Apps, News

iOS 7နဲ့ ပတ်သက်ပြီး စိတ်တိုင်းမကျမှုများ

iPhoneတွေအတွက် Operating Systemအသစ် ဖြစ်တဲ့ iOS 7ကို Developerတွေအတွက် စပြီးတော့ ထုတ်လုပ်လိုက်တည်းက ကျွန်တော်သုံးလာတာပါ။ နှစ်လကြာပြီးတဲ့ နောက်မှာတော့ ကျွန်တော့်ရဲ့ iPhoneကို ဘယ်လို Used Toဖြစ်အောင် ပြန်လုပ်မလဲဆိုတာကို မတွေးတတ်တော့ပါဘူး။ ကျွန်တော့် အိုင်ဖုန်းဟာလည်း အသစ်လို ဖြစ်လာပါတော့တယ်။

အဲဒီလိုပြောနေကြ သော်လည်း iOS 7ဟာ ကောင်းမွန်နေဆဲပါ။ ရှေ့ကထွက်ရှိခဲ့တဲ့ Beta Versionရဲ့ အပြစ်တွေကို ကျွန်တော် လိုက်ထောက်နေတာ မဟုတ်ပါဘူး။ အားလုံးခြုံလိုက်ရင်တော့ ဒါဟာ မျှော်လင့်ထားရမယ့် အရာတွေပဲ ဖြစ်ပါတယ်။

ခုကျွန်တော်ပြောမယ့် အကြောင်းအရာတွေက Appleအနေနဲ့ iOS 7မှာ လိုအပ်နေသေးတဲ့ Featuresတွေနဲ့ Designတွေ အကြောင်းပဲဖြစ်ပါတယ်။ ကဲ… ကြည့်လိုက်ရအောင်ဗျာ။

၁။ Lock Screenမှာ Camera Appကို အလွယ်တကူဖွင့်နိုင်အောင် စီစဉ်ပေးထားတာ ကောင်းပါတယ်။ ဒါပေမယ့် iPhoneသုံးတဲ့ လူတော်တော်များများက ဖုန်းမှာနဂိုပါ၀င်တဲ့ Cameraကို ဦးစားပေးသုံးကြတာ မဟုတ်ပါဘူး။ iPhoneကနေ Instagram သို့မဟုတ်Snapchatကို သုံးဖို့ Shortcutစီစဉ် ထားပေးတာလည်း နှစ်သက်စရာပါပဲ။ ဒါပေမယ့် မေးခွန်းထုတ်စရာတစ်ခုက အဲဒီCamera Appနေရာမှာ ဘာလို့တစ်ခြားAppတွေ အစားထိုးလို့ မရတာလဲဆိုတာပါ။

၂။ ပြီးတော့လည်း iOS7ရဲ့ ကီးဘုတ်မှာပါလာတဲ့ “Voice Dictation” ခလုတ်ဟာ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ အဲဒီခလုတ်ကို Spacebarရဲ့ ဘေးမှာထားတာ ဖြစ်ပြီးကီးဘုတ်မှာ အသုံးအများဆုံး နေရာဖြစ်လို့ နေပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီခလုတ်ကို Cancel Outမလုပ်ခင် ခဏလေးစောင့်ရတဲ့ အချိန်တည်းမှာ ဘယ်နှကြိမ်တောင် မတော်တဆ နှိပ်မိလဲဆိုတာ မပြောတတ်တော့ပါဘူး။

၃။ ၀န်ဆောင်မှုနဲ့ ပတ်သက်ပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဆန်ဖရန်စစ္စကိုနဲ့ နယူးယောက်မြို့ကြီးတွေမှာ ကျွန်တော့် iPhoneနဲ့ ပတ်သက်ပြီး တကယ်ကို အဆင်မပြေတဲ့အချိန်တွေ ဖြစ်ခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Softwareမှာ များများစားစား လုပ်ထားတာမရှိဘူးဆိုတာ ဖြစ်နိုင်ချေများပေမယ့် နောင်လာမယ့် iPhoneတွေမှာတော့ ဒီလိုအလွယ်တကူနဲ့ Serviceပျောက်သွားတာမျိုး မဖြစ်တော့ဘူးလို့ မျှော်လင့်မိပါတယ်။

၄။ ဒါကတော့ ရယ်စရာပါပဲ။ iOS 7မှာ အသစ်ပါ၀င်လာတဲ့ Iconတွေက ကြည့်ပျော်ရှုပျော် မရှိပါဘူးတဲ့ခင်ဗျာ။ ရုပ်ဆိုးတယ်တဲ့။ ပုံမှာလည်းကြည့်လိုက်ပါဦး။ Safari, Photoနဲ့ Game Centerတွေ အတွက် Iconတွေကို ပေါ့။

၅။ Siriဟာလည်း ခုချိန်မှာတော့ Googleလောက် မကောင်းတော့ပါဘူး။ အရင်ကတော့ Siriဟာ iOS7မှာသေချာပေါက် ကောင်းမွန်တဲ့ Notification Centerဖြစ်ခဲ့ပေမယ့် Google Search Appကို iOSမှာ သုံးလိုက်တဲ့အခါမှာတော့ Siriလည်း နောက်ရောက်သွားပါတော့တယ်။

၆။ iOS 7မှာ၎င်းရဲ့ Mail Appနဲ့ပတ်သက် ပြီးတော့လည်း ပြဿနာရှိခဲ့ပါတယ်။ ဒါကတော့ Defaultပါ၀င်တဲ့ Email Appကို ပြောင်းလဲသုံးစွဲလို့ မရတာပါပဲ။ ကျွန်တော့်ဖုန်းမှာတော့ Email Appရဲ့ Choiceဟာ Mailbox ဖြစ်နေပါတယ်။ တစ်ယောက်ယောက်ကို ဓာတ်ပုံတွေအများကြီး ပို့ချင်ရင်လည်း Photo Appပဲသုံးနေရ ပါတယ်ဗျာ။

၇။ Appleရဲ့ အလိုလျောက်အမှားပြင်ပေးတဲ့ စနစ်(Autocorrect) ဟာလည်းတကယ်ပဲ မနှစ်သက်စရာပါ။ ၀က်ဘ်ဆိုဒ်တွေ၊ စာအုပ်တွေအများကြီးနဲ့ Tumblr Pageတွေဟာလည်း “Autocorrect Fail” ဆိုတာနဲ့ပဲ ဖွင့်မရဖြစ်ခဲ့ပါတယ်။ ဒါဖြင့် Appleဟာ Androidလိုမျိုး အခြားကီးဘုတ်တွေနဲ့ အစားထိုးခွင့်မပြုရတာလဲ ဆိုတာ မေးခွန်းထုတ်စရာပါပဲ။ ကျွန်တော်ကတော့ iPhoneမှာ Swype လေး ထည့်ထားပါတယ်။

၈။ ကျွန်တော့် iPhoneရဲ့ Home Screenမှာ App Icon ၁၆ခုနဲ့ Icon ၄ခုပါတဲ့ Dockတစ်ခု ရှိပါတယ်။ ပြီးတော့ ဒုတိယမြောက် Screenဟာလည်း ဒီတိုင်းပါပဲ။ အခြားScreen တွေလည်း ထူးမခြားနား ပါပဲဗျာ။ Androidနဲ့ မတူတဲ့အချက်က iOSဟာ အသုံးပြုတွေ လွယ်ကူအဆင်ပြေစေမယ့် Custom Shortcutတွေ၊ Widgetsတွေ မထားပေးတာပါ။ OS X Mavericksရဲ့ “Battery Saving Features”ဟာ iOS 7မှာ အသုံးပြုလို့ရလာတာ ကတော့ တကယ်ပဲ နှစ်သက်စရာပါ။ ဒါပေမယ့် Android Userတွေဟာ ဒါတွေသုံးလို့ရတာ ကြာပါပြီ။

၉။ Batteryဟာလည်း ပိုကောင်းဖို့ လိုပါသတဲ့။ ဒါဟာ အသုံးပြုသူတွေက သူတို့ရဲ့ စမတ်ဖုန်းနဲ့ ပတ်သက်ပြီး စောဒကတက်တဲ့ နံပါတ်တစ်အကြောင်းအရာပဲ ဖြစ်ပါတယ်။ Userတွေကလည်း Featuresတွေချည်းပဲ ဆက်တိုက်သုံးနေမယ် ဆိုရင်တော့ ဖုန်းBatteryဟာ အိမ်ပြန်မရောက်ခင် ကုန်သွားမှာပါ။ တကယ်လို့ Appleသာ တစ်နေကုန်အသုံးခံတဲ့ Batteryမျိုး နောက်မျိုးဆက် iPhoneတွေမှာ အာမခံပေးရင် ကျွန်တော်ကတော့ ပထမဆုံးထွက်တဲ့နေ့မှာတင် ၀ယ်မှာပဲဖြစ်ပါတယ်။

၁၀။ ပြီးတော့ iPhoneမှာ Default Browserကိုလည်း အမျိုးမျိုးပြောင်းလဲ ရွေးချယ်လို့မရပါဘူး။ ကျွန်တော်က Desktop Computerမှာ Google Chrome သုံးပါတယ်။ iPhoneမှာလည်း Chromeသုံးပေမယ့် အဲဒါကို Default ထားလို့မရပါ။ Appတွေ၊ Emailတွေနဲ့ Twitterတွေ သုံးတဲ့အခါမှာ Linkတစ်ခုခုတွေ့လို့ နှိပ်လိုက်ရင် အဲဒီLink ကို Chromeနဲ့ ဖွင့်ချင်ပေမယ့် Safariနဲ့သာ အလိုလျောက်ဖွင့်သွား တာပါပဲဗျာ။ ကျွန်တော်က Linkတစ်ခုခုကို Chromeနဲ့ ဖွင့်ချင်ရင် Clickသုံးခါလောက် အပိုထပ်ဆောင်း လုပ်ရပါတယ်။ အင်တာနက်ကို တွင်တွင်ကျယ်ကျယ် သုံးနေတဲ့လူမျိုးဆိုရင် ဒီလိုလုပ်ရတာ အချိန်ကုန်တာပေါ့ဗျာ။

၁၁။ “Group Message Conversation” တွေလုပ်ကြတဲ့အခါ ကျွန်တော့်အနေနဲ့ ထွက်လို့မရပါဘူး။ iOS 7မှာ Numberတွေကို Blockမယ့် Abilityသာ ကြီးမားတဲ့ Improvement ဖြစ်နေရင် ကျွန်တော့်အနေနဲ့ Groupထဲက Friendsတွေရဲ့ Text Messageလွှမ်းမိုးမှုတွေကို အသာလေးရှောင်သွား နိုင်မှာပါ။

၁၂။ “Wireless Back Up”ဟာလည်း တကယ်ကို သေသပ်ကောင်းမွန်တဲ့ Additionတစ်ခုပါ။ ဒါပေမယ့် Cloudပေါ်ကို Back Upတင်တာကတော့ အမြဲလိုအပ်နေတာပါပဲ။ Back Upလုပ်ရင် တိကျတဲ့ Portionတစ်ခုကို Pull Outလုပ်လို့ ဘာကြောင့်မရတာလဲ ဆိုတာလည်း မေးစရာဖြစ်နေပါတယ်။ လူတော်တော်များများက Corrupted Back Upတွေရှိကြပြီး Restoreပြန်လုပ်လိုက်တာနဲ့ Scratchကနေ ပြန်စရတာကိုလည်း ကြုံဖူးပါတယ်။ Appleဟာ အသုံးပြုသူတွေအတွက် ဖုန်းရဲ့ဘယ်အပိုင်းကို Back Upလုပ်ချင်လဲဆိုတာ တိတိကျကျ စီစဉ်ထားပေးသင့် ပါတယ်။

One thought on “iOS 7နဲ့ ပတ်သက်ပြီး စိတ်တိုင်းမကျမှုများ

  1. Tinkyawlin says:

    Thanks

Leave a Reply

Your email address will not be published. Required fields are marked *