ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၃၀ရက် – ဖေဖော်ဝါရီလ ၂၇ရက်၊ သောကြာနေ့၊ ရန်ကုန်မြို့ ပန်းလှိုင်ဂေါက်ကွင်းတွင် ဒုတိယအကြိမ် ကျင်းပမည့် AMCHAM မြန်မာ “ChariTee Golf Tournament” တွင် အဖွဲ့အစည်းအလိုက် စပွန်ဆာ ပေးအပ်ခြင်းဖြင့် ပါဝင်နိုင်ပြီဖြစ်ပါသည်။
ပြိုင်ပွဲအတွက် မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်သည့် အဖွဲ့မှ ပေးအပ်နိုင်သော စပွန်ဆာ ပုံစံအမျိုးအမျိုး၊ ကြွင်းအလိုက် စပွန်ဆာ၊ door prizes လှူဒါန်းခြင်း သို့မဟုတ် ပြိုင်ပွဲဝင်ရန် စာရင်းပေးသွင်းခြင်း စသည်တို့ကို ရွေးချယ်ဆောင်ရွက်နိုင်ရန် ကုမ္ပဏီများကို ဖိတ်ခေါ်သွားမည်ဖြစ်သည်။ ပြိုင်ပွဲမှရရှိလာမည့် အလှူငွေများကို ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ချို့တဲ့နွမ်းပါးသော ကျောင်းသူကျောင်းသားများအတွက် အထောက်အပံ့ပေးနေသော AMCHAM Myanmar Scholarship Fund တွင်တိုက်ရိုက် ထည့်ဝင်လှူဒါန်းသွားမည်ဖြစ်သည်။
“မနှစ်က ပြိုင်ပွဲမှာ ရန်ကုန်စီးပွားရေးအသိုက်အဝန်းက အထင်ကရ အဖွဲ့ဝင် ၁၂၀ ကျော်တို့ပါဝင်ခဲ့ပြီး AMCHAM Myanmar Scholarship ရံပုံငွေအတွက် အမေရိကန်ဒေါ်လာ ၁၅,ဝ၀ဝ ရရှိခဲ့ပါတယ်။ ဒီရံပုံငွေဟာဆိုရင် ထောက်ပံ့မှုများလိုအပ်နေတဲ့ ဒီနှစ် ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားမယ့် ကျောင်းသားအယောက် ၃၀ အတွက် လုံလောက်တဲ့ အထောက်အပံ့ပေးဖို့ပါ။ မနှစ်ကလိုဘဲ ဒီ ၂၀၁၅ခုနှစ်မှာလည်း ဒီပွဲကို ထပ်ပြီးပြုလုပ်မယ့်အကြောင်း ဝမ်းမြောက်စွာကြေညာလိုပါတယ်။ ပရဟိတလုပ်ငန်း အပြင် ဒီပွဲကနေ ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံကြဖို့ အခွင့်အရေးဖြစ်သလို၊ မြန်မာ့ စီးပွားရေး အသိုက်ဝန်းကြီးမှာ သူတို့ကုမ္ပဏီ အကြောင်းကို ပိုပြီးပြသနိုင်ဖို့ အခွင့်အရေးလည်းဖြစ်ပါတယ်” ဟု Event Organizer နှင့် AMCHAM Sports ၏ ဥက္ကဋ္ဌ ဖြစ်သူ Dale Jones ကပြောသည်။
ဒုတိယအကြိမ်ကျင်းပသည့် AMCHAM Myanmar “ChariTee” ဂေါက်ရိုက်ပြိုင်ပွဲအကြောင်း ပိုမိုသိရှိရန် နှင့် စပွန်ဆာအဖြစ် ပါဝင်ရန်စိတ်ဝင်စားပါက AMCHAM Myanmar Chapter ၏ Chapter Coordinator အာကာကျော် [email protected] ထံအီးမေးလ် ပေးပို့စုံစမ်းနိုင်သည်။
ရွေးချယ်နိုင်သောစပွန်ဆာပေးအပ်မှု
Platinum Sponsor (US$3,000): လေးယောက်တစ်ဖွဲ့ ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲ၊ စပွန်ဆာပေးအပ်ခြင်းအတွက် ပြိုင်ပွဲ အစ၊ အလယ်၊ အဆုံး အသိအမှတ်ပြုခြင်းပြုလုပ်မည်။ ကြွင်းနှစ်ကြွင်းပါ ဝင်သည့် ပြိုင်ပွဲ၊ လက်ကမ်းကြော်ငြာများထားရှိနိုင်မည့် စားပွဲ နှင့် ပရိုမိုးရှင်းဆိုင်ရာ ပစ္စည်းတို့ဖြစ်သည်။
Gold Sponsor (US$2,500): လေးယောက်တစ်ဖွဲ့ ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲ၊ စပွန်ဆာပေးအပ်ခြင်းအတွက် ပြိုင်ပွဲ အစ၊ အလယ်၊ အဆုံး အသိအမှတ်ပြုခြင်းပြုလုပ်မည်။ တစ်ကြွင်းပြိုင်ပွဲ။
Silver Sponsor (US$1,000): စပွန်ဆာပေးအပ်ခြင်းအတွက် ပြိုင်ပွဲ အစ၊ အလယ်၊ အဆုံး အသိအမှတ်ပြုခြင်း ပြုလုပ်မည်။
Goodie Bag Contributor: ပွဲနေ့တွင် အိတ်ပေါင်း ၁၄၄ အိတ်တို့တွင်ပါဝင်မည့် ပစ္စည်းများအတွက် ထည့်ဝင်ခြင်းအတွက် အသိအမှတ်ပြုခြင်းတို့ ပြုလုပ်ပါမည်။
AMCHAM Myanmar Scholarship ရံပုံငွေအကြောင်း
American Chamber of Commerce (AMCHAM) Myanmar Chapter အနေဖြင့် မြန်မာနိုင်ငံမှ လူငယ်များ၏ အနာဂတ် အခွင့်အလမ်းများကို တိုးမြှင့်ပေးမည့် ပညာရေး၏အရေးပါမှုကို သိရှိနားလည်ခြင်းကြောင့် AMCHAM Myanmar Chapter Scholarship အစီအစဉ်ကို စတင်လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ၎င်းအစီအစဉ်မှနေ၍ ဘွဲ့ကြိုကျောင်းသား၊ သူ များကို ပညာသင်နှစ်များတွင် အဆင်ပြေစွာ ပညာသင်ယူနိုင်ရန်အတွက် ငွေကြေးထောက်ပံ့ခြင်းဖြစ်သည်။ AMCHAM မှ မြန်မာ့လူမှုအသိုင်းအဝန်းကို အကျိုးပြုမည့် ကျွမ်းကျင်သော လုပ်အားစုဖန်တီးရာတွင် အကူအညီများ ပိုမိုပေးနိုင်ရနှ် ရည်ရွယ်သည်။
၂၀၁၄ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ကျောင်းသား၊ သူ အယောက်၃၀ ကို AMCHAM Myanmar Scholarship ရံပုံငွေဖြင့် စာသင်နှစ် (၁)နှစ်အတွက် လုံလောက်သော ရံပုံငွေများကို ရှာဖွေပေးနိုင်ခဲ့သည်။ ပညာသင်ထောက်ပံ့ကြေးများကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလတွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ပညာသင်နှစ် အရည်အချင်းနှင့် ပြည့်မီပါက ဘွဲ့ရသည်အထိ ပညာသင်ဆုကို နှစ်တိုး၍ ဆက်လက်လျှောက်ထားနိုင်သည်။
AMCHAM Myanmar scholarship အစီအစဉ်အား ၁၉၇၆ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကျောင်းသားပေါင်း ၁၇၀ဝ ကျော်ကို ထောက်ပံ့မှုများပေးနေသည့် AMCHAM Thailand scholarship အစီအစဉ် နည်းတူ ပုံဖော်လုပ်ဆောင်ထားခြင်း ဖြစ်သည်။
About AMCHAM Myanmar
AMCHAM Myanmar Chapter သည် မြန်မာနိုင်ငံတွင်းရှိ နိုင်ငံတကာ စီးပွားရေး အဖွဲ့တစ်ခုဖြစ်ပြီး Procter & Gamble ကို အယောက် ၁၀ဝမြောက် အဖွဲ့ဝင်ကုမ္ပဏီအဖြစ် မကြာသေးမီကမှ သတ်မှတ်ထားနိုင်ခဲ့သည်။ ကုန်သွယ်ရေးကို မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို အထောက်အကူပြုရန် AMCHAM က ရည်ရွယ်သည်။ AMCHAM မှ မြန်မာနိုင်ငံ၊ အာရှဒေသတွင်းနှင့် အမေရိကန်နိုင်ငံမှ ပုဂ္ဂလိက နှင့် အစိုးရကဏ္ဍ နှစ်ခုစလုံးတွင် တူညီသည့် ဦးတည်ချက်များကို ထောက်ပြ ဆွေးနွေးခြင်းနှင့် အကြံအဉာဏ်များ ဖလှယ်နိုင်ရန်အတွက် နေရာများဖြင့် လုပ်ငန်းရှင်များ နှင့် စီးပွားရေးလုပ်ငန်းများကို ဖန်တီး ပေးမည်ဖြစ်သည်။
AMCHAM Myanmar Chapter တွင် စီးပွားရေးလုပ်ငန်းအမျိုးမျိုးနှင့် စက်မှုလုပ်ငန်းနယ်ပယ်မှ စီးပွားရေးလုပ်ငန်းများ ပါဝင်သည့် ကော်မတီ ၁၀ ခုကျော်ရှိသည်။ တူညီသည့်သဘောထားများ နှင့် အဖြစ်အပျက်များကို ဆွေးနွေးရန်နှင့် စီမံကိန်း အသစ်များ၊ လှုပ်ရှားမှုများအတွက် ကော်မတီတိုင်းက forum အဖြစ် ပါဝင်ကြသည်။ အသေးစိတ်အချက်အလက်များ သို့မဟုတ် AMCHAM ၏ အဖွဲ့ဝင်ဖြစ်ရန်အတွက် စိတ်ဝင်စားမှုရှိပါက www.amchamthailand.com/myanmar သို့မဟုတ် www.facebook.com/amchammyanmar စသည့် အင်တာနက်စာမျက်နှာများသို့ ဝင်ရောက်လေ့လာနိုင်ပါသည်။