News

အမှတ်တံဆိပ် သံတမန် အသစ်နှစ်ဦးနှင့်အတူ ရင်ခုန်ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များဖြင့် Coca-Cola ၏ ပျော်ရွှင်စရာ နွေရာသီ အစီအစဉ်များစတင်

အမှတ်တံဆိပ် သံတမန် အသစ်နှစ်ဦးနှင့်အတူ ရင်ခုန်ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များဖြင့် Coca-Cola ၏ ပျော်ရွှင်စရာ နွေရာသီ အစီအစဉ်များစတင်

ရန်ကုန်၊ မြန်မာ၊ ဧပြီလ ၂ ရက်၊ ၂၀၁၅ ခုနှစ် – နှစ်ပေါင်း (၆၀) ခန့်အကြာ အဆက်ပြတ်ခဲ့ပြီးနောက် လွန်ခဲ့သော (၃) နှစ်ခန့်မှ စတင်၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး လူများစွာအတွက် ရိုးရှင်းပျော်ရွှင်ဖွယ်ရာ အခိုက်အတန့်များကို ယူဆောင် လျက်ရှိသော Coca-Cola သည် ဒီနှစ်နွေရာသီမှာလည်း ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များကို ထပ်မံ ယူဆောင်လာမည် ဖြစ်ပါ သည်။ Coca-Cola သည် ဆုတံဆိပ်များစွာ ရရှိထားသော တေးသံရှင် မိစန္ဒီကို Coca-Cola Myanmar ၏ အမှတ်တံဆိပ် သံတမန်အဖြစ် တရားဝင်ခန့်အပ်ခြင်း အပါအဝင် အတာသင်္ကြန် အစီအစဉ်များစွာနှင့်အတူ ပျော်ရွှင်စရာ နွေရာသီ အစီအစဉ် များ၏ ပဏာမခြေလှမ်းကို စတင်လိုက်ပါသည်။ ၂၀၁၃ ခုနှစ်ကတည်းက Coca-Cola ၏ အမှတ်တံဆိပ်သံတမန် ဖြစ်သည့် ထင်ရှားကျော်ကြားသော တေးသံရှင် စိုင်းစိုင်းခမ်းလှိုင် နှင့်အတူ ဆက်လက်ပြီး မိစန္ဒီသည် နောက်ထပ် အမှတ်တံဆိပ်သံတမန် အသစ်အဖြစ် လူကြိုက်များ ထင်ရှားသည့် တေးသံရှင် အိမ့်ချစ် နှင့်အတူတကွ Coca-Cola Myanmar ၏ အမှတ်တံဆိပ် သံတမန် ဖြစ်လာခြင်း ဖြစ်ပါသည်။

ယခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲကို ပို၍တက်ကြွလန်းဆန်းစွာ ပျော်ရွှင်ဆင်နွှဲ နိုင်ရန်အတွက် ပျော်ရွှင်စရာ အစီအစဉ်များစွာ ပါဝင်သည့် Coca-Cola Summer Festival 2015 ကို ဧပြီလ ၁၃ ရက်မှ ၁၆ ရက်နေ့ထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ထပ်မံကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။ လူအများ ပျော်ရွှင်ရင်ခုန်စွာ ဆင်နွှဲကြသည့် မြန်မာ့နှစ်သစ်ကူး ပွဲတော်အတွက် ပျော်ရွှင်စရာများ၊ လန်းဆန်းစေမည့် ဖျော်ဖြေတင်ဆက်မှုများ၊ ကစားပွဲများ၊ အကများ၊ တိုက်ရိုက် ဂီတတင်ဆက်မှုများ နှင့် Coca-Cola အေးအေးလေးတို့ ပါဝင်သည့် Coca-Cola နွေရာသီပွဲတော်မှာ မိသားစု၊ သူငယ်ချင်းများနှင့်အတူ တက်ကြွ လန်းဆန်းမှုများကို မျှဝေခံစားကာ ပျော်ရွှင်မှုများ ပေးစွမ်းနိုင်မည့် အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါသည်။ Coca-Cola နွေရာသီပွဲတော်၏ နောက်ဆုံးရသတင်းများကို Coca-Cola Myanmar Facebook page –https://www.facebook.com/CocaColaMyanmar လေ့လာကြည့်ရှုနိုင်ပါသည်။

“ပူအိုက်တဲ့နေ့တစ်နေ့မှာ Coca-Cola အေးအေးလေးကို သောက်လိုက်ရတာလောက် ကောင်းတာမရှိတော့ပါဘူး။ နွေရာသီကို အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့အတွက် ကျွန်တော်တို့က နေရာတိုင်းမှာ ရှိနေမှာပါ” ဟု Coca-Cola Myanmar ၏ Marketing Director ဖြစ်သူ Mr.Rommel P. Fuentebella မှ ပြောကြားသည်။ “ အားလုံးအတွက် လွန်စွာ အရေးပါလှတဲ့ ဒီပွဲတော်ရာသီ အတွင်းမှာ မြန်မာနိုင်ငံ တစ်ဝှမ်းက လူအများကြား အကောင်းမြင် ချစ်ခင်ကြမှုကို ပျံ့နှံ့စေပြီး နောက်ထပ် လူပေါင်းများစွာ ပျော်ရွှင်စေဖို့ ဆက်လက်ကြိုးစားနေမှာ ဖြစ်ပါတယ်” ဟုဆိုပါသည်။

Coca-Cola Myanmar သည် ရန်ကုန်မြို့ရှိ Forever Group မဏ္ဍပ်၏ ဂုဏ်ယူဖွယ်ရာ အဓိကကူညီ ပံ့ပိုးပေးသူ ဖြစ်ကာ မန္တလေးတွင်လည်း ကိုယ်ပိုင်မဏ္ဍပ်တစ်ခုကို တည်ဆောက်သွားမည် ဖြစ်ပါသည်။ အဆိုပါ မဏ္ဍပ်၂ခုတို့၌ ပါဝင်ဆင်နွှဲသူအပေါင်း အတွက် ကစာနည်းများ၊ ပြိုင်ပွဲများ စုံလင်စွာဖြင့် ထူးခြားအံသြဖွယ်ရာများကို Coca-Cola မှ စီစဉ်တင်ဆက်သွားမည် ဖြစ်ပါသည်။ ပါဝင်ဆင်နွှဲသူများအနေဖြင့် နွေရာသီ၏ ပျော်ရွှင်ဖွယ်ရာများအဖြစ် Coca-Cola အေးအေးလေး နှင့်အတူ ဦးထုပ်များ၊ ထီးများ၊ ဘောလုံးများ၊ ကျောပိုးအိတ်များ စသည့် နွေရာသီ ဆုလက်ဆောင်များစွာကိုလည်း ရရှိပိုင်ဆိုင် နိုင်မည် ဖြစ်ပါသည်။

ရန်ကုန်နှင့် မန္တလေးမြို့များတွင် ပါဝင်ဆင်နွှဲသူများအနေဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန် ရေကစားနိုင်ရုံ သာမက လေထဲတွင် လှပစွာ မျောလွင့်နေသော Coca-Cola ပူဖောင်းများနှင့် ဝိုင်းရံထားမည် မဏ္ဍတွင် ပျော်ရွှင်စွာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ အပိုဆုအနေဖြင့် ကမ္ဘာတစ်ဝှမ်းလူသိများသော Coca–Cola ၏ အမြှုပ်လေးများကဲ့သို့ ပလုံစီထနေသော ရေမြှုပ်များ အောက်တွင် Coca-Cola ပရိသတ်များအနေဖြင့် ကခုန်နိုင်မယ့် အထူးအခွင့်အရေးကိုပါ ရရှိမည်ဖြစ်ပါသည်။

ရန်ကုန်နှင့် မန္တလေး နှစ်မြို့လုံးတွင် ပျော်ရွှင်ရင်ခုန်စရာ အစီအစဉ်များဖြင့် နေ့စဉ်နံနက် ၉ နာရီခွဲမှ စတင်ကာ ပထမတန်း ဂီတပညာရှင်များ၊ DJ များမှ ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်သည်။ ရန်ကုန် Coca-Cola မဏ္ဍပ်တွင် Rဇာနည်၊ ဝေလ၊ ချမ်းအေးဝင်း၊ ဘိုလေး၊ X-Box၊ Lil’Z ၊ ထက်အောင် (အိပ်မက်ဆုံရာ ဆုပိုင်ရှင်) ၊ ဝိုင်းစုခိုင်သိန်း၊ ဝိုင်းလေး (Miss Myanmar World 2014)၊ ပိုပိုဟေသာနှင့် Coca-Cola သံတမန်ဖြစ်သူ မိစန္ဒီတို့က ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပါသည်။ မန္တလေး Coca-Cola နွေရာသီပွဲတော်တွင် ဘန်နီဖြိုး၊ အမွန်း၊ ဂျက်ဆန်ထွန်း၊ နန့်ချစ်နန္ဒီဇော်နှင့် အောင်မြင့်မြတ် တို့မှလည်း ပါဝင် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပါသည်။

Coca-Cola အမှတ်တံဆိပ် သံတမန်အဖြစ် ပထမဆုံး တရားဝင် ပရိသတ်ရှေ့ ထွက်ပေါ်လာမည့် မိစန္ဒီသည် သင်္ကြန် (၄) ရက်တာ ကာလအတွင်း ဖျော်ဖြေတင်ဆက်မှုများစွာဖြင့် ရန်ကုန်မြို့ရှိ Coca-Cola Myanmar Summer Festival ကို စိတ်ဝင်စားဖွယ် အကောင်းဆုံးဖြစ်အောင် ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်သည်။ မိစန္ဒီမှ “ ပြီးခဲ့တဲ့နှစ်က အိမ့်ချစ်နဲ့အတူတွဲပြီး မြန်မာနိုင်ငံ တစ်ဝှမ်း Coca-Cola ပျော်ရွှင်ခြင်းခရီးစဉ် ဂီတဖျော်ဖြေပွဲများမှာ ပါဝင် ဖျော်ဖြေခဲ့ပါတယ်။ ကမ္ဘာ့အသိအမှတ်ပြု အမှတ်တံဆိပ်ဖြစ်တဲ့ Coca-Cola အတွက် အမှတ်တံဆိပ် သံတမန်အဖြစ် ကိုစိုင်းစိုင်းနဲ့ အတူတွဲပြီး ပရိသတ်တွေကို တက်ကြွ လန်းဆန်းစေတဲ့ အတွေ့အကြုံတွေ မိစန္ဒီတို့ ပေးနိုင်ခဲ့တဲ့အတွက်လည်း ပျော်ရွှင်ပြီး ဂုဏ်ယူရပါတယ်” ဟုဆိုသည် ။ ထို့အပြင် “ သင်္ကြန်ကာလ Coca-Cola Summer Festival ကာလအတွင်း နာမည်ကြီး တေးသံရှင် တွေနဲ့အတူ တွဲဖက်ပြီး ဖျော်ဖြေ တင်ဆက်မှုတွေ ပြုလုပ်ဖို့ကိုလည်း မျှော်လင့်စောင့်စားနေပါတယ်” ဟုပြောကြားခဲ့ပါသည်။

စားသုံးသူများအနေဖြင့် Coca-Cola Summer Festival သင်္ကြန်မဏ္ဍပ်များတွင် ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး မဆင်နွှဲ နိုင်ပါကလည်း သင်္ကြန်ချစ်သူများအနေဖြင့် MRTV 4, Channel 7 နှင့် 4HD တို့တွင် တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်များကို နေ့စဉ် စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။ နွေရာသီအပူဒဏ်ကို အံတုပြီး Summer Festival ခံစားမှု အတွေ့အကြုံများတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် ရန်ကုန် နှင့် မန္တလေးရှိ လူစည်ကားရာ နေရာများတွင် Coca-Cola အေးအေးလေး များကို မျှဝေသွားမည် ဖြစ်ပါသည်။ ပူပြင်းသော နွေရက်များအတွက် အမြှုပ်လေးများ ပလုံစီထနေသည့် Coca-Cola ၏ တက်ကြွလန်းဆန်းစေသော ပြိုင်ဘက်ကင်း အရသာအား မြည်းစမ်းနိုင်ရန်အတွက် မန္တလေးမြို့တွင် ဦးပိန်တံတားနှင့် ကန်တော်ကြီးကန် တို့တွင်လည်းကောင်း၊ ရန်ကုန်မြို့တွင် ပြည်သူ့ရင်ပြင်နှင့် ကန်တော်ကြီးဥယျာဉ်တို့တွင် လည်းကောင်း Coca-Cola မှ ဝေမျှသွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် Coca-Cola အတွက် ပထမဆုံးအနေဖြင့် Coca-Cola သည် ရန်ကုန်နှင့် မန္တလေး နှစ်မြို့လုံးရှိ သင်္ကြန်မဏ္ဍပ် များ၌ Facebook Fans များအတွက် သီးသန့်နေရာတစ်ခု ထားရှိသွားမည် ဖြစ်ပါသည်။ ထိုအထူးနေရာများတွင် Coca-Cola Myanmar ၏ အမာခံ Facebook Fans များအနေဖြင့် သူငယ်ချင်းများနှင့် ပြင်ပတွင် တိုက်ရိုက်ထိဆက်ကာ ချိတ်ဆက်နိုင်မည့် အခွင့်အရေးနှင့် အခြား စိတ်တူကိုယ်တူ ဝါသနာတူ စိတ်ပါဝင်စားသူများနှင့်အတူ Coca-Cola အေးအေး လေးကို အတူမျှဝေ ပျော်ရွှင်နိုင်မည် ဖြစ်ပါသည်။

Coca-Cola Summer Festival မဏ္ဍပ် ကိုင်ဆောင်ထားသူများသည် Coca-Cola မှ တာဝန်ရှိသူများအား Coca-Cola Myanmar Facebook fan ဖြစ်ကြောင်းကို ပြသပြီး Facebook Area တွင်ပါဝင်ဆင်နွှဲ ပျော်ရွှင်နိုင်ပါသည်။ Facebook Fans များအနေဖြင့် Coca-Cola Myanmar Facebook Page ရှိ ဓါတ်ပုံများကို ဝေမျှကာ Coca-Cola အမှတ်တရ လက်ဆောင်များနှင့် ဦးထုပ်များကိုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။

Coca-Cola အဖွဲ့သည် နွေရာသီကာလအတွင်း ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများတွင် Coca-Cola အချိုရည်များအား ဝေမျှပေးသွားရန် စီစဉ်လျှက်ရှိပါသည်။ လန်းဆန်းစေသော Coca-Cola အေးအေးလေးနှင့်အတူ ပါဝင်ဆင်နွှဲပျော်ရွှင် လိုသူများ အနေဖြင့် မကြာမီ ပြုလုပ်မည့်အစီအစဉ်များ၊ Summer Festival 2015 နှင့် မဏ္ဍပ်များအကြောင်းစသည့် အသေးစိတ် အချက်အလက်များကို Coca-Cola Myanmar Facebook Page ဖြစ်သည့် www.facebook.com /CocaCola Myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *