Huawei Fan တွေအတွက် Huawei Nova 8i စမတ်ဖုန်းသစ်လေးပါ။ ဒီစမတ်ဖုန်းလေးမှာ အလန်းစား feature တွေ ဘာတွေပါမလဲဆိုတော့ –
Body ကို 4D Curvature ဒီဇိုင်းလေးနဲ့ထုတ်ပေးထားပြီး ရောင်ပြေးကာလာဒီဇိုင်းလေးကလည်း အမိုက်စားပါပဲ။
2376 x 1080 FHD+ resolution ရှိတဲ့ 6.67″ အကျယ် HUAWEI Edgeless Display မျက်နှာပြင်က ဂိမ်းပဲဆော့ဆော့ ရုပ်ရှင်ပဲကြည့်ကြည့် လုံးဝမိုက်တဲ့ရုပ်ထွက်နဲ့ မြင်တွေ့ရစေမှာပါ။
4,300 mAh ဘတ္ထရီကိုမှ 66 W HUAWEI SuperCharge နဲ့အားပြန်သွင်းပေးမှာဖြစ်လို့ 38 မိနစ်အတွင်းမှာ အားအပြည့်ပြန်သွင်းနိုင်မှာပါ။ တစ်နေ့တာလုံး အားခံနိုင်စေမယ့် Power-saving AI algorithm လည်း ပါတယ်နော်။
64MP main camera လေးက အဝေးရိုက်၊ အနီးရိုက် ဘယ်လိုပဲရိုက်ရိုက် လုံးဝ clear ဖြစ်နေတဲ့ အလှဆုံးပုံရိပ်တွေကို ရိုက်ကူးပေးမှာပါ။ 120° Ultra-Wide Angle Lens ပါတယ်ဆိုတော့ Outdoor ရိုက်ချင်တဲ့သူတွေအကြိုက် ကျယ်ပြန့်တဲ့ Background လှလှနဲ့ ရိုက်ကူးနိုင်ဦးမှာပါနော်။ Night Scene ရိုက်ချင်တဲ့သူတွေအတွက် Night Mode ကလည်း အဆင်သင့်ပါပဲ။
16MP front ကင်မရာက ရိုက်လိုက်တဲ့ပုံတိုင်းကို ထူးထူးခြားခြားနဲ့ အလန်းစား Selfie ဓာတ်ပုံလေးတွေအဖြစ် မြင်တွေ့ရမှာပါ။
System ပိုင်းမှာဆိုရင် OS အတွက် Android 10, EMUI 11, no Google Play Services နဲ့လာတာဖြစ်ပြီး Qualcomm SM6115 Snapdragon 662 Chipset ကိုအသုံးပြုထားပါတယ်။ CPU အတွက် Octa-core (4×2.0 GHz Kryo 260 Gold & 4×1.8 GHz Kryo 260 Silver) ကို အသုံးပြုထားပြီး GPU အတွက်ကိုတော့ Adreno 610 ကို အသုံးပြုထားပါတယ်။
Apps တွေကို စိတ်ကြိုက်တပြိုင်နက်သုံးနိုင်ပြီး ဒေတာတွေအများကြီးသိမ်းလို့ရတဲ့ RAM 8GB & ROM 128GB ဗားရှင်းလေးပဲဖြစ်ပါတယ်။
Black, Silver, Blue အရောင်သုံးမျိုးနဲ့လာလို့ စိတ်ကြိုက်ရွေးချယ်ဝယ်ယူဖို့ အောက်မှာလင့်ခ်လေးလည်း တပါတည်း ထည့်ပေးလိုက်ပါတယ်နော်။
» အိုင်စီတီမှာ အပိုထပ်ဆောင်း % ပေးစရာမလိုဘဲ 100% i/mBanking ဖြင့် ပေးနိုင်သလို၊ ငွေသားဖြင့် ပေးချေပါကလည်း 5% ပြန်အမ်းငွေပေးသွားဦးမှနော်။ 

ဆက်သွယ်မေးမြန်းလိုပါက







Team ICT.com.mm