Sony က ၂၀၁၄ ခုနှစ်အတွက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းကို ပြသလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်ခဲ့တဲ့ Xperia Z 1 ရဲ့ မျိုးဆက်ဖြစ်ပြီး Xperia Z2 လို့ နာမည်ပေးထားပါတယ်။ Sony က Live Color LEDs လို့ ခေါ်တဲ့ IPS Display နည်းပညာအသစ် ကို ထည့်သွင်းပေးထားပြီး အရောင်အသွေးစုံလင်မှုမှာ အခြား Mobile Device များထက်သာလွန်တယ်လို့ Sony ကပြောပါတယ်။ Apple ရဲ့ iPhone, iPad များထက်တောင်ကောင်းမွန်ပါတယ်။
အသုံးပြုကြည့်တဲ့အခါမှာ Z2 ရဲ့ မျက်နှာပြင်ဟာ အလွန်ကြည်လင်ပြတ်သားပြီး အရောင်စုံလင်ပါတယ်။ Z1 ရဲ့ မျက်နှာပြင်ထက် သာလွန်ကောင်းမွန်ပါတယ်။ Z2 မှာ ၅.၂ လက်မမျက်နှာပြင်တပ်ဆင်ထားပါတယ်။ Resolution ကတော့ အရင်မျိုးဆက်အတိုင်းပဲ 1920×1080 ဖြစ်ပါတယ်။ Battery, RAM, Processor တို့ကို အဆင့်မြှင့်ထားပါတယ်။ 3200mAh Battery တပ်ဆင်ထားပါတယ်။ 3GB RAM, Quad-Core 2.3GHz Snapdragon 801 တပ်ဆင်ထားပါတယ်။ Z2 က ရေစိုခံပြီး IP58 စံနှုန်း ရှိပါတယ်။ 4K Video များကိုရိုက်ကူးပေးနိုင်ပါတယ်။ Image Stabilization နည်းပညာ ပါရှိပါတယ်။ Timeshift Video Feature ထည့်သွင်းပေးထားပြီး 720p Video များကို တစ်စက္ကန့်လျှင် 120 Frame နှုန်းဖြင့် ရိုက်ကူးပေးနိုင်ပါတယ်။ Android 4.4 KitKat ကို အသုံးပြုထားတဲ့ Xperia Z2 ကို မတ်လမှာ တစ်ကမ္ဘာလုံးကို ရောင်းချပေးမှာဖြစ်ပါတယ်။ အနက်၊ အဖြူ၊ နီပြာရောင်များ ထုတ်လုပ်ပေးထားပါတယ်။