Review

စမတ်ဖုန်း အဟောင်းများကို သစ်တောကာကွယ်ရေးအတွက် အသုံးပြု

စမတ်ဖုန်း အဟောင်းများကို သစ်တောကာကွယ်ရေးအတွက် အသုံးပြု

မိုးရာသီသစ်တောများဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ တိရစ္ဆာန်တွေ၊ အပင်တွေနဲ့ ပြည့်နှက်နေပါတယ်။ အဲဒီ သစ်တောတွေကို ဖျက်ဆီးနေတဲ့ လူတွေကို ထောက်လှမ်းဖို့ အဖွဲ့အစည်းတစ်ခုက နည်းပညာကို အသုံးပြုတော့မယ်လို့ သိရပါတယ်။ အဲဒီအဖွဲ့အစည်းက ဆန်ဖရန်စစ္စကိုအခြေစိုက် Connectionဖြစ်ပြီး စမတ်ဖုန်း အဟောင်းများကို အသုံးပြုပြီး သစ်ပင်ခိုးခုတ်သူများကို စောင့်ကြည့်မှာဖြစ်ပါတယ်။ သစ်တောထဲ ကျူးကျော်၀င်ရောက်လာသူများကို တွေ့ရှိရင် အာဏာပိုင်များကို အချက်ပြပေးမှာဖြစ်ပါတယ်။

နေရောင်ခြည်စွမ်းအင်ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို သစ်ပင်တွေကြားထဲမှာ ဖွက်ထားမှာဖြစ်ပြီး သစ်ခုတ်တဲ့အသံ၊ လွှစက်သံစတာတွေကို စောင့်ကြည့်နေမှာဖြစ်ပါတယ်။ အဲဒီအသံတွေကို ကြားရင် အာဏာပိုင်တွေဆီသို့ စာပေးပို့မှာဖြစ်ပြီး ဖမ်းဆီး အရေးယူနိုင်မှာပါ။ အသံတွေကို နားထောင်ဖို့ Connection Appကို ပြုလုပ်ပေးထားပြီး ဆူမားတြား မိုးရာသီသစ်တောမှ အသံများကို အချိန်နဲ့ တစ်ပြေးညီ ကြားနိုင်ပါတယ်။

Connectionကို တည်ထောင်သူ Topher Whiteက တရားမ၀င်သစ်ခုတ်ခြင်းကို ရပ်တန့်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ Whiteရဲ့ ရည်ရွယ်ချက်က မိုးရာသီသစ်တောများကို ကာကွယ်နေသူများကို ထိရောက်စွာ ပံ့ပိုးပေးဖို့ဖြစ်ပါတယ်။ မိုးရာသီသစ်တောများမှာ နေထိုင်တဲ့ Indigenous လူမျိုးစုတွေကို ကာကွယ်ဖို့ကလည်း ရည်မှန်းချက်ထဲက တစ်ခုဖြစ်ပါတယ်။

ပြည်တွင်းမှ အာဏာပိုင်တွေက အရေးအကြီးဆုံးဖြစ်ပြီး သစ်ခိုးခုတ်သူတွေကို အချိန်မီ ဖမ်းဆီးဖို့ ဖြစ်ပါတယ်လို့ Whiteက Mashableကို ပြောပါတယ်။

အခုလက်ရှိမှာ သစ်တောတွေကာကွယ်ဖို့အတွက် Satelliteကို အဓိက အားထားနေရတာပါ။ ဒါပေမယ့် Satelliteတွေဟာ Updateတွေကို မပံ့ပိုးပေးနိုင်ပါဘူး။ အဲဒီအတွက် အာဏာပိုင်တွေက ရာဇ၀တ်မှုတွေကို အချိန်မီ မတားဆီးနိုင်ပါဘူး။ Connectionရဲ့ Deviceတွေက တည်နေရာ အတိအကျကို အချိန်ကိုက်ဖော်ပြပေးနိုင်ပါတယ်။ သစ်တောရဲ့ ဘယ်နေရာဟာ အန္တရာယ်ရှိနေပြီဆိုတာကို ဖော်ပြပေးနိုင်ပါတယ်။

သစ်ခိုးခုတ်သူတွေက သူတို့ရဲ့ Deviceတွေကို ဖယ်ရှားလို့မရအောင် ကိုယ်ယောင်ဖျောက်ထားပြီး ဖယ်ရှားတာနဲ့ အချက်ပေးနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

အာဖရိက မိုးသစ်တောရဲ့ ကီလိုမီတာ နှစ်ရာကနေ သုံးရာ အတွင်းမှာ Device အခု သုံးဆယ်ကို စမ်းသပ်တပ်ဆင်ဖို့ မျှော်လင့်ထားကြပါတယ်။ စတင်တပ်ဆင်မယ့်နေ့ရက်ကို ကြေညာခြင်းမရှိသေးပါဘူး။ ရန်ပုံငွေများများရရှိရင် အာရှ၊ လက်တင်အမေရိကတို့မှာလည်း တိုးချဲ့တပ်ဆင်မှာလို့ ကုမ္ပဏီက ပြောပါတယ်။

Deviceတစ်ခုကို တီထွင်ဖို့ ငါးပတ်ခန့်ကြာမြင့်ပြီး ရန်ပုံငွေရရှိရင် နွေရာသီမတိုင်မီမှာ အလုပ်စမယ်လို့ Whiteက ပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *