ဒီ MacBook Pro 2021 မှာဆိုရင် အံ့အားသင့်လောက်အောင်မြန်ဆန်တဲ့ M1 Pro chip ကြောင့် အမိုက်စား Performance နဲ့သုံးနိုင်မှာဖြစ်ပြီး ဘတ္ထရီအားကလည်း အတော်လေးခံတာကို တွေ့ရပါတယ်။ လှပတဲ့ Liquid Retina XDR Display, MacBook ထဲမှာ အကောင်းဆုံးလို့ဆိုရမယ့် ကင်မရာနဲ့အသံစနစ်အပြင် သင်လိုအပ်သမျှ connection ports တွေအားလုံးပါပါတယ်နော်။ သူ့ရဲ့ Features တွေကတော့ –
မြန်တာကိုမှကြိုက်တဲ့ Pro Users တွေအတွက် up to 10 CPU cores, up to 16 GPU cores နဲ့ 16‑core Neural Engine တို့ကိုပေါင်းစပ်ပေးထားတဲ့ M1 Pro chip က ခက်ခဲတဲ့အလုပ်တွေကို မြန်မြန်ဆန်ဆန်ပြီးစီးအောင် ကူညီပေးမှာပါ။
Power Efficiency အားကောင်းလာလို့ ဘတ္ထရီသက်တမ်းပိုအသုံးခံလာပြီးတော့ Plug မထိုးထားရင်လည်း Performance ကလုံးဝကျမသွားပါဘူး။ အပူထိန်းချုပ်စနစ်က လေဝင်လေထွက် 50% ပိုကောင်းလာပြီး Apple Silicon ရဲ့ Power Efficiency ဖြစ်မှုကြောင့် အတွင်းပန်ကာတွေဖွင့်ပြီး အပူထုတ်ရတယ်ဆိုတာကလည်း ခပ်ရှားရှားပါပဲ။
Liquid Retina XDR က Notebook ထဲမှာ အကောင်းဆုံး Display ဖြစ်ပြီး Extreme Dynamic Range နဲ့အတူ contrast ratio က million to one ဖြစ်ပါတယ်။ ဓာတ်ပုံ၊ ဗီဒီယို၊ ဂိမ်း ဘယ်အတွက်ပဲသုံးသုံး အသေးစိတ်ကြည်လင်တောက်ပတဲ့ HDR ပုံရိပ်နဲ့ပဲ မြင်တွေ့ရမှာပါ။ ProMotion နည်းပညာသစ်က Web page ကြည့်တာမှအစ ဂိမ်းကစားတာအဆုံး ထူးခြားတဲ့ experience နဲ့ အသုံးပြုနိုင်စေမှာပါ။ refresh rate – 120Hz အထိရှိတဲ့အတွက် ပုံရိပ်တွေရဲ့လျင်မြန်တဲ့လှုပ်ရှားမှုတွေကို အလိုအလျောက်ချိန်ညှိပေးမှာဖြစ်ပြီး ProMotion video editors တွေက ၎င်းတို့ရဲ့ footage နဲ့ကိုက်ညီတဲ့ fixed refresh rate ကိုလည်း ရွေးချယ်နိုင်စေမှာ ဖြစ်ပါတယ်။
Stay at Home ကာလတွေမှာ အင်တာနက်ကနေအမြဲဆက်သွယ်နေကြမှာမို့ လုံးဝ resolution အမြင့် 1080p HD ကင်မရာကို တပ်ဆင်ပေးထားပြီး ကြီးမားတဲ့ Image sensor လည်းပါဝင်တဲ့အတွက် အလင်းအားနည်းချိန်မှာလည်း အဆင်ပြေပြေအသုံးပြုနိုင်မှာပါ။
ပတ်လည်အသံထွက်မယ့် စပီကာခြောက်လုံးပါအသံစနစ်နဲ့ အဆင့်မြင့် algorithm တွေက Dolby Atmos နည်းပညာနဲ့အတူ အမိုက်စား Spatial Audio အသံကွာလတီကို နားဆင်ရစေမှာဖြစ်ပါတယ်။
ပထမဆုံးအကြိမ်အဖြစ် Magic Keyboard မှာ full-height function key row ကို အသုံးပြုပေးလိုက်လို့ Pros တွေနှစ်ခြိုက်တဲ့ Mechanical Keys တွေရဲ့ tactile feel လေးကို အပြည့်အဝခံစားရစေမှာပါ။ Spotlight, Dictation နဲ့ Do Not Disturb ဆိုတဲ့ Shortcuts အသစ်တွေလည်း ပါဝင်လာပြီးတော့ MacBook ကို အလျင်အမြန် unlock လုပ်ပေးမယ့် Touch ID လည်း ပါဝင်လာပါတယ်။
SDXC card reader, HDMI output, 3.5 mm headphone jack, Thunderbolt 4 ports တွေပါဝင်ပြီး အားပြန်သွင်းဖို့ကိုတော့ MagSafe 3 port ကိုအသုံးပြုရမှာပါ။
ဒီလို ဒီလို Feature အစုံအလင်နဲ့ နောက်ဆုံးပေါ် MacBook Pro 2021 လေးကိုမှာယူချင်တယ်ဆိုရင်တော့ ICT မှာ အခုပဲ မှာယူလို့ရနေပါပြီနော်။
Order now » https://bit.ly/3pWllwm

ဆက်သွယ်မေးမြန်းလိုပါက







Team ICT.com.mm