
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်တုန်းက ၀ါတွင်းကာလ(မိုးတွင်းတစ်တွင်းလုံး)မှာ ရဟန်း၊ သံဃာ(ဘုန်းကြီး) တွေဟာ မိမိတို့ကျောင်းမှ ဘယ်မှ မသွားဘဲနဲ့ ၀ါတွင်းတစ်တွင်း ( မိုးတွင်း သုံးလ လုံးလုံး) တရားအားထုတ်ကြတယ်။ အဲဒီလို တရားအားထုတ်ပြီးတော့ မိုးကုန်လို့ သီတင်းကျွတ်လကို ရောက်ပြီဆိုတာနဲ့ ထို ရဟန်း၊ သံဃာများဟာ သူတို့ကို တရားမှတ်ဖို့သင်ပေးခဲ့တဲ့ ဆရာရဟန်းတွေ( ဘုန်းကြီးတွေ) နဲ့ မြတ်စွာဘုရားဆီကို သွားပြီးကန်တော့ကြပါတယ်ခင်ဗျ။