Gadgets, News, Review

ဈေးနှုန်းသက်သာစွာနဲ့ Wifi Hotspot ပြုလုပ် အသုံးပြုလိုသူများအတွက် PROLiNKHotsport PRT7006H

PROLiNKHotsport PRT7006H

ဈေးနှုန်းသက်သာစွာနဲ့ Wifi Hotspot ပြုလုပ်အသုံးပြုလိုသူများအတွက် PROLiNKHotsport PRT7006H SIM Card အင်တာနက်ကို WiFiအသုံးပြုသူများကို ပြန်လည်ဝေမျှလိုသူများအတွက် အချက်အလက်ပေးပို့မှုနှုန်း 21.6 Mbps အထိ မြန်ဆန်ပြီး လူ၁၀ဦးအထိ တပြိုင်နက်တည်း ချိတ်ဆက်နိုင်မယ့် Wireless Hotspot ဖြစ်ပါတယ်။ Singapore Brand ဖြစ်တဲ့ PROLiNK PRT7006H Router ဟာGPRS/EDGE/HSPA/HSPA+ အစရှိတဲ့ ကွန်ယက်တွေကို ချိတ်ဆက် နိုင်မှာ ဖြစ်ပါတယ်။ MPT, Ooredoo နှင့် Telenorစတဲ့ Telecom များရဲ့ မြန်နှုန်းမြင့် အင်တာနက်ကိုချိတ်ဆက် အသုံးပြု နိုင်ပြီးအင်တာနက် Setting များကို အလိုအလျောက် ချိန်ညှိပေးမှာဖြစ်ပါတယ်။

သေးငယ်တဲ့အရွယ်အစား သိပ်သည်းကျစ်လစ်တဲ့ ဒီဇိုင်းနှင့် သွားလေရာကို ထည့်ယူသွားနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ တစ်ကြိမ်အားသွင်းပြီးလျှင် အသုံးပြုသူ ၁၀ ဦးစလုံးအတွက် အသုံးပြုချိန် ၄ နာရီကြာ ဆက်တိုက် Wifi Hotspot ပြန်လည်လွှင့်ထား ပေးနိုင်သလို ချိတ်ဆက်အသုံးပြုထားခြင်း မရှိချိန်တွင် Stand by Time နာရီ ၁၀ဝကျော် ကြာရှည်ခံနိုင် မယ့် 1500 mAh Li-Ion ဘက်ထရီကို အသုံးပြုထားပါတယ်။ ဘက်ထရီပမာဏ ၊ Wifiချိတ်ဆက်နိုင်မှု အရည်အသွေး ၊ SIM အင်တာနက် အရည်အသွေးများကို PRT7006H ရဲ့ ရှေ့မျက်နှာပြင်မှန်ပေါ်မှာ LED ဖြင့် တိကျစွာဖော်ပြပေးထားပါတယ်။ Hotspot ကို ချိတ်ဆက် အသုံးပြုသူများအကြား Dataတွေ အပြန်အလှန် ကူးယူဝေမျှ နိုင်ဖို့အတွက်နှင့် Dataတွေ သိမ်းဆည်း ထားဖို့အတွက် microSD Card Slot ပါဝင်သလို ချိတ်ဆက်ထားသူအချင်းချင်း တိုက်ရိုက် ကူးယူဝေမျှနိုင်ရန်အတွက်လည်း အသုံးပြုရ လွယ်ကူအဆင်ပြေစေမယ့် Web ပုံစံ Offline Configure Page မှတဆင့် ချိတ်ဆက်ပြီး အချက်အလက်များကို လျင်မြန်စွာဖြင့် ကူးယူဝေမျှနိုင်မှာ ဖြစ်ပါတယ်။

Linux, Mac, Windows, Android, iOSအစရှိတဲ့ Platform တွေနဲ့ အဆင်ပြေစွာအသုံးပြုနိုင်မှာလဲဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာ ၊ ကျောင်းမှာ ၊ လုပ်ငန်းများ ဈေးနှုန်းသက်သာစွာဖြင့် Wifi Hotspot ပြုလုပ်အသုံးပြုသူများအတွက် အထူးအဆင်ပြေ စေမယ့် PROLiNK Hotspot PRT7006H ကို (၁)နှစ် အာမခံသက်တမ်း အပါအဝင် ဈေးနှုန်း၅၈,ဝ၀ဝ ကျပ်ဖြင့် အမြို့မြို့ အနယ်နယ်ရှိ MRS နှင့် KMD Sales Centre ကြီးများတွင် ဝယ်ယူရရှိနိုင်ပါတယ်။ အသေးစိတ် သိရှိလိုပါကဖုန်း MRS : 01-392-259 KMD : 01-385-077, 01-245-180 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *