News

နိုင်ငံခြားငွေ လဲလှယ်သည့် လုပ်ငန်းကုမ္ပဏီများပါ လုပ်နိုင်ပြီ

money-changer

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန် ကြေညာချက် တစ်ရပ်အရ နိုင်ငံခြားငွေများ ဝယ်ယူ ရောင်းချ လဲလှယ်နိုင်ခွင့် လိုင်စင် (Money Changer Licence Me)ကို ယခင်က ပုဂ္ဂလိက ဘဏ်များကိုသာ ထုတ်ပေးခဲ့သော်လည်း ယခုအခါ ဘဏ်မဟုတ်သော ကုမ္ပဏီ အဖွဲ့အစည်းများကိုလည်း လဲလှယ် ရောင်းချခွင့် လိုင်စင်များ ထုတ်ပေးနေပြီဖြစ်ကြောင်း သိရပါသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဘဏ် မဟုတ်သော ကုမ္ပဏီ အဖွဲ့အစည်းများကို နိုင်ငံခြားငွေ ဝယ်ယူ ရောင်းချ လဲလှယ်ပေးခွင့် လိုင်စင် ထုတ်ပေးရန်နှင့် ပတ်သက်၍ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့မှ စပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအထိ ကုမ္ပဏီသုံးခုက ငွေလဲကောင်တာ ငါးခု ဖွင့်လှစ် ဆောင်ရွက်နေကြောင်း၊ ဆက်လက်ပြီး လိုင်စင် စည်းကမ်းနှင့်အညီ စိစစ် ခွင့်ပြုပေးလျက်ရှိကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားပါသည်။

လက်ရှိတွင် ဘဏ်ပေါင်း ၁၈ခုကို ကောင်တာ ၂၁၂ခု ဖွင့်လှစ် ခွင့်ပြုခဲ့ပြီးသည့်အနက် ငွေလဲ ကောင်တာ ၁၁၃ခု ဖွင့်လှစ်၍ နိုင်ငံခြားငွေ လဲလှယ် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။ နိုင်ငံခြားငွေများ ဝယ်ယူ ရောင်းချ လဲလှယ် ပေးခွင့်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိသော ကုမ္ပဏီ များသည် ငွေလဲကောင်တာ လုပ်ငန်းခွဲများကို ဗဟိုဘဏ်၏ ခွင့်ပြုချက် ရယူပြီး နိုင်ငံတစ်ဝန်း တိုးချဲ့ ဖွင့်လှစ်နိုင်ကြောင်း သိရှိရပါသည်။

ယခင်က နိုင်ငံခြားငွေ လဲလှယ်ခြင်းနှင့် ပတ်သက်၍ နိုင်ငံပိုင် ဘဏ်တစ်ခု ဖြစ်သည့် နိုင်ငံခြားငွေ လဲလှယ်သည့် ဘဏ် (Fashion Exchange Bank)တစ်ခုသာ ရှိပြီး နိုင်ငံခြားသို့ သွားမည့် သူများအတွက် မြန်မာငွေမှ နိုင်ငံခြားငွေသို့ လဲလှယ်ပေးခြင်း၊ နိုင်ငံခြားမှ ပြန်လာသည့် သူများ၊ နိုင်ငံခြားဝင်ငွေ ရှိသူများကို မြန်မာငွေနှင့် ပြန်လဲပေးသည့် လုပ်ငန်းကိုသာ ဆောင်ရွက် ပေးခဲ့ပါသည်။

နိုင်ငံခြားငွေ ရောင်းဝယ်ခြင်းမပြုလုပ်ပါ။ထိုအခါတရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်သည့် မှောင်ခိုလုပ်ငန်းကြီးထွားခဲ့ပါသည်။ နိုင်ငံတော်အတွက် နိုင်ငံခြားငွေ ရရှိမှု ဆုံးရှုံးရပါသည်။နိုင်ငံခြားသို့ အလုပ် သွားလုပ်သောသူများ၊ နိုင်ငံခြား သငေ်္ဘာသားများ၏ ဟွန်တီလွှဲသည့် လုပ်ငန်းများကို သင့်ရာ သင့်ရာ လုပ်ကိုင်ခဲ့ကြပါသည်။ ထိုလုပ်ငန်းကို ရန်ကုန်မြို့၊ လမ်းမတော် ၁၄လမ်းဘက်တွင် မုန့်လုပ်ငန်း ရှိသည့်အိမ်တစ်အိမ်တွင် ပြုလုပ်သည်ကို တွေ့ခဲ့ဖူးပါသည်။

ဆူးလေပန်းခြံတစ်ဝိုက်တွင်လည်းနိုင်ငံခြားငွေတရားမဝင် ရောင်းဝယ်မှုလုပ်ငန်းများစည်ကားခဲ့ပြီးမသမာမှုများရှိခဲ့ကြောင်းလည်းကြားရဖူးပါသည်။
ယခုကဲ့သို့ နိုင်ငံခြားငွေများတရားဝင်ရောင်းဝယ်လဲလှယ်ခြင်းကိုနိုင်ငံတော်မှကျယ်ကျယ်ပြန့်ပြန့်ခွင့်ပြု ပေးသည့်အတွက် နိုင်ငံခြားဝင်ငွေ ရှိသူများအနေဖြင့် လွယ်လွယ်ကူကူ လဲလှယ် ရောင်းဝယ်နိုင်တော့မည် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *