News

Notebook Coolerနဲ့ O!play mini

Thermaltake Massive 14 X NB Cooler(CLN0023)

Thermaltakeမှ ထုတ်လုပ်တဲ့ Notebook Coolerအမျိုးအစား တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီNotebook Coolerကတော့ ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်လို့ရပြီး ဈေးနှုန်းကလည်း သက်သာပါတယ်။ Laptop Sizeကို ၁၀လက်မကနေပြီးတော့ ၁၅လက်မ ထိတင်လို့ရမှာ ဖြစ်ပါတယ်။ 14cmရှိတဲ့ Fanတစ်ခုပါရှိမှာ ဖြစ်ပြီး Metal Mesh Designနဲ့ ထုတ်လုပ်ထားတဲ့ Coolerပါ။ Thermaltake ရဲ့ Massive 14X NB Cooler ကိုဝယ်ယူချင်တယ်ဆိုရင်တော့ Golden Power Technologyရုံးနဲ့ ကွန်ပျူတာဆိုင်များမှာ10.5 USD ဖြင့်ဝယ်ယူရရှိနိုင်ပါကြောင်း အသိပေးအကြောင်းကြား အပ်ပါတယ်။

PH : 01-226664, 215815, 215811

ASUS O!Play Mini

မိမိအိမ်တွင် TV (Or) LED Smart TV ရှိရုံဖြင့် Full HD Video & Photo, 7.1 channel music တို့ကိုခံစားကြည့်ရှုနိုင်မည့် ASUS မှထုတ်လုပ်လိုက်သော O!play miniဖြင် ့မိတ်ဆက်ပေးပါရစေ။ ရုပ်ရှင်တွေ သီချင်းတွေကို DVD playerဖြင့် တစ်ခွေချင်းထည့်ပြီး Runမယ်ဆို မိမိအတွက်ပိုပြီး အလုပ်ရှုပ်စေမှာပါ။ ထိုသို့အလုပ်မရှုပ်ရအောင် USB devices (Memory stick, External Hard Drive, SD card, etc) တွေကို O!Play mini ဖြင့်တွဲပြီး run မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေမှာ ဖြစ်ပါတယ်။

ASUS O!Play Mini သည် Full HD Movie များကို ရုပ်ထွက်ကောင်းကောင်းဖြင့် ကြည့်ရှုနိုင်ပြီး Most popular Media Format များအားလုံးကိုထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာမှာလဲ စွမ်းဆောင်ရည်အကောင်းဆုံးပေးစွမ်းနိုင်သော 7.1 channel systemပါရှိပါတယ်။ အလွယ်တကူ အသုံးပြုနိုင်အောင် Menu(Database Manager system) ကိုအသုံးပြုထားပြီး High quality photo များကြည့်ရှုနိုင်သော 4 in 1 Card Readerလည်း ပါရှိမှာဖြစ်ပါတယ်။

Input အနေနဲ့ HDMI port တစ်ခုပါရှိသည့်အတွက် Monitor (or) Smart TV တို့ဖြင့်အလွယ်တကူတပ်ဆင်လို့ရမှာဖြစ်ပါတယ်။ Brand ကောင်းကောင်းအရည်အသွေးမြင့်မြင့် ကိုမှသုံးချင်သူတွေ အတွက်ကတော့ ASUS O!play miniက အကောင်းဆုံးထဲကတစ်ခုပါပဲ။ O!play mini ကိုမှာယူချင်တယ်ဆိုရင်တော့ Golden Powerရုံးနဲ့ ကွန်ပျူတာဆိုင်များမှာ $78 USDဖြင့် ဝယ်ယူရရှိနိုင်ပြီး Warranty 1year သတ်မှတ်ပေးထားကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

PH : 226664, 215815, 215811

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *