Technoland Computer Sales and Serviceသည် နေပြည်တော်ရှိ ဥတ္တရသီရိမြို့နယ်တွင် ဆိုင်ခွဲ ဖွင့်လှစ်သည့် အထိမ်းအမှတ်အဖြစ် Technoland၏ ဆိုင်ခွဲများတွင် အထူးဈေးရောင်းပွဲများ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။
Technolandသည် အထူးဈေးရောင်းပွဲအဖြစ် Laptopအမျိုးအစားများစွာကို သြဂုတ်လ ၂၆ရက်နေ့မှ စက်တင်ဘာလ ၈ရက်နေ့အထိ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဖွင့်လှစ်ထားသော Technoland Computer ဆိုင်ခွဲ ၆ဆိုင်စလုံးတွင် အထူးလျှော့ဈေး (Discount)ဖြင့် ရောင်းချပေးသွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ခေတ်နှင့်အညီ Laptop အမျိုးမျိုးကို ဝယ်ယူအသုံးပြုလိုသူများအနေနှင့် Technoland Computer ဆိုင်ခွဲများသို့ သတ်မှတ်ရက်အတွင်း ကြွရောက် ဝယ်ယူအားပေးနိုင်ပါကြောင်း သိရှိရပါသည်။