News

မြန်မာမီနီဆလွန်းကားများကို လက်ငင်း ငွေချေစနစ်ဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်သော်လည်း ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု မြင့်တက်လာနိုင်

mini-salon

စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်လျက်ရှိတဲ့ မြန်မာမီနီ ဆလွန်းကားများဟာ ယခင်က နေပြည်တော် စက်မှုဝန်ကြီး ဌာနသို့ လျှောက်လွှာများ တင်သွင်း ၀ယ်ယူ ခဲ့ရသော်လည်း ယခုအခါ လျှောက်လွှာများ တင်သွင်းစရာမလိုဘဲ လက်ငင်း ငွေချေ စနစ်ဖြင့် ဝယ်ယူနိုင်နေပြီ ဖြစ်ကြောင်း နေပြည်တော် စက်မှုဝန်ကြီး ဌာနမှ တာ၀န်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါသည်။ နေပြည်တော် စက်မှုဝန်ကြီး ဌာနမှာ သာမကဘဲ ရန်ကုန်ရှိ အရောင်းပြခန်းမှာလည်း ဝယ်ယူနိုင်ကြောင်း သိရသည်။

ကားများ ရောင််းချရာတွင် ယခု ဘဏ္႑ာနှစ် အတွင်းမှာ အစီးရေ ၁,၁၃၀ ထုတ်လုပ်ထားပြီး ၆၇၈စီးကို ရောင်းချမှုဟာ တစ်ရက်ကို အများဆုံး ၂စီးသာ ရောင်းရခြင်းကြောင့် ထိုသို့ရောင်းအား နည်းပါးရသည်မှာ ပြည်ပမှ ကားအသစ်များ တင်သွင်းမှု များပြားလာခြင်းကြောင့် ယခင်က အဆိုပါကားများကို ကျပ်သိန်း ၈၀ဖြင့် ဝယ်ယူနိုင်ရာမှ ယခုအခါမှာတော့ ၇၅သိန်းဖြင့် ရောင်းချပေးလျက် ရှိပါတယ်။

ဒါကြောင့် ရောင်းအား နည်းပါးနေတဲ့ မြန်မာ မီနီဆလွန်းကား လက်ကျန်များကို ကုန်အောင် ရောင်းချပြီးမှသာ မော်ဒယ်လ်မြင့် ကားအမျိုးအစားသစ်များကို ထုတ်လုပ်ဖို့ စီစဉ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို စီစဉ်ရာမှာတော့ မော်ဒယ်လ်မြင့် ကားအမျိုးအစားသစ်များ ထုတ်လုပ်နိုင်ဖို့အတွက် ပြည်ပမှ ကားကုမ္ပဏီများနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။အဆိုပါ အကြောင်းအရာနှင့် စပ်လျဉ်းပြီး နောက်ဆက်တွဲ ရလဒ်မှာ ရန်ကုန်မြို့ အတွင်းရှိ အဓိက မိန်းလမ်းမကြီးများသာမက လမ်းသွယ် အချို့ နေရာများမှာပါ ယာဉ်ကြော ပိတ်ဆို့မှု ပိုမို ဖြစ်ပွားလာနိုင်ဖွယ်ရာ ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *