Sony Xperia S သည် ၂၀၁၂ MWC တွင် စတင်မိတ်ဆက်ပေးခဲ့တဲ့ မိုဘိုင်းလ်ဖုန်းဖြစ်ပြီး Sony ၏ နောက်ဆုံးထွက် ဖုန်းဟန်းဆက်အမျိုးအစားဖြစ်သည်။ Xperia S မှာ Sony ၏ နောက်ဆုံးထွက် NXT series များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ေaဈးနှုန်းအနေဖြင့် ဒေါ်လာ ၃၉၀ ကျော်ကျသင့်ကာ Xperia နောက်ဆုံးထွက် စီးရီးများ ထဲတွင် ဈေးအကြီးဆုံး ဖြစ်ကြောင်း သိရသည်။
1. ပေါ့ပါးလွန်းတဲ့ ဖုန်းတစ်လုံး
ဖုန်းတစ်လုံးရဲ့ အလေးချိန်က ၁၄၄ ဂရမ်သာ ရှိတဲ့အတွက် အပေါ့ပါးဆုံးဖုန်းတစ်လုံးလို့တောင် ပြောလို့ရပါတယ်။
2. ကျယ်ပြန့်တဲ့မျက်နှာပြင်
မျက်နှာပြင်အရွယ်အစားက ၄.၃ လက်မ ရှိတဲ့အတွက် Smartphone ကြီးကြီး ကိုင်ဆောင်လိုသူတွေ အကြိုက်ဖြစ်ပါတယ်။ ထို့ပြင် ဖုန်းက Sony က ထုတ်တယ်ဆိုတဲ့ အတိုင်း Screen ကို BRAVIA နည်းပညာများ အသုံးပြုထားပြီး အခြစ်ရာ၊ ပွန်းပဲ့ရာ ခံနိုင်ရည်ရှိအောင် ပြုလုပ်ထားပြန်ပါတယ်။
3. မြင့်မားတဲ့ Resolution
မျက်နှာပြင်အရွယ်အစား ကြီးမားတာနဲ့အညီ ထုတ်ပေးနိုင်တဲ့ Resolution ကလည်း 1280 x 720 ဖြစ်တဲ့အတွက် HD အရည်သွေးကို ခံစားရမှာကတော့ အသေအချာ ပါပဲ။
4. အံ့အားသင့်ဖွယ် Camera အရည်အသွေး
Xperia S အတွင်းပါရှိတဲ့ Camera ရဲ့ Mega Pixel က 12.1 ဆိုတဲ့အတွက် သာမာန် Camera တစ်လုံးရဲ့ စွမ်းဆောင်ရည်နီးပါးရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလို မြင့်မားတဲ့ Camera MP ပါရှိခြင်းအပြင် 16x zoom နှင့် LED Flash တို့ကလည်း ဖုန်းတစ်လုံးရဲ့ Camera ဆိုတာကို ယုံမှားသံသယ ဖြစ်စေပါတယ်။
5. HD Video အရည်အသွေး
Xperia S မှ တဆင့် video များ ရိုက်ကူးမယ် ဆိုရင်လည်း 1080p HD အရည်အသွေးကို ရရှိနိုင်ပြီး ထုတ်ပေးမယ့် format များကတော့ 3GPP နှင့် MP4 တို့ပဲ ဖြစ်ပါ တယ်။
6. NFC
Near-field communication (NFC) ဆိုတာကတော့ မိမိဖုန်းနဲ့ အနီးနားတဝိုက် ပမာဏနည်းပါးတဲ့ data တွေကို share လုပ်ခွင့်ပေးခြင်း ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ ကတော့ contacts များကို share ပြုလုပ်ခြင်း ဖြစ်ပါတယ်။
7. အကောင်းဆုံး အသံစွမ်းရည်
Xperia S အတွင်းပါဝင်တဲ့ Clear Audio နှင့် xLOUD အသံနည်းပညာတွေက သင့်ရဲ့သောတအာရုံခံစားမှုတွေကို ထိပ်ဆုံးသို့တွန်းပို့ပေးမှာ အမှန်ပဲဖြစ်ပါတယ်။
8. Playstation Certified
နည်းပညာသစ်ဖြစ်တဲ့ PlayStation Certified ကို အသုံးပြုထားတဲ့အတွက် ရလာမယ့်အကျိုးကျေးဇူးကတော့ Sony ရဲ့ ဂိမ်းပေါင်းမြောက်များစွာကို HD အရည် အသွေးနဲ့ ကစားနိုင်ပြီး ၄င်းတို့ကိုလည်း TV နှင့် ချိတ်ဆက်ကစားသွားလို့ ရနိုင်ပါသေးတယ်။
9. Entertainment
Xperia S ရဲ့ အထူးခြားဆုံးအချက်ကတော့ 3D ဂိမ်းတွေကို support လုပ်နိုင်ခြင်းဖြစ်ပြီး အခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ feature တွေကတော့ 3D surround sound၊ Facebook inside၊ Twitter integrated၊ Clear Studio and Clear Bassနှင့် TV Launcher တို့ ဖြစ်ပါတယ်။
10. Android Version
Xperia S အတွင်း အသုံးပြုထားတဲ့ Android Version ကတော့ Android 2.3 Gingerbread ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ Android 4 ကို ၂၀၁၂ နှစ်လယ်ပိုင်း အတွင်း upgrade ပြုလုပ်ခွင့် ပေးသွားမယ်လို့ သိရပါတယ်။