Featured, News, Travel

ဆောင်းရာသီ အားလပ်ရက်ခရီးအတွက် အကောင်းဆုံး Travel Appဆယ်ခု

ဆောင်းရာသီ အားလပ်ရက်ခရီးအတွက် အကောင်းဆုံး Travel Appဆယ်ခု

စမတ်ဖုန်းတွေဟာ ဖုန်းပြောဖို့ သက်သက်မဟုတ်တော့ပါဘူး။ ကျန်းမာရေးကို စစ်ဆေးပေးဖို့ ၊ ပိုက်ဆံ လွှဲပေးဖို့၊ အလုပ်ကိစ္စ များမှာ အသုံးပြုဖို့ အပြင် ခရီးသွားလာရာမှာလည်း အထောက်အကူပြုတဲ့ အိတ်ဆောင်ကွန်ပျူ တာလေးတွေ ဖြစ်လာပါပြီ။ လိုအပ်တာကတော့ စမတ်ဖုန်းနဲ့ သင့်တော်တဲ့ Appsတွေပါပဲ။ ဆောင်းရာသီ အားလပ်ရက်မှာ ခရီးသွားကြမယ့် သူတွေအတွက် လေယာဉ်ကို Bookingလုပ်တာကနေ သယ်ဆောင်သင့်တဲ့ ပစ္စည်းတွေကို ညွှန်ပြပေးတာအဆုံး အောက်ပါ Appsတွေက သင့်ရဲ့ ခရီးသွားအေးဂျင့်တစ်ယောက်လို ကူညီပေးနိုင်ပါတယ်။

1. Skyscanner

Skyscannerက သင့်ရဲ့ခရီးအတွက် စရိတ်အနည်းဆုံးနဲ့ အဆင်ပြေဆုံး လေယာဉ်ကို ရှာဖွေပေးဖို့အတွက် လေကြောင်းလိုင်း အားလုံးနဲ့ တည်နေရာတွေကို ရှာဖွေပေးနိုင်ပါတယ်။ လေကြောင်းခရီးစဉ်နဲ့ ချိတ်ဆက်ပြီး အသက်သာဆုံး အငှားကားနဲ့ ဟိုတယ်တွေကိုလည်း ရှာပေးနိုင်ပါတယ်။

2. JetSmarter

Uberရဲ့ အငှားယာဉ်၀န်ဆောင်မှုလိုပဲ JetSmarterက မိနစ်ပိုင်းအတွင်း ပုဂ္ဂလိက ဂျက်လေယာဉ်တွေကို ရှာဖွေပေးနိုင်ပါတယ်။ ချက်ချင်းခရီးသွားချင်တဲ့သူတွေအတွက် Appက ကမ္ဘာ့ဘယ်နေရာကနေ မဆို ဂျက်လေယာဉ်ကို မှာယူပေးနိုင်ပါတယ်။ လေယာဉ်ခရီးစဉ် ပျက်သွားသူတွေအတွက်လည်း အသုံး၀င်ပါတယ်။

3. Triplt

မကြာခဏခရီးသွားသူတွေအတွက် Tripltက တစ်နေရာတည်းမှာ နေ့စဉ်ခရီးတွေကို သိမ်းဆည်းပေးတဲ့ ဘုံသုံး ခရီးသွား လမ်းညွှန်ဖြစ်ပါတယ်။ Appက တစ်နေရာတည်းမှာ ဟိုတယ်၊ လေယာဉ်နဲ့ စားသောက်ဆိုင် ကြိုတင်မှာယူမှုများအားလုံးကို စုဆောင်းနိုင်ဖို့နဲ့ သင့်ရဲ့ Apple, Google Calendarများနဲ့ Syncလုပ်ပေးမှာပါ။ ခရီးသွားမှတ်တမ်းများ ပြုလုပ်ပေးနိုင်သလို သင့်ရဲ့ ခရီးစဉ်များမှ စိတ်၀င်စားဖွယ်ရာများနဲ့ ပွဲတော်များကိုလည်း အကြံပြုပေးနိုင်ပါတယ်။

4. WorldMate

Triplt လိုပဲ Worldmateက ခရီးသွားမှတ်တမ်းကို ဖန်တီးပေးနိုင်ပါတယ်။ ထူးခြားချက်က WorldMateက စီးပွားရေး လုပ်ဖော်ကိုင်ဖက် ၊ မိသားစု၀င်တွေကိုသင့်ရဲ့ ခရီးစဉ်ကို မျှဝေနိုင်ပါတယ်။ အလုပ်ကိစ္စနဲ့ ခရီးသွားသူတွေအတွက် သင့်တော်ပြီး ခရီးစဉ်မှ အစည်းအဝေးများကို ခွဲခြားမှတ်သားပေးနိုင်ပြီး LinkedInအကောင့်နဲ့ ချိတ်ဆက်နိုင်ပါတယ်။

5. TripAdvisor
စိတ်၀င်စားဖွယ်နေရာတွေကို ရှာဖွေခဲ့တဲ့၊ စားသောက်ဆိုင်တွေမှာ စားသောက်ခဲ့ပြီး ဟိုတယ်တွေမှာ တည်းခိုခဲ့တဲ့ အခြား ခရီးသွားများရဲ့ ဝေဖန်သုံးသပ်ချက်တွေနဲ့ အကြံတွေကို ရယူပါ။ သင့် ခရီးကို သွားစဉ်မှာ အကောင်းဆုံးနေရာတွေနဲ့ ရှောင်ရှားရမယ့် နေရာတွေကို ရှာဖွေနိုင်ပါတယ်။

6. Gogobot
TripAdvisorလိုပဲ Gogobotက အခြား ခရီးသွားတွေရဲ့ ဓါတ်ပုံနဲ့ ဝေဖန်သုံးသပ်ချက်တွေကို ပံ့ပိုးပေးပါတယ်။ ဒါ့အပြင် Gogobotက သင့်ရဲ့ စိတ်၀င်စားမှုပေါ် မူတည်ပြီး ပွဲတော်များကိုလည်း အကြံပြုပေးပါတယ်။ Gogobotက သင့်ရဲ့ အနှစ်သက်ဆုံး အစားအစာ၊ ငွေကြေး၊ ဝါသနာနဲ့ အခြား အရာများကို အခြေခံပြီး သွားသင့်တဲ့ နေရာစာရင်းကို ဖန်တီးပေးနိုင်ပါတယ်။

7. Airbnb
ထူးခြားတဲ့ ခရီးသွားအတွေ့အကြုံကို လိုချင်ရင်တော့ Airbnbက ကူညီပေးနိုင်ပါတယ်။ ခရီးသွားစဉ်မှာ ဟိုတယ်အစား သာမာန် နေအိမ်မှာ တည်းခိုချင်ရင် Appက ရှာဖွေပေးနိုင်ပါတယ်။ Airbnbက ကာလတို ကာလရှည်အတွက် ငှားရမ်းမယ့် နေအိမ်စာရင်း ကို ပံ့ပိုးပေးထားသလို နေအိမ် လဲလှယ်နေထိုင်ဖို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။ Appကနေပြီး နေအိမ်ရဲ့ ဓါတ်ပုံတွေကို ကြည့်နိုင်ပြီး သင်လိုအပ်တာတွေ အကုန်ရှိနေတယ်ဆိုရင် အိမ်ပိုင်ရှင်နဲ့ ဆက်သွယ်နိုင်မှာပါ။

8. PackPoint
PackPointက သင်ထုပ်ပိုးသွားမယ့် စာရင်းကိုသာ သိမ်းဆည်းပေးတာမဟုတ်ပါဘူး။ ခရီးသွားရင် လိုအပ်မယ့် အရာတွေကို အကြံပြုပေးနိုင်ပါတယ်။ အသုံးပြုသူတွေက သွားမယ့်နေရာ ၊ နေ့ရက်နဲ့ ခရီးစဉ်မှာ ပြုလုပ်မယ့် အရာတွေကို ထည့်သွင်းပေးနိုင် ပါတယ်။ ဒါမှသာ PackPointက သင့်ရဲ့ ခရီးစဉ်မှာ လိုအပ်တာတွေ အားလုံးအတွက် ထုပ်ပိုးရမယ့် စာရင်းကို ဖန်တီးပေးမှာပါ။ ရာသီဥတု၊ တည်နေရာနဲ့ ပြုလုပ်မယ့် အလုပ်များအလိုက် ဘာတွေယူသွားရမလဲဆိုတာ အကြံပြုပေးနိုင်ပါတယ်။

9. Minube
Instagramလို ဓါတ်ပုံတွေ ပံ့ပိုးပေးထားတဲ့ ခရီးသွားလမ်းညွှန် တစ်ခုပါ။ ခရီးသွားတွေရဲ့ သူတို့ ရောက်ခဲ့တဲ့နေရာမှာ ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံတွေနဲ့ အတူ လမ်းညွှန်တွေကို Feedမှာ ကြည့်နိုင်ပါတယ်။ အသုံးပြုသူတွေရဲ့ ဓါတ်ပုံနဲ့ အကြံပြုချက်တွေကနေ စားသောက်သင့်တဲ့ အကောင်းဆုံး အစားအစာတွေကနေ ဟိုတယ်တွေ၊ တိမ်မြုပ်နေတဲ့ စိတ်၀င်စားဖွယ်နေရာတွေကိုပါ သိနိုင်ပါတယ်။

10. Duolingo
ခရီးမသွားခင်မှာ ဒီ အသုံး၀င်တဲ့ Tutorial Appနဲ့ သင့်ရဲ့ နိုင်ငံခြားဘာသာစကားစွမ်းရည်ကို မြှင့်တင်လိုက်ပါ။ ပြင်သစ်ကနေ အီတလီ အပြင် Duolingoက ဘာသာစကား ဆယ်မျိုးကျော်ရဲ့ အခြေခံနဲ့ သင်ခန်းစာတွေကို ပံ့ပိုးပေးထားတဲ့အတွက် သင့်ရဲ့ ခရီးစဉ်မတိုင်မီ ကြိုတင်ပြင်ဆင်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *