Featured, Lifestyle, News

မြို့ပြကို မနှစ်သက်သူများရဲ့ အံ့သြဖွယ် ဓါတ်ပုံများ

၂၀၁၀ လောက်တုန်းက ပြင်သစ် ဓါတ်ပုံဆရာ အန်တွိုင်နီ ဘရူ့က ဥရောပတဝိုက်ကို ဘယ်လိုသွားမယ်ဆိုတာကို ပလန်မချထားပဲနဲ့ ရောက်ရာသွားမယ်ဆိုပြီး စက်ဘီးနဲ့ အနှံ့လျှောက်သွားဖို့ စတင်ခဲ့တယ်။ သူ့ခရီးလမ်း တစ်လျှောက်မှာလည်း လူပေါင်းစုံနဲ့သူတွေ့ခဲ့တယ်။ အဲဒီလူတွေတော်တော်များများက သူတို့နေခဲ့တဲ့မြို့တွေကို စွန့်ခွာပြီး တနည်းပြောရရင် မြို့ပေါ်နေတဲ့စတိုင်ကို စွန့်ပြီး ပိုပြီးကျယ်ပြန့်လွန်းလှတဲ့ ကမ္ဘာကြီးထဲက ပိုပျော်ရွှင်စရာ ကောင်းတဲ့အရာတွေကို ရှာဖွေနေတဲ့လူတွေ ဖြစ်တယ်။

ဘရူ့က ယခုတိုင် လျှပ်စစ်မီးမရရှိသေးပဲ ဝေးလံခေါင်လွန်းလှတဲ့ အရပ်ဒေသက လူတွေနဲ့ တွေ့ဖို့ရာ သူ့ခရီးကို စတင်ခဲ့ပါတယ်။ သူလမ်းပေါ်မှာ ၃ နှစ်လောက် နေလာတဲ့အတောအတွင်းမှာ လမ်းပေါ်က ယာယီအိမ်လေးတွေမှာ နေတယ်၊ ခြံတွေမှာနေတယ်။ အဲဒီနောက်မှာတော့ သူဟာ အဲဒီကုန်းမြေဒေသကနေ ထွက်လာခဲ့ပြီး သူကြုံခဲ့တဲ့ လူနေမှုစရိုက်မျိုးစုံကို စာတမ်းပြုစုပါတယ်။ အဲဒီထဲမှာ မတူညီတဲ့ နေထိုင်မှုစရိုက်တွေနဲ့ လူပေါင်းစုံရဲ့ အကြောင်းတွေ ပါမယ်။ ဘရူ့စာတမ်းထဲမှာ သူတွေ့ခဲ့တဲ့၊ ပေါင်းသင်းဆက်ဆံခဲ့တဲ့ လူတွေမှန်သမျှဟာ နေ့တိုင်းကျင်လည် လှုပ်ရှားလည်ပတ်နေရတဲ့ ကြွက်ပြိုင်ပွဲတွေထဲက ထွက်ပြေးချင်နေကြပြီး သဘာဝနဲ့အညီ စည်းချက်ကျကျ နေနိုင်တဲ့ စိတ်အေးချမ်းမှုများစွာရှိတဲ့ ဘဝလေးကို တက်မက်နေသူတွေ ဖြစ်ကြတယ်။

ဘရူ့က သူကုန်းမြေဒေသတွေမှာ တုန်းက ရိုက်ထားခဲ့တဲ့ ဓါတ်ပုံတွေများစွာကိုလည်း ထုတ်ပြခဲ့ပါတယ်။ ဒီပေ့မှာတော့ အနည်းငယ်သာ ဝေမျှထားတာဖြစ်ပြီး ကျန်ရှိနေတဲ့ ဓါတ်ပုံအစုံအလင်ကို ကြည့်ရှုချင်တယ် ဆိုရင်တော့ သူ့ရဲ့ဆိုက်ဒ်ကို သွားကြည့်နိုင်ပါတယ်။ ဘရူ့က လက်ရှိမှာတော့ သူ့ရဲ့ ယူအက်စ် ပရောဂျက်ကို ဆက်လုပ်ဖို့ လူများစွာနဲ့ ဖောင်ဒေးရှင်း ဆန်ဆန် အဖွဲ့တစ်ခုကို တည်ထောင်ထားပြီး သင့်အနေနဲ့လည်း ဒီမှာဝင်ပြီး လှူဒါန်းနိုင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အကျော်လောက်က ဥရောပနိုင်ငံသား အများစုဟာ မြို့ပြင်မှာ ရွေ့ပြီးနေထိုင်ဖို့ စတင်ခဲ့တယ်။  ပြီးတော့ အဲဒီလူတွေဟာ လူခြေတိတ်ဆိတ်တဲ့ နေရာတွေဖြစ်တဲ့ စပိန်က “ဆီအယ်ရာ ဒီ ကာဇိုရာလာတောင်” (အောက်ကပုံ)၊ ပြင်သစ်က “ပိုင်ရန်နီးစ်တောင်” နဲ့ ဆွီဇလန်နိုင်ငံက နေရာတွေ စသည့်နေရာတွေကို ရွေ့ပြောင်းဖို့ ရည်ရွယ်ခဲ့ကြတယ်။ ဘရူ့က WWOOF တို့လို ကမ္ဘာတစ်ဝန်းကို သဘာဝ ခရီးသွားအဖွဲ့မှာ ရှေ့ဆောင်လမ်းပြ လုပ်နေတဲ့လူတွေနဲ့လည်း တွေ့ခဲ့ပါတယ်။

မြို့ပြကို မနှစ်သက်သူများရဲ့ အံ့သြဖွယ် ဓါတ်ပုံများ

ဒီအောက်ကပုံကတော့ ဂျာမန်လူမျိုးတစ်ယောက်ပိုင်တဲ့ ပြင်သစ်နိုင်ငံ ပိုင်ရန်နီးစ်တောင်ရဲ့ ပြယုဒ်တစ်ခု ဖြစ်ပါတယ်။ ဒီဂျာမန်လူမျိုးကတော့ သူ့မိသားစုနဲ့အတူ ဒီနေရာကို ရွေ့ပြောင်းခဲ့တာ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကတည်းက ဖြစ်ပါတယ်။ သူက အဲဒီနေရာလေးက ယခင်ရှိပြီးသား တဲလေးသေးသေးလေးတစ်ခုကို ဒီလိုမျိုး ကိုယ်ပိုင်အိမ်လေးတစ်ခုဖြစ်အောင် ပြန်လည်ပြုပြင်ထားတာ ဖြစ်ပါတယ်။ အဲဒီမှာ လျှပ်စစ်ထောက်ပံ့မှု မရှိပါဘူး ဒါပေမယ့် ဆိုလာပန်နယ်လေးရဲ့ ပါဝါနဲ့ အိမ်လေးကို မီးလင်းစေတာ ဖြစ်ပါတယ်။

မြို့ပြကို မနှစ်သက်သူများရဲ့ အံ့သြဖွယ် ဓါတ်ပုံများ

သူ့မိသားစုက သူ့ကိုထားခဲ့ပေမယ့်လည်း ပုံမှာ မြင်ရတဲ့အတိုင်း သူတစ်ယောက်တည်း ကျန်ခဲ့ပြီး တခြား လူလေးယောက်နဲ့အတူ ဆက်လက်နေထိုင်လာတာ နှစ် ၂၀ လောက်ရှိပါပြီ။ သူ့အိမ်လေးမှာက တခြား ခရီးသွားတွေနဲ့ ရွေ့ပြောင်းနေတဲ့လူတွေကလည်း ဝင်လိုက်ထွက်လိုက်ပါပဲ။

မြို့ပြကို မနှစ်သက်သူများရဲ့ အံ့သြဖွယ် ဓါတ်ပုံများ

အောက်ကပုံလေးထဲက ကောင်လေးကတော့ သူအဖေနဲ့အတူ ပိုင်ရန်နီးစ်တောင်နဲ့ အရမ်းနီးတဲ့နေရာမှာ နေထိုင်နေတာ ဖြစ်ပါတယ်။ သူတို့သားအဖနှစ်ယောက်ဟာ လျှပ်စစ်ဓါတ်အားမရှိပဲနဲ့ အဲဒီနယ်မြေမှာ နေနေပုံပါပဲ။

မြို့ပြကို မနှစ်သက်သူများရဲ့ အံ့သြဖွယ် ဓါတ်ပုံများ

နောက်တစ်ခုကတော့ ပိုင်ရန်နီးစ်တောင်ရဲ့ ဒုတိယ ပြယုဒ်လို့ ခေါ်လို့ရတဲ့ အဆောက်အအုံတစ်ခုဖြစ်ပါတယ်။ ပုံထဲမှာမို့လို့ သေးတယ်လို့ထင်ရတာပါ၊ အမှန်က သူ့ရဲ့အရှည်က ပေ ၃၀ ရှည်ပါတယ်။ အဲဒီ ကတော့ပုံတဲလေးကို တိရိစ္ဆာန်အရည်ခွံတွေများစွာနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ အဲဒီနေရာလေးဟာ နွေရာသီလတွေမှာဆို ခရီးသွားတဲ့သူတွေရဲ့ နားခိုရာလေးတစ်ခု ဖြစ်ပါတယ်။

မြို့ပြကို မနှစ်သက်သူများရဲ့ အံ့သြဖွယ် ဓါတ်ပုံများ

ဒီအောက်ကသူကတော့ အဲဒီအပေါ်က ကတော့ပုံ အိမ်လေးမှာ နေခဲ့တာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဖြစ်ပါတယ်။

မြို့ပြကို မနှစ်သက်သူများရဲ့ အံ့သြဖွယ် ဓါတ်ပုံများ

နောက်ထပ်အောက်က ပုံလေးကတော့ ပိုင်ရန်နီးစ်တောင်ရဲ့ အိမ်တွေထဲက တစ်အိမ်ရဲ့ အတွင်းဘက် မြင်ကွင်းတစ်ခု ဖြစ်ပါတယ်။ ဘရူ့က ဒီနေရာလေးမှာ ၃ လလောက် နေခဲ့ဖူးပါတယ်။

မြို့ပြကို မနှစ်သက်သူများရဲ့ အံ့သြဖွယ် ဓါတ်ပုံများ

သူကလည်း ပြင်သစ်နိုင်ငံ တောင်ဘက် အလယ်ပိုင်းဒေသဖြစ်တဲ့ အာဒီချီနယ်မြေမှာ သူ့ဇနီးနဲ့အတူ သိုးတွေနဲ့ ဆိတ်တွေကို မွေးမြူနေတာဖြစ်ပါတယ်။ ဒီအောက်ကပုံလေးထဲမှာတော့ သူမွေးထားတဲ့ ခွေးက အန္တရာယ်ပေးလိုက် တဲ့ သိုးကို ကုသပေးနေတာ ဖြစ်ပါတယ်။

မြို့ပြကို မနှစ်သက်သူများရဲ့ အံ့သြဖွယ် ဓါတ်ပုံများ

ဒီအောက်က နောက်တယောက်ကတော့ ဂျာမနီနိုင်ငံသားဖြစ်ပြီး လှည့်လည်သွားလာနေတဲ့ သိုးထိန်းသမား တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဂျာမနီ၊ သြစတီးလျ နဲ့ ဆွီဇလန် နိုင်ငံတွေအတွင်းက ခြံတွေမှာ တစ်ခြံကနေ တစ်ခြံ ကူးပြီး သိုးတွေ၊ နွားတွေ နဲ့ မြင်းတွေကို ကူညီပေးနေတဲ့ ရွေ့လျား သိုးထိန်းသမားလေး တစ်ယောက်လည်း ဖြစ်ပါတယ်။

မြို့ပြကို မနှစ်သက်သူများရဲ့ အံ့သြဖွယ် ဓါတ်ပုံများ

ဒီအောက်က အဆောက်အအုံလေးကို ပိုင်ဆိုင်တာကတော့ အင်္ဂလိပ်အမျိုးသမီးကြီး ဖြစ်ပြီး သူမဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တုန်းက သူမစက်ဘီးစီးနေတဲ့အချိန်မှာ ကားတိုက်ခံခဲ့ရတဲ့ သူဖြစ်ပါတယ်။ သူမပစ္စည်းတစ်ချို့ ရောင်းချလို့ရခဲ့တဲ့ အရင်းအနှီးလေးတစ်ချို့နဲ့ စပိန်က ပစ္စည်းတစ်ချို့ ဝယ်ပြီးတော့ ဒီအောက်က ပုံလေးထဲက သန့်စင်ခန်း အဆောက်အအုံလေးပုံစံ အတိုင်း ဆောက်လုပ်ခဲ့ပါတယ်။

မြို့ပြကို မနှစ်သက်သူများရဲ့ အံ့သြဖွယ် ဓါတ်ပုံများ

စပိန်နိုင်ငံသား မိသားစု သုံးယောက်ကတော့ အောက်က မြင်ရတဲ့ အမိုးခုံးလေးမှာ နေကြပြီး အလုပ်အတူတူ လုပ်ကြပါတယ်။ သူတို့အလုပ်ကတော့ သစ်ဥ၊ သစ်ဖု တွေနဲ့ ဟင်းသီး ဟင်းရွက်တွေ စိုက်ထားတဲ့ ဥယျာဉ်လေးထဲမှာ နေ့တိုင်းထိန်းသိမ်း စောက်ရှောက်ကြတာ ဖြစ်ပါတယ်။ အဲဒီမြေလေးကို ပိုင်ဆိုင်တဲ့သူကတော့ ကွန်ပျူတာ web developer သမားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ တစ်နေ့တာ တစ်ဝက်အတိုင်းအတာကို ဝက်ဆိုက်ဒ် လုပ်ပြီးတော့ အခြားကျန်တဲ့ အချိန်တွေကိုတော့ ဒီလိုမျိုး သူပိုင်တဲ့ဥယျာဉ်လေးတွေကို ထိန်းသိမ်းတဲ့ အလုပ် လုပ်ပါတယ်။

three-families-live-in-the-spanish-dome-and-work-together-maintaining-a-community-garden-of-fruits-and-vegetables-the-land-is-owned-by-a-web-developer-who-spends-half-his-day-making-websites-and-the-other-half-ma

အောက်ကပုံက ဂျာမနီနိုင်ငံသူ အမျိုးသမီးကြီးကတော့ သူ့အမျိုးသားနဲ့အတူ မြို့နေစတိုင်ကို စွန့်ခွာရန် လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက ဆွီဇလန်ကို ပြောင်းရွေ့ခဲ့ပါတယ်။ သူတို့ဟာ အခုချိန်မှာတော့ အရမ်းကို ပြည့်စုံတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားပါပြီ။ သူတို့အတွက် ကိုယ်ပိုင် နေဖို့ရှိတယ်၊ ကိုယ်ပိုင် စားဖို့ရှိတယ်၊ ကိုယ်ပိုင် ခြံ ရှိတယ်။ သူမဟာ ပညာရှင်တစ်ယောက် ဖြစ်ပြီး ဆွီဇလန်ကို မပြောင်းခင်တုန်းက ဒဿနိကဗေဒ ပါမောက္ခတစ်ယောက် အဖြစ် အသက်မွေးခဲ့ပါတယ်။

မြို့ပြကို မနှစ်သက်သူများရဲ့ အံ့သြဖွယ် ဓါတ်ပုံများ

အောက်က သူမရဲ့အမျိုးသားဖြစ်သူကတော့ မြို့ကမရွေ့ခင်တုန်းက အင်ဂျင်နီယာ တစ်ယောက်အဖြစ် အသက်မွေးခဲ့ ဖူးပါတယ်။ ဘရူ့နဲ့ တွေ့ခဲ့တဲ့သူ အများစုက သူ့ကိုပြောခဲ့တယ် သူတို့ဟာ မြို့တွေကို စွန့်ခွာခဲ့ကြတယ် ဘာလို့လည်းဆိုတော့ သူတို့ စွန့်ခွာချင်လို့နဲ့ စွန့်ခွာဖို့ လိုအပ်လို့ လို့ ပြောခဲ့ပါတယ်။ “ကျွန်တော့ကို သူတို့အများစု ပြောတာက သူတို့ဟာ မြို့စတိုင်ရဲ့ အရသာကို ဘာမှမခံစားချင်ဘူး ပြီးတော့ သူတို့ကိုယ်တိုင်ကလည်း အဲဒီမြို့ရဲ့ကိစ္စအဝဝကို မကိုင်တွယ်နိုင်တော့ပါဘူး” လို့ ဘရူ့က ပြောပြခဲ့ပါတယ်။

မြို့ပြကို မနှစ်သက်သူများရဲ့ အံ့သြဖွယ် ဓါတ်ပုံများ

author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Leave a Reply

Your email address will not be published. Required fields are marked *