News

Lenovo Notebook ဝယ်ယူသူတိုင်း အဖိုးတန်လက်ဆောင် ပစ္စည်းများရယူနိုင်မည်။

ကွန်ပျူတာများဖြင့် တွဲဖက်အသုံးပြုနိုင်သော အဖိုးတန်ပစ္စည်းများကို ဖေဖော်ဝါရီလမှ စတင်ပြီး Lenovo Notebook ဝယ်ယူ သူတိုင်းအတွက် မေတ္တာလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ လက်ဆောင်အစီအစဉ် များကို အပိုင်း သုံးပိုင်း ခွဲထားပြီး ပထမအစီအစဉ်အဖြစ် Lenovo Pentium Series Notebook ဝယ်ယူသူတိုင်းအတွက် Original Lenovo earphone နှင့် Original Lenovo Pendrive(OTG)တို့ကို ရရှိမည်ဖြစ်ပြီး၊ ဒုတိယအစီအစဉ်အဖြစ် Lenovo Intel Core i7 ဝယ်ယူသူတိုင်းအတွက် Original Lenovo External Hard Disk 1TB ကို ရရှိမည်ဖြစ်ပြီး၊ တတိယ အစီအစဉ်အဖြစ် Lenovo Intel Core i5 Series Notebook ဝယ်ယူသူတိုင်းအတွက် ပြန်အမ်းငွေ ဒေါ်လာ(၃၀)ကို ရရှိမည် ဖြစ်ကြောင်း သိရသည်။ အထက်ပါ လက်ဆောင် အစီအစဉ်များကို၂၀၁၅ ဖေဖော်ဝါရီ (၁) ရက်မှ (၂၈)ရက်နေ့ အထိသာ အကျုံးဝင်မည် ဖြစ်ကြောင်းသိရသည်။ လက်ဆာင်ပေးမည့်အစီအစဉ်တွင် အရေအတွက်များ ကန့်သတ်ထားကြောင်းသိရသည်။ အထက်ပါ လက်ဆောင်အစီအစဉ်များကို မြန်မာတစ်နိုင်ငံလုံးရှိ Lenovo အရောင်းဆိုင်ကြီးတွင် အခွင့်အရေးတူညီစွာဖြင့် ရရှိနိုင်မည် ဖြစ်ကြောင်းသိရသည်။ အသေးစိတ်သိလိုပါက Lenovo Product များကို မြန်မာပြည် တစ်ဦးတည်း ကိုယ်စားလှယ်အနေဖြင့် တင်သွင်းဖြန့်ချီပေးနေသော KMD Computer & Mobile အရောင်းစင်တာ-အမှတ်(၁၇၄-၁၈၂) ပန်းဆိုးတန်း(အလယ်) ကျောက်တံတားမြို့နယ်။ ဖုန်း  ဝ၁-၂၄၅-၁၈၀၊ ၀၁-၃၈၁-၀၃၅၊ ၃၈၁-၇၇၆၊ ၃၈၄-၁၀၉ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *