါတည်း ပါဝင်ပါတယ် ။ USD Stick ကို အသုံးမပြုတဲ့ အချိန်မှာဆိုရင် Storage ကို Dog Tag ရဲ့ အတွင်းမှာ လုံခြုံစွာ သိမ်းဆည်းနိုင်ပြီး နေရာတကာ သယ်သွားနိုင်မှာ ဖြစ်ပါတယ် ။ Security အတွက်ဆိုရင်လည်း USB Stick ကို Password နဲ့ ပိတ်ပြီး အသုံးပြုနိုင်ဖို့အတွက် Software ကိုလည်း အလွယ်တကူ အခမဲ့ Download ရယူပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။ အကြမ်းအတမ်း ခံနိုင်ရန်အတွက် System in pack ( SIP ) နည်းပညာကို အသုံးပြုထားခြင်း ဖြစ်တာကြောင့် အပွန်းအပဲ့ ဒဏ်ခံ ၊ ဖုန်ဒဏ်ခံ ၊ ရေစိုဒဏ်ခံ နိုင်တဲ့ အရည် အသွေးများနဲ့ ပြည့်ဝပါတယ် ။

အလိုသင်္ကြန် အချိန်အခါတွင်သာမက အချိန် နေရာမရွေးမှာ အသုံးပြုနိုင်မှာ ဖြစ်တဲ့ Verbatim Dog Tag USB Stick ကို တစ်သက်တာ အာမခံအပါအဝင် ဈေးနှုန်း၅,၈၀ဝ ကျပ် (8 GB) , ၈,၆၀ဝ ကျပ် ( 16 GB ) ဖြင့် KMD Sales Centre နှင့် DCD Computer Centre များတွင် ဝယ်ယူနိုင်ပါတယ် ။ အသေးစိတ် သိရှိလိုပါကဖုန်း KMD : 01-381-129,01-381-035 သို့ ဆက်သွယ်မေးမြန်း နိုင်ပါတယ် ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *