
JVA06 Dual HDMI

Video Capture လေးက HDMI

sources နှစ်ခုကနေပြီးတော့ အရည်အသွေးချုံ့ထားခြင်းမရှိတဲ့ 1080p resolution အပြည့် ဗီဒီယိုကို တစ်ပြိုင်နက်တည်း real time ရိုက်ကူးနိုင်ပြီး စိတ်ကြိုက် Customize လုပ်နိုင်စေမယ့် Device လေးပဲ ဖြစ်ပါတယ်။

Live Streaming ပဲဖြစ်ဖြစ် Recording ရိုက်တာပဲဖြစ်ဖြစ် PIP (Picture in Picture) နဲ့ PBP (Picture by Picture) displays တို့အပါအဝင် Screen Mode Configurations ခြောက်ခုနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Device မှာပါတဲ့ ခလုတ်လေးတွေကိုပဲ အသုံးပြုပြီးတော့ Display Settings နဲ့ Transitions တွေကို အလျင်အမြန် Adjust လုပ်နိုင်ပါတယ်။ ဒါ့အပြင် Background Image အသစ် ထပ်ထည့်လို့ရစေမယ့် Chroma Key application လည်းပါဝင်ပါတယ်။

အသံပိုင်းအတွက် HDMI

သို့မဟုတ် Analog 3.5 mm port ကနေ အလွယ်တကူချိတ်ဆက်နိုင်တာကြောင့် ကိုယ့်ရဲ့ HDMI

source တွေနဲ့ မိုက်ကရိုဖုန်းကနေပြီးတော့ တိုက်ရိုက်အသံဖမ်းယူနိုင်မှာပါ။ အရမ်းမိုက်တဲ့ Audio Mixer Function ကိုလည်း Built-in ထည့်ထားတဲ့အတွက် မတူညီတဲ့ Audio Setting လေးခုနဲ့ Audio Input သုံးခု (Mic In, HDMI

A and HDMI

B) တို့ကြားမှာ စိတ်ကြိုက် ကစားနိုင်မှာဖြစ်ပါတယ်။

JVA06 က နောက်ထပ် Level တစ်ခုကိုသွားချင်တဲ့ Content Creators တွေ သို့မဟုတ် Producers တွေအတွက် ငွေကုန်ကြေးကျမများတဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပြီးတော့ ကိုယ့်ရဲ့ရိုက်ကူးမှုမှာ ကွာလတီကို အကောင်းဆုံးထိန်းထားပြီး အလုပ်ရှုပ်သက်သာစေမယ့် System မျိုးကိုပဲ အသုံးပြုချင်တဲ့ Live Streamers တွေအတွက် အမှန်ကန်ဆုံးသော ရွေးချယ်မှုလည်း ဖြစ်ပါတယ်။

USB-C

host connection မှာ Power Delivery 3.0 ပါဝင်တဲ့အပြင် DSLR နဲ့ အတွဲအဖက်မိမိ ချိတ်ဆက်ပေးမယ့် Adapters တွေလည်း ပါဝင်ပါသေးတယ်။ ဒါကြောင့် Live Streaming လွှင့်တဲ့အခါမှာ သွားသွားလာလာ ရိုက်ကူးနိုင်သလို ကိုယ်ချိတ်ထားတဲ့ USB-C Device ကိုလည်း အားသွင်းပေးနေမှာပါ။

Why shop with ICT.com.mm

» 1 discount point for every 1 Kyat spend
» Pay with debit, credit card or bank transfer
» 100% guarantee and after-sales service
» Speedy delivery in Yangon & around Myanmar
» 8:30 AM – 1 AM around the clock live chat
» Price match guarantee from authorized distributors

More info


Phone:
0976 544 1707
0976 544 1708
0976 544 1709
0976 544 1710

Enjoy Shopping

Team ICT.com.mm