Education, Lifestyle, News

ဗြိတိသျှကောင်စီ၏ အခမဲ့ online IELTS သင်တန်းသို့ စိတ်ဝင်စားသူတိုင်း တက်ရောက်နိုင်

Press Release from British Council

IELTS ဖြေဆိုရန် လေ့လာသင်ယူနေသူများနှင့် အင်္ဂလိပ်စာ လေ့လာလိုက်စားသော သူများအတွက် ရည်ရွယ်ထားပြီး စိတ်ဝင်စားသူတိုင်း တက်ရောက်နိုင်သောဗြိတိသျှကောင်စီ၏ အခမဲ့ online သင်တန်းတစ်ခုဖြစ်သည့် Understanding IELTS: Techniques for English Language Tests သင်တန်းအား တက်လိုပါက စာရင်းပေးနိုင်ပြီဖြစ်ကြောင်း သိရပါသည်။

မေလ ၁၁ ရက် (တနင်္လာနေ့) တွင်စမည့် ဤသင်တန်းသည် ရက်သတ္တပတ် ခြောက်ပတ် ကြာမြင့်မည်ဖြစ်ပြီး တစ်ပတ်လျှင် ၂ နာရီခန့် အချိန်ပေးရုံဖြင့် IELTS စာမေးပွဲ အကြောင်း၊ အမှတ်ပေးပုံစံ နှင့် စာမေးပွဲဖြေဆိုရန် ပြင်ဆင်လေ့လာနေသူများအတွက် အသုံးဝင်သော အကြံပေးချက်များကိုပါ လေ့လာသင်ယူနိုင်မည် ဖြစ်ပါသည်။ ဤသင်တန်းတွင် IELTS တွင် ဖြေဆိုရသော reading, writing, speaking နှင့် listening အပိုင်းတိုင်းအတွက် video သင်ခန်းစာများ ပါရှိမည်ဖြစ်ပြီး အတွေ့အကြုံရှိ IELTS နည်းပြဆရာများမှ အကြံပေး သင်ကြားပေးသွားမည်ဖြစ်ကာ တစ်ကမ္ဘာလုံးရှိ IELTS စာမေးပွဲအတွက် လေ့လာသင်ယူနေသူများနှင့်လည်း အတွေ့အကြုံများ ဖလှယ်နိုင်သည့် အခွင့်အရေးများပါ ရရှိနိုင်မည် ဖြစ်ပါသည်။ စိတ်ဝင်စားသူတိုင်း တက်ရောက်နိုင်သော်လည်း သင်ရိုးမှာ အင်္ဂလိပ်စာ intermediate level ရှိသည့် သင်တန်းသားများအတွက် ရေးသားပြုစုထားခြင်းဖြစ်သည်။

သင်တန်းတက်ရောက်ရန် http://tinyurl.com/understanding-ielts-mmသို့ သွားရောက် ကြိုတင်စာရင်းပေးရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးသောအခါတွင် IELTS စာမေးပွဲ စစ်ဆေးမှုပုံစံအား သေချာစွာ သိရှိနားလည်နိုင်ခြင်း၊ အသုံးဝင်သော tips နှင့် advice များအား သိရှိခြင်း၊ မိမိ ၏ writing နှင့်speaking အင်္ဂလိပ်စာ အရည်အချင်းအား အခြားသော သင်ယူလေ့လာနေသူများမှ အကဲဖြတ် ဝေဖန်အကြံပြုနိုင်ခြင်း အစရှိသော အကျိုးကျေးဇူးများအား ရရှိနိုင်မည် ဖြစ်ပါသည်။ ဤသင်တန်းနှင့်ပတ်သက်သော အကြောင်းအရာများအား ပိုမိုသိရှိလိုပါက ဦးဆောင်သင်ကြားပေးမည့် ဗြိတိသျှကောင်စီမှ ဆရာChris Cavey ၏ ဘလောဂ်စာမျက်နှာ https://about.futurelearn.com/blog/ielts-english-language-day တွင်
ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

FutureLearn ဝက်ဗ်ဆိုက်မှတစ်ဆင့် အခမဲ့ တက်ရောက်နိုင်သည့် ယခုသင်တန်းနှင့်ပတ်သက်ပြီး ထပ်မံသိရှိလိုပါက ဦးတင်မြင့် (Exams Operations Manager၊ ဗြိတိသျှကောင်စီ) – ဖုံး ၂၅၆၂၉၀၊၂၅၆၂၉၁ ၊ ၂၅၄၆၅၈အီးမေးလ် [email protected] သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။