Archive, News

Silicon Power New product – Armor A65

SP (Silicon Power) မှ အသစ်ထွက်ရှိလာတဲ့ Armor A65 ကို မိတ်ဆက်ပေးလိုက်ပါတယ်။

Armor A65 အကြမ်းခံမှုအပိုင်းတွင် ပြုတ်ကျဒဏ်၊ ဖုံမူန့်နှင့် ရေစိုဒဏ် ခံနိုင်ရည် ရှိစေမည့်နည်းပညာ အဆင့်ဆင့်ဖြင့် တပ်ဆင်ပြုလုပ်ထားပါတယ်။ ထို့အပြင် ရေနက်ရိူင်းမူ ပမာဏ 1 meter တွင် ကြာချိန် 30- minutes ထိရေစိုဒဏ်ခံနိုင်ရည်ရှိပါတယ်။ Armor A65 ထူးခြားချက်သည် IP67 အဆင့် ရရှိပြီ U.S စစ်ဘက်ဆိုင်ရာမှ ရေစိုဒဏ်ခံနိုင်မှုနှင့် အကြမ်းခံမှုပိုင်းကို အတည်ပြုပေးထားလို့ စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

ပြေပြစ်သော သင်္ဘောကိုယ်ထည်အောက်ပိုင်း Lines အဆင်းပုံစံ ဖြင့် ဒီဇိုင်းပြုလုပ်ထားပါသည်။ Sweet design ဖြစ်တဲ့အတွက်လည်း ခရီးသွားသူ၊ outdoor လုပ်ဆောင်နေသူ၊ နေ့စဉ်အသုံးပြုနေသူများအတွက် ကြိုးသီးသန့်ကိုင်စရာမလိုတော့ပဲ HDD နှင့်တွဲပြီး သယ်လို့အဆင်ပြေပါတယ်။

USB 3.0 ပါဝင်တဲ့အတွက် USB 2.0 ထက် data တွေ transfer ပြုလုပ်ရာမှာ 10ဆ ပိုမိုမြန်ဆန်စေပါတယ်။ Warranty အားဖြင့်လည်း 3 years ပေးထားပါတယ်။ အကြမ်းခံတဲ့ design၊ ထူးခြားဆန်းသစ်တဲ့ ပုံသဏ္ဍာန်၊ လှပသေသပ်မူတွေနဲ့ ပေါင်းစပ်ထားတဲ့အတွက် သုံးစွဲသူတွေကို စိတ်ကျေနပ်မှု ရရှိစေမှာပါ။ Armor A65 1TB = 66$ နှင့် 2TB = 104$ ဖြင့် Golden Power Technology – ph: (226664,210943) နှင့် ကွန်ပျူတာဆိုင်များအများစုတွင် ဝယ်ယူရရှိနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *