News, Opinion

အများက မိမိကို အားကိုးရလောက်သည့် ဝန်ထမ်းကောင်း တစ်ယောက်ဖြစ်စေရန် လိုက်နာသင့်သော အချက်များ

ကွဲပြားခြားနားတဲ့ အဆင့်အတန်းတွေအတွက် ကွဲပြားခြားနားတဲ့ ကျွမ်းကျင်မှုတွေနဲ့ စွမ်းဆောင်ရည် အရည်အချင်းတွေ လိုအပ် ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကုမ္ပဏီအတွက် အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို WPP (တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီအတွက် ဈေးကွက်ရှာခြင်းနှင့် ကြေငြာခြင်းဆိုင်ရာများကို ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ) အဖွဲ့အစည်းရဲ့ ထိန်းကျောင်း မှုကိုခံယူထားကြတဲ့ ဝန်ထမ်းတွေကို အဓိကထားပြီး ခေါ်ယူကြပါတယ်။ ဘာကြောင့် သူတို့ကိုမှ ငှားကြရတာလဲဆိုရင် သူတို့မှာ အရေးကြီးတဲ့ စရိုက်လက္ခဏာတွေ ရှိနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် မိမိကို အများကအားကိုးရသည့် ဝန်ထမ်းတွေ ဖြစ်ကြဖို့အတွက် လိုက်နာသင့်တဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဘက်စုံ ကျွမ်းကျင်အောင် မိမိရဲ့ ဦးနှောက်ကိုအသုံးချတတ်ခြင်း

ကျွန်တော်တို့ရဲ့ကမ္ဘာကြီးဟာ သတင်းအချက်အလက်တွေနဲ့ လွှမ်းမိုးမှု တိုးတက်နေတာကြောင့် ကွန်ပျူတာက ထုတ်ပေးတဲ့ အချက်အလက်တွေကို ဖတ်နိုင်ရုံနဲ့ သင်ဟာ အမြှင့်ဆုံးနေရာတစ်ခုကို ရောက်သွားပြီလို့ မထင်လိုက်ပါနဲ့။ စီးပွားရေးလုပ်ငန်း တွေမှာအောင်မြင်မှု အတန်အသင့်ရရှိနေတဲ့ လူတစ်ယောက်အတွက် သူ့ရဲ့ တန်ဖိုးရှိလှတဲ့ အရည်အချင်းကို ဘယ်တော့မှ အရေ အတွက်အဖြစ်သို့ မပြောင်းလဲဘူးလို့ စီမံခန့်ခွဲမှု သင်ကြားရေးကျောင်းRotman School မှ Roger Martinက ပြောပြ ထားပါတယ်။

အပြင်မှာ ထိတွေ့ကိုင်တွယ် မမြင်နိုင်တဲ့ တီထွင်စွမ်းရည်တွေ ၊ အလိုလို ထိုးသွင်းသိမြင်နိုင်စွမ်းတွေ ၊ စိတ်ကူးတွေဟာ လူတစ်ယောက်ကို ခေါင်းဆောင်ကောင်းဖြစ်စေဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ အကြောင်းက သူတို့ဟာ ကုမ္ပဏီရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ဘဏ္ဍာရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းပိုင်းကို အသေးစိတ်ကအစ လုပ်ဆောင်နိုင် လို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီတစ်ခုကို လာရောက်အလုပ်လျှောက်ထားမယ်ဆိုရင် အရောင်းဝန်ထမ်း၊ ကြော်ငြာဝန်ထမ်း နဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲထုတ်လုပ်သူတွေနဲ့ အင်ဂျင်နီယာရာထူးတွေနဲ့ပဲ အလုပ်လျှောက်ကြတာများပါတယ်။ အဲ့ဒါကြောင့် မိမိရဲ့ ဦးနှောက်ကို ဘက်စုံကျွမ်းကျင်အောင် အသုံးပြုနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားထားမယ်ဆိုရင် ဘယ်လိုအလုပ်မျိုးပဲ လာလာ ကိုယ့်ဘက်က အဆင်ပြေနေစေရန်အတွက် ဖြစ်ပါတယ်။

၂။ အငြင်းအခုံစွမ်းရည်ကိုကောင်းမွန်အောင်ကြိုးစားခြင်း

လူတွေက သင့်ရဲ့ဆုံးဖြတ်ချက်ကို စိတ်ပျက်စရာကောင်းလောက်အောင် လက်မခံခဲ့ဘူးဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် စကားများငြင်းခုံခြင်းတွေကို အမြဲတမ်း လုပ်ရကောင်း လုပ်ရနိုင်ပါတယ်။ ဒီအလုပ်ကိုလည်း သင်ဟာ စိတ်ရော ကိုယ်ပါနစ်ပြီးသင့်ရဲ့ ဆုံးဖြတ်ချက်ကိုလက်ခံလာအောင်ကြိုးစားရမှာဖြစ်ပါတယ်။

အကယ်၍ ခေါင်းဆောင်ပြောသမျှကို ဟုတ်ကဲ့ဆိုပြီး လုပ်နေတဲ့ လူတွေရှိခဲ့မယ်ဆိုရင် သူတို့ဟာ ဘာမှမသိတဲ့ လူတွေ ဖြစ်နေလို့ ပါပဲ။ တော်တဲ့ လူတွေက သူတို့တွေ ဘယ်လိုရပ်တည်ရမလဲဆိုတာနဲ့ ဖြစ်လာသမျှ ပြဿနာတိုင်းကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကိုသိကြတဲ့ လူတွေဖြစ်ပါတယ်။ အထူးသဖြင့် သူတို့ပြောသမျှကို လူတွေက နားမထောင်ချင်ကြဘူးဆိုတဲ့ အချိန်တွေမှာဆိုရင် ကိုယ့်ရဲ့စကားကို နားထောင်ချင်အောင်နဲ့ ကိုယ်ပြောသမျှကို အဆင်ပြေပြေ လက်ခံနိုင်လာအောင် ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို သူတို့ကောင်းကောင်းသိပါတယ်။

၃။ နိုင်ငံတကာနှင့် ရင်ဘောင်တန်းကာ ရှုမြင်တတ်ခြင်း

လူတွေကသူတို့ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကို ဒီထက်ပိုပြီးတိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုပြီး ကျွန်တော့်ကို လာမေးကြတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်စကားတစ်ခွန်းကို အမြဲတမ်းပြောလေ့ရှိပါတယ်။ အဲ့ဒီစကားကတော့ ခင်ဗျားတို့ တရုတ်လူမျိုး ပညာရှိတွေနဲ့ ပေါ်တူဂီလူမျိုး ပညာရှိတွေကို ကြည့်ပါဆိုတဲ့ စကားပါပဲ။

တရုတ်နိုင်ငံနဲ့ ဘရာဇီးနိုင်ငံတို့ဟာ ကမ္ဘာနဲ့ချီပြီး ကြီးမားတဲ့ အလုပ်နေရာတွေကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေဖြစ်ပေမဲ့ ဘယ်တော့မှ ပြည့်စုံပြီလို့ မခံယူကြပါဘူး။ အဲ့ဒါကြောင့် အခြားနိုင်ငံတွေနဲ့ အမြဲတမ်း ကြီးမားတဲ့ ပြိုင်ဆိုင်မှုတွေပြုလုပ်ပြီး ကြိုးစားနေကြတာ ကို သင်လေ့လာတဲ့အခါ တွေ့မြင်ရပါလိမ့်မယ်။ ဒီအချက်ဟာ သင့်အတွက် အကောင်းဆုံး ပညာရပ်တစ်ခုပါပဲ။ ဒါကြောင့် သင့်မှာ ဘယ်လောက်ပဲ ကျွမ်းကျင်တဲ့အရည်အချင်းတွေ ရှိနေပါစေ အရေးကြီးဆုံးအချက်ကတော့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး ရှုမြင်တတ်အောင် ကြည့်နိုင်မှ သင့်ရဲ့ အရည်အချင်းအတွက် အဆင်ပြေပါလိမ့်မယ်။

၄။ အများထက်အရင်ဦးအောင် အလုပ်လုပ်ခြင်း

သတင်းတစ်ခုထွက်ပေါ်လာပြီဆိုတာနဲ့ ကိုယ်တစ်ယောက်တည်း သိရတယ်လို့ မထင်ပါနဲ့။ နိုင်ငံတစ်နိုင်ငံမှာ လူပေါင်းမြောက် မြားစွာ ရှိပါတယ်။ ဒီလူတွေကလည်း ထွက်ပေါ်လာတဲ့ သတင်းတစ်ခုအပေါ်ကို စိတ်ဝင်စားကောင်း စိတ်ဝင်စားလာနိုင်ပြီး အချို့ တော်တဲ့ လူများဆိုရင် ဒီသတင်းကို အခြေပြုပြီး နည်းပညာအသစ်တွေ ၊ စိတ်ကူးအသစ်တွေ ၊ ဦးတည်ချက်အသစ်တွေနဲ့ပါ မိမိအတွက် ကောင်းမွန်တဲ့ လုပ်ငန်းတစ်ခုဖြစ်အောင် စိတ်ကူးပြီးသားဖြစ်ပါတယ်။

အခြားသူတွေက ဒီကိစ္စကို လက်လျှော့လိုက်ကြပြီ ၊ အရင်ထက် တန်ဖိုးကျအောင် လုပ်လိုက်ကြပြီလို့ ဘယ်တော့မှမထင်ပါနဲ့၊ ဘာကြောင့်လဲဆိုရင် သူတို့ရဲ့ စီးပွားလုပ်ငန်းကို နောက်ထက် တိုးတက်အောင်မြင်အောင်လုပ်ဖို့အတွက် သင်ကြားခြင်းကို ဘယ်တော့မှ ရပ်တံ့တဲ့လူတွေ မဟုတ်လို့ပါပဲ။ ကိုယ့်ရဲ့ ပြိုင်ဘက်တွေဟာ ဘယ်တော့မှ သူတို့ရဲ့ ဘဝကို လုံးဝဥုပ်သုံ ကျေနပ်နေတဲ့ လူတွေမဟုတ်ကြပါဘူး။ ဒါကြောင့် သင့်ရဲ့ စိတ်ကူးတစ်ခုကို အများထက်အရင် ဦးအောင်အလုပ်လုပ်ခြင်းက သင့်ကို အများက မှီခိုအားထားတဲ့ ဝန်ထမ်းကောင်းတစ်ယောက် ဖြစ်လာစေဖို့ ကြိုးစားသင့်တဲ့ အချက်ပဲဖြစ်ပါတယ်။

၅။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်း

ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ဖို့အတွက် အရမ်းအလျင်လိုစရာမလိုပါဘူး။ သေချာခိုင်မာတဲ့ ဆုံးဖြတ်ချက်ဖြစ်ဖို့သာ အရေးကြီး ပါတယ်။ သေချာခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို မြန်မြန်ချမှတ် တတ်ရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက် စဉ်းစားဖို့ လုံလောက်တဲ့ အချိန်ရခဲ့မယ်ဆိုရင်တော့ ၁၀ဝ ရာခိုင်နှုန်းအတိ ခိုင်မာသေချာတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပါ။ ခိုင်မာသေချာတဲ့ ဆုံးဖြတ်ချက်တစ်ခုက သင့်ရဲ့ မဟာဗျူဟာမြောက်တဲ့ အစီအစဉ်တွေနဲ့ အကောင်းဆုံး စဉ်စားတွေးခေါ်နိုင်မှုတွေ ပါဝင်တဲ့အတွက် ကြောင့် သင့်ရဲ့လုပ်ငန်းကို ဦးဆောင်နိုင်အောင် ကူညီပေးမှာဖြစ်ပါလိမ့်မယ်။ ဒါကြောင့် မိမိရဲ့ လုပ်ငန်းအတွက် ခိုင်မှာသေချာတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်အောင် ကြိုးစားပါ။

၆။ ကြုံတွေ့သမျှ အခက်ခဲတွေကိုအခွင့်အလမ်းအဖြစ် ပြောင်းလဲခြင်း

ဒီအချက်ကို ကျွန်တော် ဥပမာတစ်ခုနဲ့ ဖော်ပြချင်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိနေတဲ့ လိပ်ပြာလေးတွေကိုကြည့်ပါ။ သူတို့မှာအရမ်းလှပတဲ့ အတောင်ပံလေးတွေရှိကြပါတယ်။ ဒီလိုလှပတဲ့ အတောင်ပံလေးတွေဟာ ဘယ်နေရာကိုသွားသွား အရောင် ပြောင်းလဲသွားတယ်ဆိုတာမရှိပါဘူး။ သူတို့ ရည်ရွယ်ရာ နေရာတစ်နေရာကို သွားတယ်ဆိုပါစို့ ဒီလိုတောက်ပနေတဲ့ အတောင်ပံနဲ့ ပဲသွားပါတယ်။ သူတို့သွားချင်တဲ့ ရည်ရွယ်ရာနေရာကို သွားရင်းဖြင့် လမ်းမှာ အခက်အခဲအတားဆီးတွေ ကြုံတွေ့လာခဲ့ပေမဲ့ လည်းသူတို့ရဲ့ တောက်ပလွန်းလှတဲ့ အတောင်ပံလေးတွေက မှေးမှိန်သွားခြင်းမရှိပါဘူး။

ဒီလိုပါပဲ ကျွန်တော်တို့ရဲ့ အလုပ်ထဲမှာ စိတ်ဖိစီးစရာတွေ ကြုံလာခဲ့တဲ့အခါ ဘယ်တော့ စိတ်ဓါတ်မကျသွားပဲ ကိုယ့်အတွက် အခွင့်အလမ်းအသစ်တွေ တိုးပွားလာတယ်လို့ သတ်မှတ်ပြီး တက်ကြွစွာလုပ်ဆောင်ပါ။ အကြောင်းအရာ အခက်အခဲတစ်ခုကို စိတ်ပါလက်ပါနဲ့ မရမချင်း ထပ်တလဲလဲလုပ်မယ်ဆိုရင် သင့်ရဲ့ လုပ်ငန်းခွင်နယ်ပယ်ထဲမှာ သင်ဟာ အကောင်ဆုံးလူတစ်ယောက် အဖြစ် သင့်ကိုယ်သင် ကျေနပ်မှုအပြည့်နဲ့ လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

၇။ အနိုင်ရလိုစိတ် အမြဲတမ်းရှိပါ

နောက်ဆုံးလို့ သတ်မှတ်ထားတဲ့ အရာတိုင်းဟာ တကယ့် နောက်ဆုံးမဟုတ်သေးပါဘူး။ လူတွေက နောက်ဆုံးမှာ ဘယ်သူက နိုင်ပြီး ဘယ်သူက ရှုံးမလဲဆိုတာကို စိတ်ဝင်စားကြတယ်။ ကျွန်တော့်ရဲ့ ကိုယ်တွေ့အတွေ့အကြုံနဲ့ပြောရရင် လူတွေသတ်မှတ်တဲ့ ကျရှုံးခြင်းဆိုတာဟာ ကုမ္ပဏီရဲ့ အစိတ်အပိုင်းတစ်ခုကို ဆုံးရှုံးခြင်းဒါမှမဟုတ် ကုမ္ပဏီမှ အရည်အချင်းရှိတဲ့ ဝန်ထမ်းတစ်ယောက် ထွက်ခွာသွားခြင်းကို ဆိုလိုတယ်လို့ ထင်ပါတယ်။

ဒီသတ်မှတ်ချက်ကို ကျွန်တော် လက်ခံပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့အတွက် အရည်အချင်းရှိတဲ့ ဝန်ထမ်း တစ်ယောက် ဆုံးရှုံးခြင်းဟာလည်း ကုမ္ပဏီအတွက် များစွာနစ်နာမှု ရှိစေပါတယ်။ ဒါကြောင့် မိမိကုမ္ပဏီက ထွက်ခွာသွားတဲ့ အရည်ချင်းရှိတဲ့ ဝန်ထမ်းတွေရဲ့နေရာမှာ WPP (တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီအတွက် ဈေးကွက်ရှာခြင်းနှင့် ကြော်ငြာခြင်း ဆိုင်ရာများကို ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ) ရဲ့ ထိန်းကျောင်းမှုကို ခံထားရတဲ့ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို ဈေးကြီးကြီးနဲ့ ငှားရမ်းရတဲ့အခါ ကုမ္ပဏီအတွက် နစ်နာဆုံးရှုံးမှုတွေအများကြီး ဖြစ်ပေါ်စေပါတယ်။

ဒါကြောင့် ကျွန်တော်တို့ဟာ မိမိရဲ့ ကုမ္ပဏီကို အမြဲတမ်းအောင်မြင်မှုရှိနေအောင် အရည်ချင်းရှိတဲ့ ဝန်ထမ်းတွေကို မဖြစ်မနေ လက်တွဲခေါ်ယူထားရပါတယ်။ အရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းတွေကို ပိုင်ဆိုင်ထားခြင်းဟာလည်း ကုမ္ပဏီအတွက် အောင်မြင်မှု တွေရယူနိုင်ဖို့အတွက် အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ အမြဲတမ်းအနိုင်ရလိုစိတ် ရှိနေအောင် ကုမ္ပဏီတစ်ခုရဲ့ အရည်အချင်း ပြည့်ဝတဲ့ ဝန်ထမ်းဖြစ်အောင် ကြိုးစားခြင်းသည်လည်း သင့်အတွက် အများက ယုံကြည်စိတ်ချ အားကိုးအားထားပြုရတဲ့ ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်စေမဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။

ဒီအချက်တွေဟာ WPP (တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီအတွက် ဈေးကွက် ရှာခြင်းနှင့် ကြော်ငြာခြင်းဆိုင်ရာများကို ဝန်ဆောင် မှုပေးသည့် ကုမ္ပဏီ) အဖွဲ့အစည်းမှာရှိကြတဲ့ ဝန်ထမ်းတွေနဲ့ နှိုင်းယှဉ်ပြီး မိမိကိုယ်မိမိ ပြီးပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားနိုင်အောင် ရေးသားတင်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *