Business, Lifestyle, News

Hub Myanmar Company Limitedမှ ကြီးမှူးကျင်းပသည့် “ Better Future Better Myanmar 2015”

Hub Myanmar Company Limited မှ ကြီးမှူးကျင်းပသည့် “ Better Future Better Myanmar 2015”

Hub Myanmar Company Limitedမှ ကြီးမှူးကျင်းပသည့် “ Better Future Better Myanmar 2015” စီးပွားရေး ဆိုင်ရာ အခမဲ့ဟောပြောပွဲ အစီအစဉ်များ၏ တတိယမြောက်ဟောပြောပွဲကို ၁၄.၂.၂၀၁၅ ရက် (စနေနေ့) တွင် မော်လမြိုင်မြို့၊ Strand Hotel, Ballroom ၌ နေ့လည် (၁) နာရီမှ ညနေ(၄)နာရီအထိ ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါဟောပြောပွဲတွင် Device Business Management Academy မှ Principal ဦးတင်ဇံကျော် မှ “Effective Business Development Strategies” (စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်သော မဟာဗျူဟာများ) ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသွားကြ မည်ဖြစ်ရာ ဟောပြောပွဲသို့ တက်ရောက်လိုသူများအနေဖြင့် Better Future Better Myanmar၏ Official Facebook Page ဖြစ်သည့် https://www.facebook.com/myanmarb2bfreeseminar နှင့် ဝ၉-၄၂၀-ဝ၃၃-၃၅၅၊ ဝ၉-၄၂၀-ဝ၃၃-၃၅၅၊ ဝ၉-၄၂၀-၁၁၀-၉၁၅၊ ဝ၉-၉၇၅-၇၀၅-၉၄၇ နှင့် ဝ၉-၉၇၂-၃၄၄-၇၄၆ သို့ အမည်၊ အလုပ်အကိုင်၊ ဖုန်းနံပါတ် နှင့် အီမေးလ်လိပ်စာ တို့ကို Message/SMS ဖြင့် ပေးပို့၍ဖြစ်စေ အခမဲ့ Register ပြုလုပ်ပြီး တက်ရောက်နိုင်ပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။