News

Samsung ရဲ့ ၀င်းဒိုးဖုန်း ကို ဒီလထဲမှာ ရောင်းတော့မည်

Samsung ရဲ့ ၀င်းဒိုးဖုန်း ဖြစ်တဲ့ ATIV SE ကို ဒီလထဲမှာ ရောင်းတော့မှာဖြစ်ပြီး Windows Phone 8 OS ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Windows Phone 8.1 ကို အဆင့်မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ ATIV SE ကို အမေရိကန် Mobile Carrier ဖြစ်တဲ့ Verizon ကနေရောင်းမှာ ဖြစ်ပါတယ်။ ATIV SE ဟာ Samsung Galaxy S4 နဲ့ ဒီဇိုင်းဆင်တူပါတယ်။

ATIV SE မှာ ငါးလက်မအရွယ် 1080p Display , 13 Megapixel Camera, Snapdragon 800 Quad-Core Processor, 2GB RAM, 16GB Storage, MicroSD Card Slot တို့ တပ်ဆင်ထားပါတယ်။

မိုဘိုင်းဖုန်းသတင်းတွေကို ကြိုတင် ဖော်ထုတ်ပေးလေ့ရှိတဲ့ Evleaks က Samsung ATIV SE ရဲ့ ဓာတ်ပုံ ကို မတ်လအစောပိုင်းက Twitter မှာ တင်ပေးခဲ့ဖူးပါတယ်။ Windows Phone 8.1 ကို မောင်းနှင်လည်ပတ်မှာ ဖြစ်ပြီး Verizon က ရောင်းချမယ်လို့ ပြောပါတယ်။ Adreno 305 Graphics Processor ကို အသုံးပြုမှာ ဖြစ်ပါတယ်။ Samsung ရဲ့ ထုံးစံအတိုင်းဘေးဘက်မှာ Power Button, Volume Button တို့ကို နေရာတကျတပ်ဆင်ထားပါတယ်။ မျက်နှာပြင် ရဲ့ ဘေးဘောင်တွေကို သေးငယ်အောင် ပြုလုပ်ထားပြီး ပလတ်စတစ် ကိုယ်ထည် ကို တပ်ဆင်ထားပါတယ်။

The Verge ကလည်း Evleaks လိုပဲ ဧပြီလ မှာ အဆိုပါ ဖုန်း ကို Verizon ကနေရောင်းချမယ်လို့ ပြောပါတယ်။ Lumia 1520 နဲ့ Lumia Icon တို့ရဲ့ အရွယ်အစား နဲ့ ဆင်တူမယ်လို့ ပြောပါတယ်။ Samsung နဲ့ Verizon တို့ တစ်နှစ်အတွင်းမှာ ပထမဆုံး ပူးပေါင်းပြီး ရောင်းချတဲ့ ၀င်းဒိုးဖုန်း ဖြစ်လာမှာ ဖြစ်ပါတယ်။

Microsoft က Windows Phone 8.1 ကို ဧပြီ (၂) ရက် နဲ့ (၄) ရက်ကြားမှာ San Francisco မှာ ပြုလုပ်မယ့် Build Developer Conference မှာ ပြသမှာ ဖြစ်ပါတယ်။ ဆော့ဝဲ ကို ဧပြီလ (၂၃) ရက်နောက်ပိုင်းမှာ Device များမှာ ထည့်သွင်းနိုင်ဖို့ ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။ ATIV SE ဟာ Windows Phone 8 နဲ့ ပွဲထွက်လာဖို့ ရှိနေပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *