Education, Lifestyle, News

KMD မှ Software Engineering နှင့် ပတ်သက်သော သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက် ရှိပြီးသင်တန်းပြီးဆုံးပါက လုပ်ငန်းခွင်ဝင်ရောက်သည် အထိဝန်ဆောင်မှု များပေးအပ်သွားမည် ။

KMD မှ Software Engineering နှင့် ပတ်သက်သောသင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီးသင်တန်းပြီးဆုံးပါကလုပ်ငန်းခွင်ဝင်ရောက်သည် အထိဝန်ဆောင်မှု များပေးအပ်သွားမည် ။

၂၀၁၄-၁၅ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီးသူများအနေဖြင့် လည်းကောင်း၊Software Engineer တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုလိုသူများအတွက် အခြေခံမှစ၍ ကျွမ်းကျင်သည်အထိ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး လုပ်ငန်းခွင်ဝင်ရောက်သည် အထိဆောင်ရွက်ပေးမည့် Software Engineering သင်တန်းများကို KMD Computer Centre မှတန်းခွဲသစ်များ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။ Software Engineering နည်းပညာနှင့် ပတ်သက်၍ Windows Application ရေးဆွဲခြင်း၊ Web Application ရေးဆွဲခြင်း၊ Android Application ရေးဆွဲခြင်းနှင့် On Demand သင်တန်းများဟူပြီး အမျိုးအစား (၄) မျိုးရှိပါတယ်။ Windows Application ရေးဆွဲခြင်းနှင့် ပါတ်သက်၍ Computer Programming အခြေခံသဘောတရားကို Step by Step စဉ်းစားပုံ၊ ရေးသားပုံ၊ Database များနှင့်တွဲချိတ်ပုံ စသည်များကို (၁) လအတွင်းသင်ကြားပေးမည့် Basic Software Engineering Course၊ Programming အခြေခံနားလည်ပြီးသူများအတွက် Programming ဘာသာရပ်များအပြင်၊ System Analysis and Design ဘာသာရပ်များ၊ Project Management ဘာသာရပ်များကို အချိန်တိုတိုအတွင်း သင်ကြားပေးမည့် Software Engineering Course များပါဝင်ပါတယ်။

Web Developer အဖြစ်ရပ်တည်လိုသူများအတွက် Photoshop, Adobe Flash, HTML, CSS အစရှိတဲ့ အခြေခံလိုအပ်ချက်များကို (၁) လအတွင်းသင်ကြားပေးမည့် Web Design Course ၊ PHP, Javascript, MySQL အစရှိတဲ့ပညာရပ်များဖြင့် E commerce website များ၊ Web Application များကိုအချိန်တိုတိုအတွင်း ရေးဆွဲနိုင်ရန် သင်ကြားပေးမည့် Web Development with PHP Course၊ ယနေ့ လူသုံးအများဆုံးသော Android OS ပေါ်တွင် Application များ Game များကို Java Programming အသုံးပြု၍ ကိုယ်တိုင်ဖန်းတီး ပြုလုပ်ရေးသားနိုင်ပြီး Mobile Application Developer အဖြစ်ရပ်တည်နိုင်မည့် Mobile Programming with Android Platform Course များကိုလည်းကောင်းတန်းခွဲသစ်များဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။ ဒါ့အပြင် C Programming သင်တန်း၊ Object Oriented Programming with C++ သင်တန်း၊ Advanced Java Programming သင်တန်း ၊ .NET Programming သင်တန်း၊ Microsoft Access Database, SQL Server, Project Management သင်တန်း၊ 3D Animation ဖန်တီးပြုလုပ်သော သင်တန်းအစရှိသည့် သင်တန်းများကိုလည်းကျောင်းသား၊ကျောင်းသူ လိုအပ်ချက်များအတိုင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။

အထက်ပါသင်တန်းများကို စာတွေ့လက်တွေ့သာမက သင်ခန်းစာပြီးဆုံးပါကလည်း တစ်ဦးချင်းစီဖြစ်ဖြစ်၊ အဖွဲ့လိုက်ဖြစ်ဖြစ် Project များကို ပြုလုပ်ကြရမည် ဖြစ်ပါတယ်။ သင်တန်းများကို ကျောင်းချိန်လွတ်၊ ရုံးချိန်လွတ် ညနေပိုင်းသင်တန်းများ၊ စနေ၊ တနင်္ဂနွေ သင်တန်းများကို ဖွင့်လှစ်ပေးထားသလို ကျောင်းသား၊ ကျောင်းသူလိုအပ်ချက်များအတိုင်းအတန်းချိန်ကို ညှိနှိုင်း၍ဖွင့်လှစ်ပေးပါတယ်။ KMD အနေဖြင့် Microsoft ၏ Official Learning Partner အနေဖြင့် Microsoft SQL Server Database Administrator Certificate Exam ကိုလည်း Software Engineering သင်တန်းတွင် တစ်ပါတည်း ပူးတွဲသင်ကြားနိုင်မည်ဖြစ်ပြီး KMD တွင်ပဲ Microsoft MCSA Online Exam ကိုဖြေဆိုနိုင်မည် ဖြစ်ပါတယ်။ Software Engineering သင်တန်းများအား တက်ရောက်ပြီးဆုံးအောင်မြင်လျှင် Software Engineer တစ်ဦးအဖြစ် လုပ်ငန်းခွင်ဝင်ရောက်သည် အထိဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီး IT နည်းပညာလမ်းကိုလျှောက်လမ်းလိုသူများ၊ Software Engineer အဖြစ် အသက်မွေးဝမ်းကြောင်း ပြုလိုသူများအနေဖြင့် အခြေခံမှစပြီး ကျွမ်းကျင်သည်အထိပညာရပ်များကို အချိန်တိုတိုအတွင်းသင်ကြားနိုင်ပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်မည့် Software Engineering သင်တန်းများကို KMD Computer Centre တွင်တက်ရောက်နိုင်ပါပြီ။ အသေးစိတ်သိရှိလိုပါက ဖုန်း KMD 01: 381-129, 381-035, 381-776, 502-233 သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ် ။