News

Samsung မှ ခေါက်ဖုန်းသစ်တစ်မျိုးထုတ်လုပ်သွားမည်

တောင်ကိုရီးယားအခြေစိုက် အီလက်ထရောနစ်ကုမ္ပဏီဖြစ်တဲ့ Samsung ကနေ ထူးခြားတဲ့ ဒီဇိုင်းတွေနဲ့ ဖုန်းဟန်းဆက်တွေ ထုတ်လုပ်ပြီးတဲ့နောက်မှာတော့ ၂၀ဝ၄ ခုနှစ်က ခေတ်စားခဲ့တဲ့ ခေါက်ဖုန်းဒီဇိုင်းနဲ့ ဖုန်းတစ်မျိုးထုတ်လုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

Samsung ဖုန်းသတင်းများကို အထူးတလည် ဖော်ပြတဲ့ SamMobile ရဲ့ အဆိုအရ Samsung ဟာ SM-W2016 အမည်ရ ခေါက်ဖုန်းကို ထုတ်လုပ်သွားမယ်လို့သိရပါတယ်။

ယင်းခေါက်ဖုန်းဟာ Android 5.1.1 Lollipop ကိုအသုံးပြုမှာဖြစ်ပြီး octa-core 64 bit processor နဲ့ 3GB RAM၊ 64 GB storage တို့ပါဝင်မယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *