HTC ရဲ့ နောက်ဆုံးထုတ် စွမ်းဆောင်ရည် အလယ်အလတ် ရှိတဲ့ Desire 316 ကို HTC ရဲ့ တရုတ် ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။ HTC ရဲ့ Desire စမတ်ဖုန်းများ ဟာ အာရှ မှာ ရောင်းအားကောင်းတဲ့အတွက် Desire 316 ဟာလည်း အာရှမှာပဲ ရောင်းချမှာ ဖြစ်ပါတယ်။ အခုလောလောဆယ်တော့ တရုတ် ၀က်ဆိုက်မှာ ပြသထားတဲ့အတွက် တရုတ် မှာ စတင်ရောင်းချပေးမှာ ဖြစ်ပြီး အခြား အာရှနိုင်ငံများမှာ လည်း နောက်ပိုင်းမှာ ရောင်းချပေးမယ်လို့ ထင်ရပါတယ်။
HTC Desire 316 မှာ ငါးလက်မအရွယ် 540×960 Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 5 Megapixel Camera နဲ့ အရှေ့ဘက်မှာ ကိုယ်တိုင်ရိုက်ဓာတ်ပုံတွေ ရိုက်ကူးဖို့ VGA ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ LED Flash တပ်ဆင်ထားပါတယ်။ 1.2GHz Quad-Core CPU ကို မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။ 512MB RAM ကတော့ အလွန်နည်းပါးပါတယ်။ 4GB Internal Storage ပါရှိပြီး MicroSD Card Slot ပါရှိပါတယ်။ 1950mAh Battery တပ်ဆင်ထားပါတယ်။ Android 4.3 Jelly Bean ကို မောင်းနှင်လည်ပတ် မှာ ဖြစ်ပါတယ်။ WiFi , Bluetooth, GPS အသုံးပြုနိုင်ပါတယ်။ 1950mAh Battery တပ်ဆင်ထားပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 140x72x9.7 mm ဖြစ်ပါတယ်။ အလေးချိန် မှာ ၁၆၀ ဂရမ် ဖြစ်ပါတယ်။
CDMA Handset ဖြစ်တယ်လို့ သိရပြီး စွမ်းဆောင်ရည် အလယ်အလတ် ရှိပါတယ်။ ဈေးနှုန်း ကလည်း သက်သာမှာ ဖြစ်ပြီး တရုတ် မှာ အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ရပါတယ်။