ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ PHP Advanced Developer Class (MVC + OJT) သင်တန်း တစ်ခုကို အောက်တိုဘာလ (၃)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ ပညာသင်ကြားလေ့လာသူများ၊ Programmerများသည် Applicationများ၊ Website များကိုကောင်းမွန်စွာရေးသားနိင်ရန် အခက်အခဲများတွေ့ခြင်းအပြင်၊ ပြည့်စုံသောစိတ်ချရသော စနစ်ကျသောစနစ်များကို ခက်ခဲစွာတည်ဆောက်ရသည်ကိုတေ့ွ မြင်ရပါသည်။ လုပ်ငန်းခွင်သို့ဝင်ရောက်ရာတွင် များစွာအဆင်မပြေဖြစ်ကြသည်ကိုလည်း မြင်တွေ့ရသဖြင့် ယခုသင်တန်းအားဖွင့်လှစ်ရခြင်းဖြစ်ပါသည်။
MVC ဆိုသည်မှာ Model–View–Controller၏ အတိုကောက်ဖြစ်ပြီးလတ်တလောတွင် လွန်စွာခေတ်စားနေသောSoftware Architectureတစ်ခု ဖြစ်ပါသည်။ MVC သည် Data များကိုသိမ်းဆည်းခြင်း၊ Business Logic များကိုဖော်ဆောင််ခြင်းနှင့် Function များကိုကောင်းစွာ ထိန်းကျောင်းနိင်သော ပုံစံဖြစ်ပါသည်။
Developer များအနေဖြင့် ကောင်းမွန်သော application များကိုစနစ်ကျကျနည်းမှန်လမ်းမှန် မြန်မြန် ဆန်ဆန်ပြုလုပ်နိင်ရန် MVC Framework များကများစွာအထောက်အကူပြုပေးနိင်ပါသည်။ Code Igniter ဆို်သည်မှာ PHP Language ပေါ်တွင်အခြေပြုထားသော Web Application Framework တစ်ခုဖြစ်ပါသည်။ မြန်ဆန်ခြင်း၊ ပေါ့ပါးကောင်းမွန်ခြင်း၊ MVC ပေါ်တွင် အခြေခံခြင်းတို့ကြောင့်လည်း ကမ္ဘာပေါ်တွင်လူသုံးအများဆုံး Framework
များထဲတွင် ပါဝင်ပါသည်။ Code Igniter ၏ Sentence များ၊ function များသည် နားလည်ရလွယ်ကူပြီး library မြောက်များစွာနှင့် ခိုင်မာသောအွန်လို်င်း ကွန်မြူနီတီလည်းရှိပါသည်။ သင်ကြားသူများ အဆင်ပြေလေ့လာသင့်သော framework လည်းဖြစ်ပါသည်။ ယခုသင်တန်းသည် Industry အတွက်
အဆင်သင့်ဖြစ်စေရန်ရည်ရွယ်သော သင်တန်းလည်းဖြစ်ပါသည်။
သင်တန်းကာလမှာသုံးလခန့် ကြာမြင့်မည်ဖြစ်ပြီး၊ ပထမတစ်လတွင် Code IgniterFramework အားလေ့လာသင်ကြားခြင်းနင့် ကျန်ရှိသောလများတွင် လက်တွေအသုံးပြုခဲ့သော/အသုံးပြုမည့် ပရောဂျက်များကိုကိုယ်တိုင် တည်ဆောက် ခွင့်ရရှိမည်ဖြစ်ပါသည်။ ပရောဂျက်များရေးသာနေစဉ်ကာလအတွင်း ဆရာမှဂိုက်လုပ်ပေးသွားမည်ဖြစ်ပါသည်။ ပရောဂျက်အနည်းဆုံးနစ်ခု ပါဝင်မည်ဖြစ်ပါသည်။ Thesis အတွက် ပရောဂျက်တင်မည့် ကျောင်းသားကျောင်းသူများ၊ လက်ရှိအနေအထားမှ အထက်သို့တတ်ရန် ခက်ခဲနေသော PHP Developer များ၊ နိင်ငံခြားတွင် အလုပ်သွားရောက်လုပ်ကိုင်မည့်သူများ၊ လုပ်ငန်းအတွေ့အကြုံလိုအပ်နေသူများ၊ အားနည်းနေသူများ၊ ရာထူး/လစာတိုးရန်လိုလားသော developer များ၊ PHP Developer သင်တန်းဆင်းပြီးသူများ မဖြစ်မနေ တတ်ရောက်သင့်ပါသည်။ ယခုသင်တန်းကိုတတ်ရောက်ခြင်းဖြင့် Version Control စနစ်များအသုံးပြုခြင်း ၊Database Server/Web Server များကိုချိတ်ဆက်ခြင်း၊ team member များနှင့်လက်တွဲလုပ်ကိုင်ခြင်း အစရှိသည့်အကျိူးကျေးဇူးများကိုလည်း ရရှိနိင်ပါသည်။ သင်တန်းပြီးပါက အလုပ်အကိုင်အတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါသည်။ ပါဝင်မည့် အကြောင်းအရာများ…..
- Working with SVN Server environment
- Working with MySQL Database Server Environment
- Working with Model-View-Controller (MVC Pattern)
- Working with Libraries
- Working with Forms
- Working with Helpers (Libraries)
- Validation and Error Handling
- Arrays, Functions, Session
- SEO optimization and Security
- Pagination and Routing
- Working with Loaders and Configurations
- Ecommerce Project
- Working with team environment
သင်တန်းကာလ – အောက်တိုဘာလ (၃) ရက် မှ ဒီဇင်ဘာလ
(၁၃) ရက်အထိ
သင်တန်းအချိန် – ညနေ ၅း၃၀ မှ ၈း၀၀ နာရီ
(ကြာသပတေး၊ သောကြာ)
သင်တန်းကြေး – ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်းကျပ်)၊
MCPA Member(၅၀%) – ၇၅,၀၀၀ (ခုနှစ်သောင်းငါးထောင်ကျပ်)
သင်တန်းသားဦးရေ – (၁၅) ဦး
သင်တန်းနေရာ – အဆောင် (၄)၊ အခန်း(၄)၊ MCPA Lab
Room၊ လှိုင်မြို့နယ်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် အောက်တိုဘာလ (၂) ရက်နေ့ ညနေ (၄) နာရီ
နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊
အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့
စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။
မှတ်ချက်။ အတန်းတက်ချိန် ၇၅% မပြည့်မှီပါက
သင်တန်းဆင်းလက်မှတ် ပေးအပ်မည်မဟုတ်ပါ။