News

Google + ကို အစအဆုံး ပြန်လုပ်မည်

Google ကနေ အောင်မြင်မှုမရရှိခဲ့တဲ့ လူမှုကွန်ယက် ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Google + ကို အစအဆုံး ပြန်လုပ်မယ်လို့ နိုဝင်ဘာ ၁၇ ရက်က ကြေညာခဲ့ပါတယ်။

Google ဟာ Google + ရဲ့ ဒီဇိုင်းအပြင် function များ၊ feature သစ်များ ထည့်သွင်းသွားမယ်လို့ ၎င်းတို့ရဲ့ blog အတွင်းမှာရေးသားခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ Google + ဟာ အသုံးပြုသူဦးရေ ၂ ဘီလီယံရှိပေမယ့် အသုံးပြုသူ ၉၀ ရာခိုင်နှုန်းက Google + မှာ ဘာမှ မလုပ်ကြဘူးလို့ သိရပါတယ်။

သို့သော်လည်း လေ့လာဆန်းစစ်ရေးမှတ်တမ်းတွေအရ Google + ကို အမှန်တစ်ကယ်အသုံးပြုသူဦးရေက ၂၁၂ သန်းခန့်ရှိနေတယ်လို့ သိရပါတယ်။ နာမည်ကျော် Facebook ရဲ့ နေ့စဉ်အသုံးပြုသူဦးရေက ၁ ဘီလီယံရှိပါတယ်။

“အသုံးပြုသူတွေရဲ့ စကားကိုနားထောင်ပြီး Google+ အတွင်း ဆွေးနွေးလို့ရမယ့် ကဏ္ဍတွေ၊ ပိုကောင်းတဲ့ Group တွေ၊ Interest တွေအစရှိတဲ့ function တွေကို လုပ်ဆောင်သွားပါမယ်”လို့ Google ရဲ့ ဒါရိုက်တာ တစ်ဦးဖြစ်သူ Eddie Kessler ကဆိုပါတယ်။

အသစ်ပြန်လည် ပြင်ဆင်မယ့် Google + ကို beta အနေနဲ့သာ မြင်ရနိုင်မှာဖြစ်ပြီး တစ်လချင်းစီ ပြောင်းလဲမှုတွေပြုလုပ်သွားမယ်လို့ Kessler ကပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *