News

နိုင်ငံတော် အရန်ငွေ ကန်ဒေါ်လာ ၇ဒသမ ၆ဘီလီယံရှိ

လက်ရှိဗဟိုဘဏ်တွင် နိုင်ငံတော် အရန်ငွေအဖြစ် နိုင်ငံတကာဘဏ်များတွင် အပ်နှံထားသည့် ကန်ဒေါ်လာ ၇ ဒသမ ၆ဘီလံယံရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဌ ဦးကျော်ကျော်မောင်က ပြောကြားသည်ဟု သိရသည်။ စက်တင်ဘာ ၂၀ရက်ကနေ ပြည်တော်ရှိ စက်မှု၀န်ကြီး ဌာနတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ဦးကျော်ကျော်မောင်က “အကောင့်ငါးခု ကိစ္စက ဗဟိုဘဏ်နဲ့ မသက်ဆိုင်ပါဘူး။ နိုင်ငံပြင်ပမှာ ဖွင့်ထားတဲ့ နိုင်ငံတော်အရန်ငွေက ၇ဒသမ ၆ဘီလီယံပဲရှိတယ်”ဟု ဆိုသည်။ အဆိုပါ နိုင်ငံတော် အရန်ငွေကြေးများကို မြန်မာနိုင်ငံနှင့် စီးပွားရေးလုပ်ငန်းများ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်လျက်ရှိသော နိုင်ငံများတွင် ဘဏ်စာရင်းများ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး နိုင်ငံတကာဘဏ်များတွင် ၁၁ဘီလီယံ အပ်နှံထားသည့် ကိစ္စများ ဗဟိုဘဏ်နှင့် မည်သို့မှ သက်ဆိုင်ခြင်းမရှိကြောင်း ယင်းက ထပ်မံပြောသည်။

အဆိုပါ နိုင်ငံတော် အရန်ငွေများတွင် ပုဂ္ဂလိက၊ အစိုးရနှင့် ဗဟိုဘဏ်တို့မှ ထည့်၀င်သည့် ငွေကြေးများ ပါ၀င်ကြောင်း ထပ်မံပြောသည်။ လက်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ဘဏ္႑ာရေး၀န်ကြီးဌာန လက်အောက်မှ ခွဲထွက်ကာ သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းအဖြစ် ရပ်တည်လျက် ရှိပြီး နိုင်ငံတော်၏ ငွေကြေးမူဝါဒ ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

2 thoughts on “နိုင်ငံတော် အရန်ငွေ ကန်ဒေါ်လာ ၇ဒသမ ၆ဘီလီယံရှိ

  1. မိုက်တာပေါ့ ဘယ်သူသုံးဖို့လည်း

  2. Ko Nyan Lin says:

    တော ပြော တောင် ပြော

Leave a Reply

Your email address will not be published. Required fields are marked *