Samsung က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက Galaxy Core Advance ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဆိုပါ Galaxy Core Advance ကို ကိုရီးယားမှာ ဒီနေ့က စတင် ရောင်းချပေးလိုက်ပါတယ်။ စျေးနှုန်းကတော့ ကိုရီးယား ၀မ် (410,300) ဖြစ်ပြီး အမေရိကန်ဒေါ်လာနှင့် တွက်ရင်တော့ $390 ဖြစ်ပါတယ်။ လာမယ့်လများမှာ အမေရိကန်နှင့် ဥရောပနိုင်ငံများမှာ ရောင်းချမယ်လို့ Samsung က ကြေငြာလိုက်ပြီး အသေးစိတ် အချက်အလက်များကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
Galaxy Core တွင် ၄.၇ လက်မ Display တပ်ဆင်ထားပါတယ်။ Android 4.2 Jelly Bean ကို မောင်းနှင်လည်ပတ်မှာ ဖြစ်ပြီး Home, Menu နဲ့ Back Buttom ခလုတ်များ ပါရှိပါတယ်။ Galaxy S3 ရဲ့ စွမ်းဆောင်ရည်နိမ့် အမျိုးအစားလို့ ပြောလို့ရပြီး စျေးနှုန်းကလည်း သက်သာပါတယ်။ အဆိုပါ Galaxy Core Advance မှာ LTE Networks အသုံးပြုလို့ မရဘူးလို့ သိရပါတယ်။ ကိုရီးယားနိုင်ငံမှာတော့ LTE Networks ကို လူအများစုက အသုံးပြုကြပါတယ်။ Galaxy Core Advance ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတွက်ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Samsung က မကြာမီတွင် ကျင်းပပြုလုပ်မည့် Mobile World Congress တွင် ဖုန်းအမျိုးအစား.များစွာ ထုတ်ဖော်ပြသမှာ ဖြစ်တဲ့အတွက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Galaxy Core တွင် Dual-Core 1.2 GHz Processor တပ်ဆင်ထားပြီး 1GB RAM, 8GB Internal Memory ပါရှိပြီး 64GB ထိ ၀င်ဆံ့နိုင်တဲ့ MicroSD Card Slot ပါရှိပါတယ်။ မျက်နှာချင်းဆိုင် ကင်မရာ 5 Megapixels နဲ့ 2,000 mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ Samsung ရဲ့ ၀န်ဆောင်မှုများ ဖြစ်တဲ့ S Voice, S Translator, Sound & Shot, Group Play နဲ့ Easy Mode တို့ကို အသုံးပြုလို့ ရမှာ ဖြစ်ပြီး NFC (S Beam), Bluetooth 4.0, GPS GLONASS နဲ့ Home, Menue, Back Buttom စတာတွေ ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။