Archive, News

SP New Product – Ultimate Protection in Armor A30

SP (Silicon Power) မှအသစ်ထွက်ရှိလာသည့် Taiwan Brand Shockproof နည်းပညာသုံး USB 3.0 portable hard drive Armor A30 ဖြစ်ပါသည်။

Armor A30 hard drive ရဲ့ ထူးခြားချက်ကတော့ US စစ်ဘက်ဆိုင်ရာအကြမ်းခံနိုင်မှု MIL-STD-810G(drop test) စစ်ဆေးထားပြီး ခြစ်ရာဒဏ်ခံနိုင်စေရန် HDD ရဲ့မျက်နှာပြင်ပေါ်မှာ hexagonal pattern ပုံစံနဲ့ cover ပြုလုပ်ထားကာ ကိုင်တွယ်အသုံးပြုနိုင်ရန် HDD ရဲ့ဘေးအပြင်ပတ်လည်တွင် ကြိုးသွားရာလမ်းကြောင်းပုံစံထွင်းထားတဲ့ ပုံသဏ္ဍာန်ပြုလုပ်ထားပါသည်။ ဆန်းသစ်သောအရောင်များနှင့် USB 3.0 ပါဝင်တဲ့အတွက် USB 2.0 ထက် data တွေ transfer ပြုလုပ်ရာမှာ ၁၀ ဆပိုမိုမြန်ဆန်စေပါသည်။ ထို့အပြင် စစ်ဘက်ဆိုင်ရာအကြမ်းခံနိုင်မှု MIL-STD-810G(drop test) စစ်ဆေးထားသောကြောင့် အကြမ်းခံနိုင်ရည်ကိုစိတ်ပူစရာမလိုတော့ပါ။

Armor A30 ကို 500GB, 1TB and 2TB အထိ ရရှိ နိုင်ပြီ ဖြစ်ပါသည်။ Armor series တွင် SP Widget download software(providing 7 major back up and security tools) ပါရှိပြီး warranty အားဖြင့် 3 years ပေးထားပါသည်။ အကြမ်းခံတဲ့ design၊ ထူးခြားဆန်းသစ်တဲ့ ပုံသဏ္ဍာန်၊ လှပသေသပ်မူတွေနဲ့ ပေါင်းစပ်ထားတဲ့ Armor A30 ကို 500GB = $54, 1TB = $65, 2TB = $103 ဖြင့် Golden Power Technology – ph: (01-2304848~52) နှင့် ကွန်ပျူတာဆိုင်များအများစုတွင် ဝယ်ယူရရှိနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *