Lonely Planetက Skyscannerနဲ့ ပူးပေါင်းပြီး လေယာဉ်ရှာဖွေမှု အင်ဂျင်ကို ၀က်ဆိုက်မှာ ထည့်သွင်းပေးလိုက်တဲ့အတွက် ပိုမို အသုံး၀င်လာပါပြီ။ ၀က်ဆိုက်ရဲ့ Booking ကဏ္ဍမှာရှိတဲ့ လေယာဉ်နှိုင်းယှဉ်မှု အင်ဂျင်ကို ထည့်သွင်းပေးတာက ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။
Skyscannerက လေယာဉ်ရှာဖွေမှု စွမ်းဆောင်ချက်ကို Lonely Planetမှာ ထည့်သွင်းပေးလိုက်တဲ့အတွက် လေယာဉ်ကို Bookingပြုလုပ်ချင်သူများက အခြားနေရာကို သွားစရာမလိုတော့ဘဲ ၀က်ဆိုက်မှာတင် ပြုလုပ်နိုင်တဲ့အတွက် ပိုမို အဆင်ပြေလာတာဖြစ်ပါတယ်။ လေယာဉ်များအပြင် Lonely Planetမှာ ဟိုတယ်များ၊ ကားငှားရမ်းမှုများ၊ ခရီးစဉ်များနဲ့ ရှုခင်းကြည့်တဲ့ ခရီးစဉ်များကို ကြိုတင်ဘွတ်ကင်လုပ်နိုင်ပါတယ်။
Lonely Planetမှာ နေရာပေါင်း ၂၇၀၀၀ အတွက် သတင်းအချက်အလက်များ ရှိသလို စွမ်းဆောင်ချက်အသစ်ကို သဘောကျစေမယ့် အဖွဲ့၀င်ပေါင်း ၁.၃ သန်းရှိနေပါပြီ။