Cameras, Review

Frame သေးသေးနဲ့ ကင်မရာကောင်းကောင်း ကိုင်ချင်သူများအတွက် Panasonic Lumix DMC-GX1

Frame သေးသေးနဲ့ ကင်မရာကောင်းကောင်း ကိုင်ချင်သူများအတွက် Panasonic Lumix DMC-GX1ကို ကင်မရာချစ်သူများအတွက် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ ပုံရိပ်များကို ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်ဖို့အတွက် 16 Megapixelsပါရှိပြီး အရည်အသွေးမြင့်မားတဲ့ Live MOS Micro Four Thirds Sensorကို ထည့်သွင်း အသုံးပြုပေးထားပါတယ်။

အသုံးနိုင်မည့် Lens များ
ထည့်သွင်းအသုံးနိုင်မည့် Lensများကတော့ Panasonic Lumix X PZ 45-175mm, 14-42mm Standard Kit Lens, Lumix X 14-42mm Lensများ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Display
460k dots ရှိပြီး ၃ လက်မအရွယ်အစားရှိတဲ့ LCD Screenနဲ့ လုပ်ဆောင်ချက်အားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ထို့ပြင် Touch Screenဖြစ်တဲ့ အတွက် အလွယ်တကူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ISO Performance
စွမ်းဆောင်ပေးနိုင်တဲ့ ISO နှုန်းများကတော့ ISO160 to ISO12800 ဖြစ်ပြီး ပေးနိုင်သည့် ISO နှုန်းကိုလည်း အပြည့်အ၀ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ တူညီတဲ့ Sensor ကို အသုံးပြုထားတဲ့ Panasonic Lumix G3ကတော့ ISO6400အထိပဲ ထောက်ပံ့ပေးနိုင်သော်လည်း ယခု Lumix DMC-GX1ကတော့ ISO12800အထိ အပြည့်အ၀ ထောက်ပံ့ပေးနိုင်ခြင်းကတော့ သူရဲ့အားသာချက်လို့ ဆိုနိုင်ပါတယ်။

အသုံးပြုနိုင်သည့် Focusing Modes များ
Autofocus Manual, Spot Face Detection, AF Tracking, Multi Touch AF ကဲ့သို့သော Focusing Modes အစုံကို အသုံးပြုနိုင်သည့်အတွက် အသုံးပြုသူတွေကို စိတ်ကျေနပ်မှုပေးနိုင်မှာ ဖြစ်ပါတယ်။

ဗွီဒီယိုရိုက်ကူးနိုင်သည့် စွမ်းရည်
ဗွီဒီယိုများရိုက်ကူးနိုင်ဖို့အတွက် Movie Mode ပါ၀င်ပြီး 30fpsနဲ့ 25fpsတွေကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။ Full HD အရည်အသွေးရှိ ဗွီဒီယိုများလည်း ရိုက်ကူးနိုင်စွမ်းရှိပါတယ်။ ထို့ပြင် ဗွီဒီယိုများရိုက်ကူးရာတွင်လည်း ရှင်းရှင်းလင်းလင်း ဖြစ်စေဖို့အတွက် Optical zoomကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ အခြား Device များနှင့် ချိတ်ဆက်သုံးနိုင်ဖို့အတွက် HDMI Outputနဲ့ USB portများလည်း ပါ၀င်ပါတယ်။

အချက်အလက်သိမ်းဆည်းနိုင်မှု
ဓါတ်ပုံ၊ ဗွီဒီယိုများ သိမ်းဆည်းနိုင်ဖို့အတွက် SD, SDHC, SDXCကဲ့သို့သော Memory Cardများကို ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ထို့ပြင် ဓါတ်ပုံ၊ ဗွီဒီယိုများ အတွက် သိမ်းဆည်းနိုင်တဲ့ File Type များကတော့ RAW, JPG, RAW+JPG များပဲ ဖြစ်ပါတယ်။

ဘတ်ထရီအမျိုးအစား
ကြာရှည်စွာ အသုံးခံနိုင်ဖို့အတွက် Lithium Ion 7.2v, 1010mAh ဘတ်ထရီကို အသုံးပြုပေးထားတဲ့အတွက် ပုံ (၄၀၀)ကျော်ကို စိတ်ချလက်ချ ရိုက်ကူးနိုင်ပါတယ်။

အားသာချက်
သူရဲ့ အားသာချက်များကတော့ အကြမ်းခံနိုင်ဖို့အတွက် ကိုယ်ထည်ကို ကျစ်ကျစ်လစ်လစ်ဖြစ်အောင် ပြုလုပ်ပေးထားပြီး ဒီဇိုင်းပုံစံကလည်း ဆွဲဆောင်မှုရှိပါတယ်။ Full HD Videoများ ရိုက်ကူးပေးနိုင်ပြီး ဓါတ်ပုံများရိုက်ကူးရာတွင်လည်း Focus ဖြတ်တာ မြန်ဆန်တာ တွေ့ရပါတယ်။ ISO3200နှင့်အထက် အသုံးပြုနိုင်သည့်အတွက် Noiseများ မရှိသလောက်နည်းပါးပါတယ်။

အားနည်းချက်
အားနည်းချက်တစ်ခုကတော့ Image Stabilization မပါ၀င်ခြင်းပါပဲ။ Image Stabilization ဆိုတာကတော့ ဓါတ်ပုံများ ရိုက်ကူးတဲ့အခါ လက်တုန်ခါမှုကြောင့် ပုံရိပ် ဝါးခြင်းများကို ထိန်းညှိပေးနိုင်တဲ့ Feature တစ်ခု ဖြစ်ပါတယ်။

သုံးသပ်ချက်
Panasonic Lumix DMC-GX1ကို ဝါရင့်ဓါတ်ပုံဆရာများအတွက် ရည်ရွယ်ထုတ်လုပ်တဲ့ ပုံစံရှိပါတယ်။ Resolution မြင့်မားပြီး High Quality Videoများ ရိုက်ကူးပေးနိုင်တဲ့ ကင်မရာကောင်း တစ်လုံး ဖြစ်ပါတယ်။ ပုံစံ အရွယ်အစားက ကျစ်လစ်ပြီးတော့ ပေါးပေါ့ပါးပါး ကိုင်ဆောင်အသုံးပြုနိုင်တဲ့ ကင်မရာ အမျိုး အစား ဖြစ်ပါတယ်။

၀ယ်ယူနိုင်မည့်နေရာ
Panasonic Lumix DMC-GX1ကို ကျပ် ၆၃၀,၀၀၀ ဖြင့် ဗို်လ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းမပေါ်မှာရှိတဲ့ Panasonic Camera Showroom ဖုန်း ၀၁-၂၉၄-၅၆၅၊ ၀၁-၂၀၀-၅၅၇သို့ ဆက်သွယ်၀ယ်ယူနို်င်ကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *